စတုဒီသာ မုန့်လုံးရေပေါ် :)
အတက်နေ့ရောက်ပြီနော်။ ဒီနေ့တော့ မုန့်လုံးရေပေါ် စတုဒီသာကျွေးပါမယ်။ ဟိ ဟိ၊ 2:1 နဲ့ ထည့်ထားတာ။ ငရုပ်သီးပါတာ နှစ်လုံးမှာ ငရုပ်သီးမပါတာ တစ်လုံး။ ကြိုက်ရာ ရွေးစားကြပါ။ :z
အုန်းသီးမပါတာလည်း ရှိတယ်နော်။ ဒါလည်း 2:1 ပဲ။ :z
ကျမကတော့ ရေပက်ခံထွက်လိုက်ပါဦးမယ်။ ရေပက်ရင် မနာရလေအောင် မံမီလို အဝတ်ကို လုံလုံခြုံခြုံဝတ်ရင်းနဲ့လေ။ လိုက်မလား။
ရေပူဖောင်းလည်း ယူခဲ့ကြပါနော်။ မဏ္ဍပ်ကလူတွေကို ပြန်ပေါက်ရအောင်။
ရေပူဖောင်းလည်း ယူခဲ့ကြပါနော်။ မဏ္ဍပ်ကလူတွေကို ပြန်ပေါက်ရအောင်။
16 Apr 09, 08:11 မသက်ဇင်: သင်္ကြန်ရေလို အေးမြပါစေ မြန်မာပြည်သူများ သာယာဝပြောပါစေ ငြိမ်းချမ်းကြပါစေ ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ |
16 Apr 09, 10:30 ဗီလိန်: |
16 Apr 09, 11:16 vanko: အတက်နေ့ နောက်ဆုံးနေ့ ဘလော့မဏ္ဍပ်မှာ ရေလာပက်တယ်နော်။ ရွှေရင်အေးက တစ်ပွဲထဲဆိုတော့ ၀ဘူးဗျ။ |
16 Apr 09, 11:17 vanko: မဏ္ဍပ်ပိုင်ရှင် ညီမလေး မယ်ဂုကိုလည်း မြေဖြူတစ်ခြမ်း အိုးမည်းတစ်ခြမ်း သုတ်ပေးသွားပါတယ်။ အတော်လှသွားပြီ:P |
16 Apr 09, 13:06 ဝေလေး: ဟားဟား မမ ဝေလေးလည်းလိုက်မယ်... ရေပက်ခံထွက်တာ ရေလောင်းမယ်ကွ ဗွမ်းးးးးးးး |
16 Apr 09, 13:17 ညလေး: ရေလာလောင်းတယ်... ဗွမ်းးးးးးးးး ပြေးပြီဟေ့... | |||||||||||||||||||||||||
16 Apr 09, 13:27 kaungkinpyar: ဘယ်ရမလဲကွ ၊ မံမီ အဝတ်တွေ ကျွတ်အောင် မီးသတ်ပိုက်နဲ့ ထိုးမယ်၊ နောက်ဆုံးပိတ်ကွ၊ ဗွမ်းးးးးဗွမ်းးးးးးဗွမ် | |||||||||||||||||||||||||
16 Apr 09, 13:28 kaungkinpyar: မုန်းလုံးရေပေါ် စားသွားတယ် ညီမလေးရေ | |||||||||||||||||||||||||
16 Apr 09, 13:34 တောင်ပေါ်သား: ပျော်ရွှင်ဖွယ် နှစ်ကူးလေးဖြစ်ပါစေ လိုအင်ဆန္ဒများ ပြည့်ဝပါစေလို ဆုလာတောင်းပေးပါတယ်
|
8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
စပ်တယ် ချိုတယ် ချိုတယ် စပ်တယ် စပ်တယ် ချိုတယ်
အုံဖွ......... ချိုတာလေးပဲ စားရပါစေ.....
လာလေရော့.......
ဟဲ..... ရွေးတာမှန်သွားပြီကွ...... ကံထူးရှင်........ ဟီးး..
ငရုတ်သီးမပါတာ ရွေးစားပြီး ငရုတ်သီးပါတာတွေကို မယ်ဂုမီ အတွက် ထားခဲ့တယ်။ :p
ဗွမ်းဗွမ်းဗွမ်းးးးးးးးးးးးးးးးးးးးးးးးးးးးး
ငရုတ်သီးမပါတာစားသွားတယ် အဟဲ
ဒို့ကံကောင်းတယ်ဂျို့း)
နှစ်သစ်မင်္ဂလာပါ မမမယ်ဂုး)
အကုန်စားသွားပြီနော်မမ.. ဟီး :D
မမက အားရမ်းချစ်ဖို့ ကောင်းတာပဲ.. :P
မုန့်လုံးရေပေါ် ခါးတယ်ဗျ ဘာလို့လဲ သိဘူး။
အကျင်များ ယုတ်လိုက်လား မသိဘူး။ ဟစ်ဟစ်
မယ်ဂုတို့များ..
ဥာဏ်တယ်ရွှင်နေတယ်..
အပင်ပန်းခံပြီး (၂း၁) တောင်ထည့်ထားသေးတယ်..
ဒါနဲ့ မုန့်လုံးရေပေါ်ကော လုပ်တတ်လို့လားကွယ်
ညီမလေးရယ်။
အစ်မက မုန့်လုံးရေပေါ်ကြိုက်တော့ တကယ်ကို သွားရည်ကျသွားတယ် megumi လေးရေ...
Post a Comment