Tuesday, December 16, 2008

မခင်ဦးမေသို့ ပေးစာ

မမရှင့်၊
တကူးတက ပို့စ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျမကို နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မမဆီက Comments ကိုကြည့်ပြီး ကျမကို မုန်းတဲ့လူတော်တော်များများရှိမှန်း ကျမ သိသွားပြီ။ ဒါပေမယ့် အဲဒီထဲက ခြောက်ယောက်က Burglish ပို့စ်မှာတုန်းက ကျမဆီ Comment လာရေးပြီး နောက်ဆုံးတောင်းပန်၊ မရတော့ ရန်စောင်နေကြတဲ့ လူလေးယောက်ပါတယ်ရှင့်။ တစ်ယောက်ကတော့ Gtalk မှာနှမချင်းကိုယ်ချင်းမစာပြောပြီးမှ မသိချင်ယောင်ဆောင်နေပေမယ့် ကျမက ရန်မဖြစ်ချင်တော့လို့ ဒီတိုင်းထားပေးထားတဲ့လူတစ်ယောက်ရှင့်။ နောက်တစ်ယောက်ကတော့ ကိုယ့်ကို ကိုယ်မှအကောင်းထင်ပြီး ဘုရားမကြောက်၊ နတ်မကြောက်တဲ့ကိစ္စတစ်ခုကို လုပ်ဖူး
ပြီး ကျမအနေနဲ့ ဘယ်လိုမှ မိတ်ဆွေမတော်နိုင်တော့တဲ့တစ်ယောက်ရှင့်။ သူတို့အားလုံးပဲ ကျမကို မုန်းကြမှာ ကျမသိပါတယ်။

အမှန်တရားကို နတ်စောင့်ပါတယ်။ ဘယ်သူတွေဟာ ဘာစိတ်နဲ့ ဘာစာတွေကို ရေးနေလည်းဆိုတာကို ဘုရားနဲ့ မိမိကိုယ်တိုင်သိမှာပါ။ ကျမကတော့ လုပ်သင့်တာကို လုပ်ပါတော့မယ်။ ပို့စ်တစ်ခုအနေနဲ့ ရေးပေးခဲ့တဲ့ မမကို ကျေးဇူးအရမ်းတင်ပါတယ်။ အမတစ်ယောက်လိုလည်းသဘောထားပါတယ်။ မမရဲ့စေတနာကို လေးစားပေမယ့် လက်ရှိအခြေအနေအတိုင်းဆိုရင် Blog ပိတ်ပစ်ဖို့ (90)%သေချာနေပါတယ်။

မမအပြင် ကျမကို လာအားပေးတဲ့၊ ကျမကိုချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို အားနာ၊ချစ်ခင်၊ လေးစားပေမယ့် လက်ရှိအခြေအနေကို ကျမ မခံစားနိုင်တော့ဘူး။

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

PAUK said...

စိတ်မတိုပါနဲ့လေ..
ဥပေက္ခာပြုကြည့်ပေါ့..
(ပထမဆုံးလာဖူးတာပါ..
မမကပို့အဖြစ်တင်ထားလို့)
အရာရာ...အေးချမ်းပါစေ...
အချိန်ရရင် ကျနော့ဆီလာလည်ပါနော့..

ညီအကိုများ said...

ဒါမျိုးတွေကဖြစ်တတ်ပါတယ်။ သူတို့ပြောသမျှစိတ်ဆိုးနေရင်
သူတို့လိုချင်တဲ့အကွက်ထဲဝင်သွားမှာပေါ့..အဲလိုတော့မဖြစ်စေနဲ့..
သူငယ်ချင်း ဘလော့ဂါတစ်ယောက်ရဲ့ အခက်အခဲတစ်ခုလို့
ဂုဏ်ယူစွာနဲ့မှတ်ထင်ထားလိုက်.. အသေးအမွှားလေးတွေပါ..
မဟုတ်ဘူးလား...ဘာအကြောင်းကြောင်းနဲ့မှဘလော့မပိတ်လိုက်ပါ
နဲ့...

