ရောက်တတ်ရာရာ
စလုံးမှာ ကျမနဲ့တွေ့တဲ့ ဘလော့ဂါတိုင်း သဘောကောင်းတယ်သိလား။ တွေ့ရတာ ပျော်စရာကြီး။ အခုမှ စတွေ့ဖူးပေမယ့် ရင်းရင်းနှီးနှီးပါပဲ။ ဟိ ဟိ၊ မုန့်လည်းဝယ်ကျွေးကြသေးတယ်။ ပျော်စရာကြီးနော်။ မနေ့ကထိ ဘလော့ဂါ (8)ယောက်နဲ့တွေ့ပြီးပြီ။ :z နောက်ထပ်လည်း ထပ်တွေ့ချင်ပါသေးတယ်။
မခင်ဦးမေက ရက်စက်တယ်သိလား။ တွေ့ချင်ပါတယ်လို့ အများကြီးသွားရေးတာတောင် ။ တွေ့ချင်ဘူးထင်တယ် ။ ဟင့် ဟင့်။
ဪ၊ စာဖတ်သူတစ်ယောက်နဲ့လည်း တွေ့ဖို့ပြောထားသေးတယ်။ ကျန်တဲ့ အပြင်က သူငယ်ချင်းတွေလည်း တွေ့ရဦးမယ်။ Songs of the sea ကလည်း ထပ်ကြည့်မလို့။
ဟိ ဟိ၊ အချိန်က မလောက်ဘူး။ တွေ့ချင်တဲ့လူတွေကလည်း များ၊ သွားချင်တဲ့နေရာကများနဲ့၊
အချိန်ရမှပဲ ထပ်ရေးတော့မယ်နော်။ အခုတော့ လျှောက်လည်လိုက်ပါဦးမယ်။ :z :z
စကားမစပ်၊ ဓာတ်ခဲက မရပါရှင့်။ ဟိ ဟိ၊ နောက်တလုံး ထပ်ဝယ်ရတော့မယ်။ :z

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
နာလဲ ထမင်းကျွေးတဲ့ထဲပါတယ်နော်.. ဟဲ.. ဟဲ. Song of the sea လဲ တိုက်စီခ ၃၆ကျပ်ကုန်ခံပြီး နင်နဲ့ကြည့်ဖို့လာတယ်နော်... ငှဲ.. ငှဲ.. ဟီး...
ဟုတ်ပါ့၊ ချစ်ဖို့ကောင်းတဲ့ နာ့သယ်ရင်းလေး။ :p
ကျုပ်ကတော့ မယ်ဂုမိငါးယောက်နဲ့တွေ့လိုက်လို့.. ဘယ်တစ်ယောက်မှန်းတောင်မသိလိုက်ဘူး..း)
ဟ .........ဟား၊ မယ်ဂုမိက တစ်ယောက်ပဲရှိတာပါ။
ဟိုနေ့က သူငယ်ချင်းဘလော့ဂါနဲ့ ပေါင်းပြီး စလိုက်တာ။ စိတ်မဆိုးကြေး။ :z
သြ... ကောင်းပါ့ဗျား အကုန်လိုက်လည်လိုက်တယ်ပေါ့
မယ္ဂုမြီ
Post a Comment