Noborito (登戸)
Noborito (登戸)တဲ့။ အဲဒီမြို့လေးဟာ နေ့စဉ်ရက်ဆက်ဖြတ်သွားခဲ့ဖူးတဲ့ ဘူတာစဉ်တွေထဲက တစ်ခုပါ။ ဘူတာက မြစ်ပေါ်မှာ ဆောက်ထားတဲ့ ဘူတာတစ်ခုဖြစ်တာကြောင့် ဘူတာကို ဖြတ်သွားတိုင်း 多摩川(Tamagawa)လို့ခေါ်တဲ့ မြစ်ကြီးကို မြင်တွေ့ရပါတယ်။ နေ့ဆိုတစ်မျိုး၊ ညဆိုတစ်ဖုံ 多摩川(Tamagawa)မြစ်ရဲ့အလှက ကျမကို ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိပါတယ်။ အဲဒီဘူတာကိုရောက်တိုင်း "မြစ်ကမ်းဘေးမှာ လမ်းလျှောက်ချင်လိုက်တာ" ........................ဆိုတဲ့ အတွေးက ပေါ်လာတတ်စမြဲ။
ရာသီဥတုသာယာတဲ့နေ့များဆို 多摩川(Tamagawa)မြစ်ဘေးမှာ ငါးမျှားနေတဲ့သူတွေ၊ ပျော်ပွဲစားထွက်တဲ့ အုပ်စုတွေ၊ ဘောလုံးကန်နေတဲ့ ကလေးတွေ၊ မော်တော်ဘုတ်စီးနေတဲ့ သူတွေ စသဖြင့် မြင်တွေ့ရတတ်ပါတယ်။ သူတို့ကို ကြည့်ပြီး အားကျလိုက်တာ။ တစ်နေ့တော့ ရောက်ကောင်းရောက်ပါရဲ့လို့ တွေးလာခဲ့တာ ဟိုနေ့က (တိတိကျကျပြောရရင် လေးနှစ်ပြည့်ပြီး တစ်ရက်နေမှ) မြစ်ဘေးမှာ လမ်းလျှောက်ခွင့်ရခဲ့ပါတယ်။ 多摩川(Tamagawa)မြစ်က ထင်ထားသလောက် မလှပေမယ့် စိတ်ကြည်နူးမှုကို ပေးပါတယ်။ စိတ်ကူးတခု လက်တွေ့ဖြစ်လာတဲ့ အတွက်ပေါ့။
Noborito (登戸)ဘူတာက ဆင်းပြီး ငါးမိနစ်လောက်သွားလိုက်တယ်ဆိုရင်ပဲ 多摩川(Tamagawa)မြစ်ကြီးကို မြင်ရပါပြီ။ မြစ်ဘေးမှာတော့ ငါးမျှားတဲ့သူတွေ၊ ဆေးလိပ်သောက်နေတဲ့သူတွေ၊ လမ်းလျှောက်နေတဲ့သူတွေနဲ့ စည်ကားနေလေရဲ့။ ကျမတို့ကတော့ လမ်းလျှောက်ရင်း မြစ်ကြောတစ်လျှောက်မှာ ရှိတဲ့ ချယ်ရီပန်းတန်းကြီးကို ငေးမောနေခဲ့မိတာပေါ့။ အတွဲတစ်တွဲတောင် တွေ့ခဲ့သေးတယ်။ ထူးထူးဆန်းဆန်း။ ဟိုဘက်ကမ်းမှာတော့ ကလေးတစ်သိုက် စုစုစုစုနဲ့ ဘာတွေလုပ်နေမှန်းမသိဘူး။ လမ်းလျှောက်ဝသွားတာနဲ့ ကျောက်ဆောင်တစ်ခုမှာ အခင်းမပါ ဘာမပါ ထိုင်ချလိုက်ပါတယ်။ အာလူးကြော်စားရင်းနဲ့ပေါ့။ ကျမတို့ ဘေးနားက ကောင်လေးသုံးယောက်ကတော့ ဘောလုံးကန်နေတယ်လေ။ ဘယ်လိုက ဘယ်လိုဖြစ်တယ်မသိဘူး။ ဘောလုံးကြီး က ရေထဲ ကျသွားပါလေရော။ တစ်ဖြေးဖြေး ဟိုဘက်ကမ်းကို ကူးသွားတယ်လေ။ ကောင်လေးသုံးယောက်ကတော့ စိတ်ဓာတ်ကျစွာ ထိုင်နေရတော့တာပေါ့နော်။
ဒီအချိန်မှာ မထင်မှတ်ဘဲ ဂစ်တာသံ ကြားလိုက်ရတယ်။ "ဟယ်၊ ကောင်းလိုက်တဲ့ သံစဉ်လေးပါလား."...........လို့ အောင့်မေ့တုန်း အော်ဂင်သံပါ ထပ်ကြားလိုက်ရတယ်။ နောက်ထပ် ဂစ်တာသံတစ်ခု ရောပေါ့။ အခုမှပဲ ရိုမတ်တစ်ဆန်ဆန် ဖြစ်လာတော့တယ်။ မြစ်ဘေးမှာ စီးမျောနေတဲ့ သံစဉ်တွေကို နားထောင်ရင်း မြစ်ကြီးကို ငေး၊ တစ်ခါတစ်ခါ ဖြတ်သွားလေ့ရှိတဲ့ ရထားတွေကို ငေးနဲ့ အချိန်တွေက ကုန်မှန်းမသိ ကုန်လွယ်ခဲ့တော့တာပေါ့။

3 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
အင်း.... ပုံတွေကြည့်ပြီး ရွာတောင် လွမ်းသွားပြီ
ဗျာ။ ဘာမှမဆိုင်ဘူး... အဟစ်ဟစ်ဟစ်
ငါမျှားခြင်လိုက်တာဗျာ။ ရှယ်ပဲဗျ ငါးမျှားရင်
စေ့စေ့ပေါက်ပေါက်ရောက်တယ်....
ထောက်လှမ်းရေးထဲဝင်ရမှာ....
နေရာတကာသူမရောက်ဘူးတာမရှိဘူး ။။။
ရှုခင်းတွေက ဂွတ်တယ်နော်
ဘောလုံးကန်နေတုန်း ရေထဲကျသွားတာကို ရယ်ချင်တယ်။
အော်ဂင်နဲ့ ဂစ်တာသံ ကြားထဲ သီချင်းမဆိုခဲ့ဘူးလား။
ခြေရှည်တဲ့ ညီမ..။
Post a Comment