အတာသင်္ကြန်
မနေ့က တိုကျိုမှာ သင်္ကြန်ကျပါတယ်။ ရေတော့ မပက်ပါဘူး။ သူငယ်ချင်းတွေနဲ့ မြန်မာမုန့်တွေစား၊ မြန်မာသီချင်းတွေ နားထောင်ပြီး ပြန်လာခဲ့ရပါတယ်။ နာဂိုယာ သင်္ကြန်ကတော့ ရေပက်ပါမယ်။ မေလ (3)ရက်နေ့မှာပါ။ (14)ကြိမ်မြောက်ပါတဲ့။ သူတို့ဆီကို လာချင်အောင် ဒီလို ဆွဲဆောင်ထားတဲ့ရှင့်။
အဟောင်းသွေမြည်
အသစ်တည်မည်
သင်္ကြန်ဆိုတာ
နာဂိုယာ။
အသစ်တည်မည်
သင်္ကြန်ဆိုတာ
နာဂိုယာ။
သွားတော့ သွားချင်သား။ ဟ ဟား။ နာဂိုယာ သင်္ကြန်ကို တစ်ခါမှ မရောက်ဖူးဘူးလေ။ ဒါပေမယ့် ကျမက ရေပက်ခံရမှာ အရမ်းကြောက်တယ်။ ပြောရင် ယုံမလားတော့မသိ။ သင်္ကြန်မှာ ရေလည်း မပက်သလို ရေပက်ခံလည်း ကောင်းကောင်းမထွက်ဖူးဘူးသိလား။ မှတ်မှတ်ရရ (2001)ခုနှစ်က တစ်မနက် မဏ္ဍပ်မှာ ရေပက်ဖူးပြီး တစ်ညနေ ကားနဲ့ လျှောက်လည်ဖူးတယ်။ ဟိ ဟိ၊ တော်တော်များတယ်နော်။
သင်္ကြန်အတွေ့အကြုံကလည်း ဘာပြောလို့ ပြောရမှန်းတောင် သိဘူး။ နှစ်စဉ်နှစ်တိုင်း အကြိုနေ့ထဲက ရွာကိုသွား၊ ဥပုသ်စောင့်၊ သီလယူနေကြဆိုတော့ ။ သင်္ကြန်ဆိုတာ ကောင်းကောင်းမကဲဖူးဘူး။ ကဲရကောင်းမှန်းလည်း မသိခဲ့ဘူးလေ။ :p
ဒီနှစ်တော့ ဘယ်ရမလဲ။ (11)ရက်နေ့ကတည်းက အွန်လိုင်း သင်္ကြန်ကျနေတာ။ မနေ့ကလည်း သင်္ကြန်ပွဲသွားတယ်။ ဒီနေ့လည်း ဘလော့မှာ ရေလိုက်ပက်တယ်။ ဟိ ဟိ၊ ပျော်စရာကြီး။ ကိုယ့်ကိုကျ ပက်မှာကြောက်လို့ ထွက်ပြေးသေးတယ်။ အခုလည်း G-talk မှာ သင်္ကြန်ကျနေတယ်။ ကိုယ့်ကသာ ပက်ချင်တာ၊ ရေပက်ခံရမှာတော့ ကြောက်သား။ ဒီတော့၊ ထွက်ပြေးနေရတယ်။ :z ဟူး မောမှ မောပဲ။ ;)
ပိတောက်အတုလေး လက်ဆောင်ပေးမယ်နော်။ နော်။ ခွက်စောင်းမခုတ်ကြေး၊ မီးသတ်ပိုက်နဲ့ မထိုးကြေး။ :p
ပိတောက်နဲ့ အစားထိုးလို့မရပေမယ့်၊ အဝါလေးရယ်၊ အစိမ်းလေးရယ် ပါလို့လေ။ ပိတောက် အလွမ်းပြေပေါ့။
တိုကျိုသင်္ကြန်မှာ ကဲနေကြတာများ။ ;)
9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
မမပါ ကဲခဲ့တယ်ပေါ့လေ.. :P
မြန်မာပြည်ကျရင် အိုးမည်းလာသုတ်မယ်နော့်.. ဟိဟိ
ညီမ မယ်ဂု..
နင်လည်း မကဲခဲ့ဘူးလား။ အေးဆေးနေတာပိုကောင်းတယ်။ ဒီမှာက အခုထိ ချမ်းနေတုန်းပဲရှိသေးတာ။ ရေတော့ မလောင်းပါနဲ့တော့။း)
သင်္ကြန်တွင်းမှာ ဥပုသ်စောင့် သီလယူနေကြဆိုတော့ အတော် လေးစားသွားပြီး။ သာဓု သာဓု.. ၂ ခါခေါ်သွားတယ်နော် ညီမလေး.. :P
ပက်ပြီကွာ ဗွမ်းးးးးးးးးးးးးးးးးးး အဟေး ဟေး ...
မီးသတ်ပိုက်နဲ့ မထိုးဘူး .. ရိုက်ရုံပဲ ရိုက်မှာ :P
ရေပူဖောင်းပစ်နေတဲ့ ပုံလေးကရယ်ရတယ်။
ပျော်ရွှင်ပါစေ မိဂု။
ရေခဲရေ တစ်ပုံးလုံးနဲ့ ခေါင်းကနေ လောင်းသွားတယ်...နှစ်သစ်မှာပျော်ရွှင်ပါစေ...
မယ်ဂုမီ ကဲနေတဲ့ ပုံရော။ ရိုက်မလာခဲ့ဘူးလား။ :P ရေပုံးကြီးကြီးနဲ့ ခေါင်းကနေလောင်းသွားတယ်။ လာထား။
ရေပက်ခံရမှာ ကြောက်ရင်
သပြေခက်နဲ့ ဖျန်းပါ့မယ်။
အေးပါစေ
((((((((((ဗွမ်း)))))))))) ရေလောင်းတာ ရိုးရိုး
ရွှီး ရွှီး ရေနဲ့ မီးသတ်ပိုက် ဟားဟားဟား ပြေးပြီဟေ့..........
Post a Comment