လေးစားခင်မင်လျက်
မိုးကြယ်

Dr Phyo Wai Kyaw said...

ဘလော့ဂါ တစ်ယောက်ဆုံးရှူံးသွားဖို့ သိပ်လွယ်ပေမဲ့
ပေါက်ပွားလာဖို့ဆိုတာ အများကြီးရင်းနှီးထားခဲ့ရတယ် မဟုတ်လား......

အိပ်ရေးပျက်ခံ.. စိတ်ညစ်ခံပြီး အားတင်းလုပ်နေရတာကိုတော့.. ငါတို့ ကိုယ်တွေ့ပဲ.. သိပ်အခက်အခဲ မရှိသေးတဲ့ ငါတို့လိုလူတွေ တောင်မှ လက်လျှော့တော့မယ်ကြံတာ အခါခါပဲ..

...ကိုယ်ပေးချင်တဲ့ စေတနာတွေကို ပြန်လည်တုံ့ ပြန်ချင်မှ တုံ့ပြန်မယ်..

အမှားတွေကိုတော့ အလွယ်တကူရှာတွေ့မယ်...ဒီလိုမဟုတ်လား..

ဒီအချိန်မှာ လိုအပ်နေတာက မှန်မှားရှာဖွေမှုထက် နားလည်သိတတ်ကိုယ်ချင်းစာမှုလို့ပဲ ထင်မြင်ယူဆတယ်..

စကားလုံးတွေဟာ ဥပဒေစာအုပ်ထဲကလိုတော့ ဘယ်တိကျနိုင်ပါ့မလဲလေ..

စာရေးသူရဲ့ ရင်ဘတ်ကိုချောင်းကြည့်နိုင်ရင် သူ့ရဲ့ ခံစားမှုကို မြင်နေရတာပဲ..

ကြေကွဲစွာနဲ့ လက်ပြထွက်ခွာတာမျိုးကို ဘယ်သူက လိုလားမလဲ..

အဲလို ထွက်သွားတာကို ဘယ်သူက နှစ်သက်မလဲ..

ငါ့အထင်တော့ ဘယ်သူကမှ နှစ်သက်နိုင်မယ် မထင်ပါဘူး.. နှစ်သက်တယ် ထင်ရင်လည်း ခဏမိုလို့ပါ..
ရေရှည်မှာ နောင်တ ရနေရမဲ့ အကုသိုလ်စိတ်ကလေးကို ဘယ်သူ့ ဘယ်သူကမှ နှစ်သက် မယ်မထင်ပါဘူး..

ဆုံးရှူံးအောင် ရက်စက်စွာ ပြုကျင့်မဲ့သူတွေထက် ဖေးမမဲ့သူတွေပဲ များများလာပါလိမ့်မယ်လို့..
ထင်တာပါပဲ...

ကိုမိုးကြယ်ပြောသလိုပဲ.. ဘာအကြောင်းကြောင့်မှ..
ဘလော့မပိတ်လိုက်ပါနဲ့..လို့ကြိုမှာထားတယ်...

ခင်မင်လျက်..

khin oo may said...

ဘလော့ပိတ်စရာမလိုပါဘူး ညီမ. အစကတည်းက အစ်မတို့ တွေက ရေးချင်လို့ရေးကြတာပါ။ သူတီု့ လာချင်လာ။မလာချင်နေ။ ရေးမှာပါဘဲ ။ နဲနဲလာရင်စိတ်မကောင်းဘူး။ အော် ငါရေးတာ မကောင်းဘူးထင်တယ်။ ဘယ်သူမှ လာမ ဖတ်ကြဘူး လို့ထင်တယ်။ လာပြီး ဘာမှ မရေးဘဲ ပြန်သွားတော့လဲ ခံစားရတယ်။

အဲဒီတော့ခံစားမှူတွေကို လျော့ချြ့ပီး ကိုယ့်ဘာသာ ကိုယ် ဆက်လက် ရေးသွားဘို့ဘဲရှိတယ်။ ဘလော့တစ်ခု ဖြစ်လာဖို့ မလွယ်ပါဘူး။ အောင်မြင်တဲ့ဘလော့ဖြစ်ဘို့လဲ မလွယ်ဘူး။

