Friday, January 16, 2009

ဒီလိုနည်းနဲ့ ရေးပါသည်။

ဘလော့စရေးတုန်းက အချိန်တွေတုန်းကပေါ့။ ဂျပန်လို ဘလော့ကို ကျောင်းကသင်ပေးလို့ လွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်ကတည်းက လုပ်တတ်ပေမယ့် မြန်မာဘလော့တော့ မလုပ်ခဲ့ဘူးပါ။ လုပ်မယ်လို့ ရည်ရွယ်ချက်လည်း မရှိခဲ့တော့ ဖတ်ပဲ ဖတ်ခဲ့မိတယ်။ လွန်ခဲ့တဲ့ (8)လနီးပါးလောက်ရောက်လာတော့မှပဲ မထင်မှတ်ပဲ ကိုယ်ပိုင်ဘလော့လုပ်ဖြစ်ခဲ့တယ်သိလား။ စစချင်းလုပ်တာဆိုတော့ နားမလည်တာတွေက များမှများ။ အခက်ဆုံးက မြန်မာဖွန့်ထည့်တာပဲ။ ကျန်တာတော်တော်များများက ဂျပန်ဘလော့လုပ်ဘူးတော့ နားလည်တယ်။ ဟိ ဟိ၊ မြန်မာဖွန့်ကတော့ လုပ်တတ်ဘူး။ အဲဒါနဲ့ သူများကိုပဲ အားကိုးပစ်လိုက်တယ် ပြီးရော။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား ၊နာလည်း လုပ်တတ်ဘူး စသဖြင့် သူငယ်ချင်းကို ခိုင်းလည်း ခိုင်းသေး ၊ ဆရာလည်း လုပ်ရင်းနဲ့ပဲ ဘလော့လေးက အသက်ဝင်လာခဲ့တယ်။ :z

အသက်သာ ဝင်လာတာ ရှင်သန်ဖို့ကြ တော်တော်ကြိုးစားယူခဲ့ရတယ်သိလား။ ဘာလို့လည်းဆိုတော့ မြန်မာဖွန့် မရိုက်တတ်ဘူးလေ။ "ကကြီးက U "ဆိုတာ သိရုံလောက်ကလွဲရင် မြန်မာဖွန့်ကို မရိုက်တတ်ဘူး။ :p မြန်မာဖွန့်မရိုက်တတ်ဘဲနဲ့ မြန်မာဘလော့ရေးတာ တော်တော်တော့ အူကြောင်ကြောင်နိုင်တယ်နော်။ ;)

ဘလော့စလုပ်တုန်းက မြန်မာဘလော့လုပ်မယ်လို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ သူငယ်ချင်းက လုပ်တော့ ကျမလည်း လိုက်လုပ်ချင်တာနဲ့ လုပ်ခဲ့တာလေ။ :z ကိုယ့်အခြေအနေကိုယ် သိတော့ မြန်မာဘလော့လုပ်ဖို့ကို တော်တော်စဉ်းစားခဲ့တယ်။ :d ဘလော့တော့ ရေးမယ်။ မြန်မာလိုတော့ ဖြစ်ချင်မှဖြစ်မယ်။ လို့ ဆုံးဖြတ်ခဲ့တယ်။ :z အဲလို အချိန်မှာ သူငယ်ချင်းက ပြောလာပါတယ်။ နင်ပြော၊ နာရေးပေးမယ်..........တဲ့။ မဆိုးဘူး။ သူ့အကြံကောင်းတယ်ဆိုပြီး ဝမ်းသာအားရ လက်ခံလိုက်တယ်။ :z

စစချင်း ရေးခဲ့တဲ့ ပို့စ်တွေဟာ ကျမပြောပြီး သူငယ်ချင်းတွေ ရေးပေးခဲ့တဲ့ ပို့စ်တွေပါ။ အစကတော့ တစ်ယောက်တည်း ဒိုင်ခံ ရေးပေးခဲ့တာပါ။ တစ်ဖြည်းဖြည်းနဲ့ ဘလော့ကတစ်ဆင့် သူငယ်ချင်းတွေ အများကြီးရခဲ့တယ်လေ။ :z သူတို့ အကုန်လုံးသိတယ်။ မြန်မာဖွန့်မရိုက်တတ်ဘဲ မြန်မာလို ပို့စ်တွေကို တစ်နေ့တစ်ပုဒ် ရေးတာကို။ အဲဒါနဲ့ တစ်ယောက်မအားရင် တစ်ယောက်က ရေးပေးပါတယ်။ ဒီလိုနဲ့ပဲ ဘလော့သက်တမ်းလည်း တစ်လနီးပါးလောက်ရှိလာတယ်သိလား။

