Thursday, April 2, 2009

မွေးနေ့မှာ ပျော်ရွှင်ပါစေ အပိုင်....................

မွေးနေ့မှာ ပျော်ရွှင်ပါစေ အပိုင်။







ဘာလိုလိုနဲ့ သူတောင် အသက်နှစ်ဆယ်ပြည့်သွားပြီသိလား။ ကျမမျက်စိထဲမှာတော့ ကလေးလေးလို့ ထင်နေတုန်းပဲ။သူက အငယ်ဆုံး မလို့လားတော့မသိဘူး။ ဘယ်လိုမှကို လူကြီးလို့ မမြင်မိတာ အမှန်ပဲ။ ဟ ဟား၊ တကယ်ဆို ကျမမောင်လေးက ကျမထက် အသက်သာငယ်တာ။ အရပ်ကြီးက အရှည်ကြီးဆိုတော့ သူနဲ့တွဲသွားရင် ဘယ်သူအကြီး၊ ဘယ်သူအငယ်မှန်း မသိသာလောက်အောင်ပါ။ ဟိုတစ်ခါ ပြန်သွားတုန်းက မသိတဲ့လူတွေက မေးရင် သူ့ကိုယ်သူ အကြီးဆိုပြီး ပြောတတ်သေး။ ရယ်လည်း ရယ်ရတယ်။ မောင်လေးတွေက အဲလိုပဲလားမသိဘူးနော်။ အကြီးကလည်း ဖြစ်ချင်သေး။ သူကလူကြီးလည်း ဆန်တော့ သူများတွေ ထင်မယ်ဆိုလည်း ထင်စရာ။ အေးလိုက်တာလည်း အလွန်။ တစ်နေ့နေလို့ စကားတစ်ခွန်းတောင် မပြောဘူးလေ။ အအေးလွန်လွန်းလို့ ကင်း(KING)တောင် မဖြစ်ရှာ။ ဟ ဟား၊ မရယ်လို့တဲ့..............လေ ကင်း(KING)မပေးကြဘူး။ ကျမကတော့ ဝမ်းတောင် သာသေး။ ဟိဟိ၊ ကင်းဖြစ်တော့ ဘာလုပ်ရမှာလဲနော်။ အခုတောင် အမနှစ်ယောက်ရှိတဲ့ကြားက ဟိုက ဖုန်းလာ၊ ဒီက ဖုန်းလာနဲ့။ ပြောမပြောချင်ပေါင်။ ကျမကလည်း ညီမထက် မောင်ကို ပိုချစ်တော့ ခက်ပါ့။ အခုတောင် အဝေးရောက်နေတော့ တော်တော့တယ်။ ဒီတိုင်းဆို ဥစ္စာခြောက်နေရဦးမယ်။

မောင်လေးကတော့ လိမ္မာပါတယ်။ အမ မကြိုက်တာ မလုပ်ရှာဘူး။ ကျမကိုလည်း တော်တော်ချစ်တယ်။ ဂျပန်ရောက်ခါစက အထီးကျန်လွန်းလို့ ငိုတိုင်း သူက စာရေးပြီး အားပေးလေ့ရှိတယ်။ ဆိုင်ကယ်မှောက်လို့ ညာဘက်လက် မလှုပ်ရှားနိုင်တုန်းကတောင် ဘယ်ဘက်လက်နဲ့ စာရေးပေးရှာသေးတယ်။ မြန်မာနိုင်ငံကို ခဏပြန်တုန်းကလည်း ကျောင်းအပျက်ခံ၊ ဆရာအဆူခံပြီး ကျမကို အဖော်လုပ်ပေးတယ်သိလား။ ချော်လဲလို့ ကျမ ခြေထောက် အဆစ်လွဲတော့ သူကိုယ်တိုင် လိုက်ပြောပေးရှာတယ်။ ကျမကတော့ ကြောက်လို့ မျက်စိမှိတ်ထားတာ။ သူပဲ ကျမ ခြေထောက်ကို ကိုင်ပြီး အနေအထားပြင်ပေး၊ ဓာတ်မှန်သမားကို ပြောဆို၊ စမ်းသပ်ပေးတဲ့ သူ့ဆရာကြီးကို မေးရှာတယ်။ သတ္တိခဲ ကျမကတော့ မောင်လေးအားကိုးနဲ့ ဘာမှလုပ်ဘူး။ ဟုတ်တယ်လေနော်။ တစ်ခါတစ်လေတော့လည်း ကိုယ့်မောင်လေး ကိုယ်အားကိုးဦးမှပေါ့။ သူလည်း အရွယ်ရောက်လာပြီပဲဟာ။ ဟုတ်ပါတယ်။ သူ အရွယ်ရောက်ပါပြီ။ မြန်မာ ဥပဒေအရဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်နှစ်တိတိက အရွယ်ရောက်ပါတယ်။ ဂျပန် ဥပဒေအရ ပြောရရင်တော့ ဒီနေ့ ဧပြီ နှစ်ရက်နေ့မှာ အရွယ်ရောက်ပါတယ်ရှင်။

အပိုင်ရေ၊ မွေးနေ့မှစပြီး လိုတိုင်းတ ပြည့်စုံနိုင်တဲ့ သူဖြစ်ပါစေ။ ဒီနှစ် မွေးနေ့အထိ အတူရှိမနေခဲ့ပေမယ့် မွေးနေ့တိုင်း အမြဲအမှတ်ရနေဆဲပါဟာ။ ပျော်ရွှင်ပါစေ။

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

မွေးနေ့ မှာပျော်ရွှင်ပါစေဗျာ။ ခင်ဗျားရဲ့ မောင်လေး...အစစရာရာ အဆင်ပြေပါစေကြောင်း ဆုတောင်းပေးပါတယ်။ လိုရာပန်းတိုင်ကိုလည်း ရောက်ပါစေဗျာ။ နိုင်ငံအကျိုးပြုတဲ့ ဆေးပညာရှင် တစ်ယောက် ဖြစ်ပါစေကြောင်း ဆန္ဒပြုပါတယ်။

စိုင်းစိုင်းလားရှိုး said...

လိုတိုင်းတ ရနိုင်သလို.... လိုတိုင်းပေး နိုင်တဲ့လူ ပိုမိုဖြစ်နိုင်ပါစေ။

Dr Phyo Wai Kyaw said...

ဒီမောင်နှမ တွေ တော်တော်ချစ်ကြတာပဲ...
.. ပျော်ရွှင်ချမ်းမြေ့ မွေးနေ့မင်္ဂလာဖြစ်၍ အသက် ရာကျော်ရှည်စေသော်...


အစ်မလုပ်သူကိုလည်း မလိမ္မာတာများ ဆုံးမနိုင်ပါစေ :P

မသက်ဇင် said...

မောင်နှမလေးတွေ ချစ်လိုက်ကြတာနော်---
မီဂု လေး တို့မောင်နှမ ပျော်ရွှင်ပါစေ--

Anonymous said...

မွေးနေ့မှာ ဘာမှမကျွေးပဲ ပွဲလုပ်သွားတာ
ဒီဘလော့ပဲ။ မရဘူး အကျွေးအမွေးလေးပါ ထည့်ပါဗျို့။ အဲဒါမှ လူစည်မှာပေါ့ဗျာ။

 

Design By:
SkinCorner