စိတ်လျော့ပါညီမ။ မေတ္တာ သာထားပါ။ ကိုယ်လုပ်စရာ ရှိတာ ကို သာ ဆက် လုပ်ပါ။ဘယ်သူဘြာေ့ပာပြော။ သူမကျေနပ်ရင် သူမလာရုံ့ပါ။ လူတိုင်းကကိုယ့်ကို ချစ်မယ် လို့မျော်လင့်လို့မရသလို လူတိုင်းကလည်းကိုယ့်ကို မမုန်းပါဘူး။

ဘယ်အကြောင်းနဲ့မှ ပိတ်စရာမလိုပါ။ မိမိလမ်းကိုသာ မိမိဆက်လျောက်ပါ။

တက်လူငယ် said...

ဖြစ်လာတဲ့ အခြေအနေကို ဒီလို ဖြေရှင်းဖို့မလိုပါဘူး။
ကိုယ်က အရှုံးပေးရင် နှလုံးအေးတယ်ဆိုပေမယ့်...
လွယ်လွယ်ခေါင်းမငုံ့ရပါဘူး။
ကိုယ့်ဘက်မှာ အမှန်တရားဆိုတဲ့ ရပ်တည်ချက် ခိုင်ခိုင်မာမာရှိနေသေးရင် ဆက်လက်ရှင်သန်နိုင်ရဦးပါမယ်။
ဒီအမှန်တရားအတွက် လာပြီးအားပေးနေသူတွေလဲ ရှိနေတာပဲ။
အခုဆို စီဘောက်မှာ ပြောတဲ့သွားတဲ့သူက ရီတောင်နေလောက်ပြီ။
စဉ်းစားပေါ့။

Anonymous said...

ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက်ပါကွယ် ...
Blog မပိတ်ပါနဲ့ ... ညီမရေ ... ။

ခင်မင်စွာဖြင့်

မိုးပြေး said...