ဘလော့ရင်းနဲ့ ဟိုလည်ဒီပတ်လုပ်လိုက်တာ http://burglish.googlepages.com/testarea.htm ဆိုတဲ့ website ကြီးရှာတွေ့ပါလေရော။ ပျော်လိုက်တာ :z အရမ်းကို ပျော်လိုက်တာ။ :zစောစော ရှာတွေ့ခဲ့ရမှာ။ အခုမှ.... အခုမှ...... ပဲ တွေ့တော့တယ်ဆိုပြီး ဟိုလူလိုက်ကြွား၊ ဒီလူလိုက်ကြွားလုပ်တော့ အဲဒီအစုတ်ပလုပ် အကောင်းစားသူငယ်ချင်းတွေက "နာသိတယ်။" " သိသားပဲ။" " အခုမှ သိသလား" စသဖြင့် ကောင်းချီးဩဘာပေးကြတယ်။ ဟင့် ဟင့်၊ ကျမက အခုမှ သိတာကိုး။ သူတို့က သိရဲ့သားနဲ့ တစ်ယောက်မှ ပြောကြဘူး။ ဟင့် ဟင့်။ ကျမမှာတော့ အားနာလိုက်ရတာ၊ သူတို့ခမျာ ကိုယ့်ဘလော့အတွက်လည်း ရေးရသေး၊ ကျမဘလော့အတွက်လည်း ကူရိုက်ပေးရသေးဆိုပြီး။ :c

ဟွန်း၊ ဘယ်ရမလဲ။ ဒီ http://burglish.googlepages.com/testarea.htm ကြီးတစ်ခုလုံး ရှိနေမှတော့ ကိုယ့်အားကိုယ်ပဲ ကိုးတော့တာပေါ့နော်။ ကိုယ့်ဟာကို ရေးကြည့်တာ။ စိတ်ဝင်စားဖို့ ကောင်းတယ်သိလား။ ရေးရင်း ရေးရင်းနဲ့ ဈာန်ဝင်လာတယ်။ ဒီလိုနဲ့ http://burglish.googlepages.com/testarea.htm နဲ့ပဲ ရေးဖြစ်တော့တယ်။ တီထွင်ပေးတဲ့လူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဦးနှောက်အရမ်းကောင်းလို့ ချီးလည်း ချီးကြူးပါတယ်။

တစ်ကယ်တော့ မြန်မာတစ်ယောက်ဖြစ်ပြီး မြန်မာလက်ကွက် မရိုက်တတ်တာ သိပ်တော့မကောင်းဘူးပေါ့နော်။ မြန်မာလို ရိုက်တတ်အောင် ကြိုးစားသင့်ပါတယ်။ တစ်ပတ်လောက်ဆို ကောင်းကောင်းရေးတတ်ပြီလို့ သင်ပေးမယ့် သူငယ်ချင်းက ပြောပါတယ်။ သင်မယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ခေါင်းတော်တော်မာတဲ့ ကျမက ကိုယ့်အယူအဆကို မပြင်ချင်ဘူးလေ။ :p ဂျပန် Romaji လိုမျိုး လက်ကွက်တူတဲ့ ဘားဂလစ်က ကျမအတွက် ရိုက်ရတာ အရမ်းအဆင်ပြေအသုံးဝင်လို့ပါ။ :z


ဂျပန် ကီးဘုတ်မှာ ဂျပန်လက်ကွက်နဲ့ရိုက်လို့ရသလို Romaji နဲ့အသံထွက်ကိုပေါင်းပြီး ရိုက်လို့လည်းရပါတယ်။ (ဥပမာ၊ ”ち”ကို ရိုက်ချင်တယ်ဆိုပါစို့။ ကီးဘုတ်မှာပါတဲ့ A ကို နှိပ်လို့ ရသလို Romaji နဲ့ chi လို့ ရိုက်ရင်လည်း ရပါတယ်။ ဂျပန်က ခန်းဂျီးတွေရှိတဲ့အပြင် ကိုယ်ပိုင်စာလုံးလို့ ပြောတဲ့ ဟိရဂန၊ ခတခနလို့ ခေါ်တဲ့ မွေးစားစကားလုံးတွေလည်း ရှိလို့ လက်ကွက်အတိုင်းရိုက်တာထက် Romaji နဲ့ ရိုက်တာက ပိုအဆင်ပြေပါတယ်။ ဂျပန်စာရိုက်တတ်တဲ့လူတော်တော်များများက လက်ကွက်ထက် Romaji နဲ့ ရိုက်တာကို ပိုပြီးအသုံးပြုပါတယ်။

ကျမလည်း အဲဒီ ဓလေ့မှာ နေသားကျနေတော့ Romaji နဲ့ပဲ စာရိုက်ပါတယ်။ ဆိုင်မဆိုင်တော့မသိဘူး။ Romaji နဲ့ သဘောသဘာဝချင်း ဆင်ဆင်တူတဲ့ Burglish ကိုလည်း နှစ်သက်ပါတယ်။ ဒီတော့ Burglish website နဲ့ပဲ မြန်မာစာရိုက်ဖြစ်နေပါတယ်။ ဒီအတိုင်းဆက်သွားရင် မြန်မာလက်ကွက်ကတော့ ဒီတစ်သက်မှတ်မိမယ်မထင်။ :p

ဒီပို့စ်နဲ့ နည်းနည်းသက်ဆိုင်နေတဲ့ Burglishလေးကိုလည်း အချိန်ရရင်ဖတ်ကြည့်ပါရှင်။


ပုံကို http://www.microsoft.com/japan/presspass/pressroom/images/051104_ComfortCurveKeyboard2000.jpg မှ ရယူသည်။

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Dr Phyo Wai Kyaw said...

မလေးရှားက တစ်ချို့မိတ်ဆွေတွေလည်း
အဲလိုပဲရေးရတယ်...။
ကိုယ်အဆင်ပြေသလိုပေါ့
....
အစုတ်ပလုတ်
ဒေါ်ဂုစုတ်
မုန့်ကျွေးဖို့ပြင်ထားပါ။
...
(ဘာမှလည်းဆိုင်ဘူး :P :P :P )

စိုင်းစိုင်းလားရှိုး said...

ရေးတတ်သလိုသာရေး တန်ဖိုးရှိတဲ့ စာထွက်လာဖို့ပဲ အရေးကြီးတာလေ ။ အောင်မြင်မှုကို ဂုဏ်ပြုပါတယ်။

khin oo may said...

ရောက်စ

ပျံသန်းခြင်းရပ်ဝန်း said...

လာလည်သွားပါတယ်ဂုမိရေ.....

Anonymous said...

ဘာ၈လစ်ရှ်ကို အရင်ထဲက မေ၇းတာဗျ
သူကရေးရင် ပိုရှုပ်တယ်ထင်လို့ အတော်လဲ
ကြိုးစားဖတ်၇တယ်ဗျ နားမလည်လို့ အဲဒီတော့
သုံးကိုမသုံးတာအေးရော

မြတ်သွယ် said...

နားတော့လည်ဘူး
မမမယ်ဂုသူငယ်ချင်းတွေက အားကိုးရတယ်နော်
ကံကောင်းတယ်
မမမယ်ဂု စာဘယ်လိုရိုက်လဲကို ဖတ်သွားပါတယ် :)

Anonymous said...

မြန်မာစာကို မြန်မာလက်ကွက်နဲ့ပဲ ရေးတာ ကောင်းပါတယ်ဟာ .. နက်မရတဲ့ နေရာမှာများ မြန်မာစာရေးဖို့ ကြုံလာရင် ဘယ်လိုလုပ်မတုန်း မယ်ဂုရဲ့ ..
ဘာပဲ ဖြစ်ဖြစ် အဆင်ပြေနေရင်တော့ ကောင်းပါ၏ ပေါ့ ဗျာ :P

 

Design By:
SkinCorner