ကျွန်တော် နည်းနည်းလောက်တော့ မေတ္တာရပ်ခံ ချင်ပါတယ် ခင်ဗျာ။
ကျွန်တော်တို့ တွေမှာလည်း ကိုယ်ပိုင် စိတ်ခံစားမှုဆိုတာ ရှိပါတယ်။
ကိုယ်ပိုင်အတွေးအခေါ်တွေ လည်းရှိကြမှာပါ၊ မိန်းကလေးနဲ့ ယောင်္ကျာလေး
စိတ်ခံစားမှုတော့ နည်းနည်းကွဲပြားမယ်လို့ ကျွန်တော်ထင်ပါတယ်။(ကျွန်တော့်အမြင်)
သူစာရေးရတယ် ဆိုတာကလည်း အခက်အခဲတွေ အများကြီးရှိတယ် ဆိုတာ သူရေးတဲ့
စာတွေထဲမှာ ပါနေကျပါပဲ။အချိန်မရှိတာရယ်၊ မြန်မာစာ ရိုက်တဲ့ အခက်အခဲတွေဟာ
သူခံစားနေရတာပါ။ ဒါဆို မအားတာပဲ အပင်ပန်းခံပြီး စာမရေးနဲ့ ပေါ့လို့ ပြောလို့ ရပါတယ်၊
ဒါကျွန်တော်တို့ အပိုင်းမဟုတ်ပါဘူး။ ဘယ်သူမဆိုတော့ဗျာ ကိုယ်ရေးတဲ့ စာကိုတော့ အသိမှတ်ပြု
တာကို ခံချင်မှာပါ။ စာဖတ်သူတွေရဲ့ စကားသံဟာ စာရေးသားသူတွေ အတွက်တော့ တကယ်ကို
တန်ဖိုးဖြတ်လို့ မရတဲ့ဟာတွေပါ။ သူရေးတဲ့ စာတွေက ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်မှတ်တမ်း
တွေဆိုတာ သိကြမှာပါ။ ကိုယ်ရေးတဲ့ စာ၊အတွးအခေါ်၊ဗဟုသုတတွေကို သူက အသိအမှတ်ပြုစေချင်
တာပါဗျာ။အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို ပေးကြပါဗျာ.။မိန်းကလေး တစ်ယောက်ကို တိုက်ခိုက်
တဲ့ဝေဖန်တာတွေကိုတော့ မလုပ်ပါနဲ့ ခင်ဗျာ။အများနဲ့ တစ်ယောက်ဆိုပြီးလည်း သဘောမထားစေချင်ပါဘူး။
အားလုံးက ခင်ခင်မင်မင်နဲ့ ကိုယ်ဆန္ဒတွေကို ဖော်ထုတ်နေကြတာပဲလေ။ကျွန်တော်က ဒီဘလော့က
စာဖတ်သူသက်သက်ပါဗျာ။ ဂျပန်မလေး နင်လည်း ကျောင်းစာပြီးရင် ဘလော့ဆက်ရေးပေါ့ဟာ။
ဘ၀မှာ ဖြစ်သင့်တာတွေကို ဦးစားပေးလိုက်ပါ။ပြီးရင်တော့ နင်ဖြစ်ချင်တာကို လုပ်ပါ။
ပြောမှားဆိုမှားရှိလျှင် ကျွန်တော့်ကိုပဲ ဝေဖန်ပါခင်ဗျာ။ မိန်းကလေးဖြစ်တဲ့ သူက ဒီလောက်ခံနိုင်ရည်မရှိနိုင်လောက်ဘူးလေ။
တစ်ချို့ Cbox မှာဆိုရင် စာရေးသွားတာတွေက မိန်းကလေး တစ်ယောက်ကို မရေးသင့်တာတွေပါပါတယ်။
ကျွန်တော်တို့ တွေ လဲနေရင်ထူပေးဆိုတဲ့ စကားအတိုင်း ကိုယ့်ညီမလို သဘောထားပေးပါလို့  မေတ္တာရပ်ခံပါတယ် ခင်ဗျာ။

တားမြစ် ထားသော... said...

ကဲ။ သူများတွေပြောတာလည်း များနေပါပြီ။ တစ်ခုပဲ ဝင်ပြောတော့မယ်။
ဘလော့ဂ်မပိတ်ပါနဲ့။ ဦးတည်ရာမတူသူတွေက နောက်တော့ တစ်နေရာစီပဲလေ။ လျှောက်လမ်းမှ မတူပဲ။ ခဏ တစ်ကွေ့ဆုံနေတုန်းမှာ စိတ်ဓါတ်ရေးရာ ပြည့်ဝပြီး အခက်အခဲကို ကျော်သွားမယ် မဟုတ်လား၊ မိမယ်ဂု။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

puluque said...

ဂူးဂူးေ၇..
ကျတော်ကလည်း ဘလော့လေးမပိတ်ဖို့တောင်ပန်ပါတယ်။ ဒီဘလော့လေးတွေဆိုတာ ကျတော်တို့ ဖန်တီးထားတဲ့ အသွေးအသားတွေ၊ သားသမီးတွေလေ။ ဘာဖြစ်လို့ ကိုယ့်သားသမီးတွေကို ပြန်သတ်ပစ်မှာလဲ။ မကောင်းတဲ့ သူဟာ မကောင်းတဲ့လမ်းကို သွားမယ်။ ကောင်းတဲ့လူဟာ ကောင်းကျိုးခံစားရမယ်။ သူတို့ကို ဂရုစိုက်မနေပါနဲ့…ခွေးဟောင်တိုင်း အိပ်ရာထကြည့်ရင် အိပ်ရေးပျက်တယ်….သူတို့ကို ဂရုဏာပြုံးနဲ့ ကြည့်လိုက်ပါလား ဂူးဂူးရေ…

Unknown said...

ညီမ..
စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာပါစေ။ လောကသဘောကို သိရင် ကျေနပ်စရာကောင်းပါတယ်။ မသိရင်တော့လဲ အားလုံးက အပြစ်တွေပဲဖြစ်နေကြ ဦးမှာပါပဲ။ လူတွေအားလုံး တယောက်အပေါ် တယောက်က နားလည်မှု၊ လေးစားမှု တွေရှိမယ်ဆိုရင် ဒေါသတွေ၊ မာနတွေဖြစ်စရာ မရှိပါဘူး။ အဓိက ကိုယ့်ရဲ့ စိတ်ကြည်လင်ဖို့ပဲလေ။
ပုထုဇဉ်လူသားတွေ ဖြစ်တဲ့ အတွက် ဘယ်သူမှ အမှားမကင်းဘူး ဆိုတာ နားလည်ပေးပါ။ ငါတို့တွေရဲ့ ရှည်လွန်းလှတဲ့ သံသရာခရီးမှာ အမျိုး မတော်ခဲ့ဖူးတာ ဆိုလို့ မရှိတော့ပါဘူး။ ဒီတော့ ကိုယ့်ရဲ့ မောင်နှမ တွေပဲ၊ မသိလို့ပြောကြတာပါလား ဆိုတဲ့ စိတ်ကလေး နဲ့ နေလိုက်ပါ ညီမ။ စိတ်ချမ်းသာလာမှာပါ။ ဘယ်နေရာမဆို အကောင်းအဆိုး ဆိုတာရှိတာပါပဲ။ ကဲ့ရဲ့၊ ချီးမွမ်း၊ ဆိုတာတွေက လောကဓံ တရားတွေပါပဲ။ ဒါတွေက လောကမှာ ရှိနေကြမှာ။ ဒီသဘောလေးကို နားလည်တတ်ပေးလိုက်ပါ ညီမ။ နတ္တိလောကေ အနိန္ဒိတော.. တဲ့.. လောကမှာ အကဲ့ရဲ့လွတ်သောသူ မရှိပါဘူး။ မုန်တိုင်းပြီးရင် လေပြေအေး လာစမြဲပါ။ ဒီတော့ ရှေ့ဆက်ပြီးတော့ ကိုယ်စိတ်ချမ်းသလို ဆက်လက်ရေးသားပါ။

ချမ်းသာကိုယ်စိတ် မြဲပါစေ..

Anonymous said...

မယ်ဘုရေ ဘလော့ဆိုတာကို ကျနော်သနားလည်သလောက်
ပြောရရင် ကိုယ်ရေးချင်တာ၊ပြောပြချင်တာတွေ အတွက်ပါဗျာ။
ဘယ်သူဆီမှာမှခွင့်တောင်းစရာမလိုဘူး၊ ဘယ်သူမှလဲ ဂရုစိုက်စရာမလိုဘူးဗျ။ ဆက်ရေးပါဗျ။အဲဒီလို အချုပ်အချယ် မခံ
ချင်လို့လဲ ဘလော့ရေးနေကြတာမဟုတ်လားဗျ။
ဆိုတော့ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး ခွေးဟောင်တိုင်းလဲ ထမကြည့်နဲ့ ကိုယ်အိပ်ရေးပျက်ရုံပဲရှိမယ်။သိတဲ့အတိုင်းပဲလေ ခွေး
ဆိုတာ မဲမဲမြင်ဟောင်တတ်တာ အကျင့်ပါနေတာကိုးဗျ။

Unknown said...

ဒီလိုပါဘဲ...
အရာအားလုံးဟာ....
ကြာသွားရင်တော့....
အရောင်တွေပြောင်ပြီး...
အိမ်မက်တွေဘဲဖြစ်သွားမှာပါ....

ဒီလိုပါဘဲ...
အရာအားလုံးဟာ....
ကြာသွားရင်တော့....

အမုန်းတွေက...
အရောင်တွေလွင့်...
အရှုံးတွေက...
အရောင်တွေလွင့်...

ဒီလိုပါဘဲ...
အရာအားလုံးဟာ....
ကြာသွားတော့လည်း...
အရောင်တွေလွင့်...
အ....ရောင်....တွေ....လွင့်....

 

Design By:
SkinCorner