Friday, October 31, 2008

မဗေဒါနဲ့ တွေ့ရာဝယ်


(29.10.2008)နေ့
မဗေဒါနဲ့ Tokyo Dome ကို လျှောက်လည်ခဲ့တယ်သိလား။ :z မဗေဒါကို သိတယ်ဟုတ်။ စင်္ကာပူက Blogger လေ။ ဟိုတစ်ခါ၊ ဂျပန်လာမလို့ သိချင်တာလေးတွေ ကျမဆီမှာ လာမေးရင်း၊ ကျမကလည်း အမေးကမ္ဘာ ဖြေစရာ(12) , ဂျပန်နိုင်ငံ၏ လည်ပတ်စရာ နေရာများနဲ့ ဖြေပေးရင်းနဲ့ Blog မှာတင်မဟုတ်၊ G-talk မှာပါ ခင်သွားကြတာ။ ;) အခု သူမက ဂျပန်မှာလေ။ စရောက်တဲ့ နေ့တွေက ကျမလည်း ဘာတွေမှန်းမသိ အလုပ်တွေ ရှုပ်နေလို့ Phoneနဲ့ SMS နဲ့ပဲ ပြောဖြစ်ပါတယ်။ (29.10.2008) နေ့ကြမှပဲ လူချင်းတွေ့ဖြစ်ကြတော့တယ်။ :z ကျမက သူ့ကို ရှင်းဂျုကုမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ Internet ထဲမှာ ရှာပြီး ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ်ရထားစီးလာလို့တောင် အတိအကျမှာလိုက်သေး။ ;)

သူမက ချိန်းထားတဲ့အချိန်ထက် ချိန်းတဲ့နေရာကို ကျမထက်စောရောက်နေတာပါ။ ဟိ ဟိ၊ ရောက်တာမှ ကောင်းကောင်းရောက်နေတာ ဟုတ်ဘူးသိလား။ :p Video Camera ကြီးနဲ့။ ကျမက လက်မှတ်ပေါက်ပဲ ဖြတ်ရသေး၊ သူမအရင် သူမရဲ့ Video Camera ကြီးမြင်လိုက်တာ လန့်တောင်လန့်သွားတယ်သိလား။ :y ဒါနဲ့ ၊ မြန်မြန်ဖြတ်ပြီး သူ့မနား သွားရပ်လိုက်တယ်။ :zသူမရဲ့ Video Camera ကို လန့်ပေမယ့် သူမကို တွေ့လိုက်တော့ အရမ်းပျော်သွားတယ်သိလား။ ဒါနဲ့ နှုတ်ဆက်စကားတောင် မဆိုဖြစ်ဘဲ "ရောက်တာကြာပြီလား" .....လို့ လှမ်းမေးလိုက်တယ်သိလား။ :p သူမက Videoရိုက်နေရင်း တန်းလန်းနဲ့ ဘာမှ ပြန်မပြောပဲ ကြောင်ကြည့်နေတယ်။ ;) ဟိ ဟိ၊ ပြီးမှ "ဪ၊ အေး "..တဲ့။ ဟ ဟား။ ရယ်ရတယ်သိလား။ ;) မဗေဒါက ကျမကို ဂျပန်မလေးထင်လို့ .........တဲ့။ ဘာပြန်ပြောရ ကောင်းမလဲ စဉ်းစားနေတာ........တဲ့။ ပြီးမှ၊ မြန်မာစကားပြောသံကြားမှ ကျမမှန်းသိသွားတာ.......တဲ့။

ဟိ ဟိ။ ကျမကသာ သူမကို မြင်ဖူးတာ၊ သူမက ကျမကို မြင်ဘူးဘူးလေ။ ဒါကြောင့်၊ ဂျပန်မလေးလို့ ထင်တာ။ ;) ဒါနဲ့ "သွားကြရအောင်"လို့ ပြောပြီး ကျမက ရှေ့ကထွက်သွားတယ်။ သူမက လိုက်မလာ။ :d "ဟိတ်၊ လာလေဟာ" ဆိုတော့ "နင့်ကို အခုထိ ဂျပန်မလေးလို့ ထင်တုန်းပဲ" တဲ့။ ဟိ ဟိ၊ ကျမကလည်း ကျမပဲ။ ဂျပန်မလေးတစ်ယောက်လို အပြင်အဆင်နဲ့ ဆိုတော့ သူမ အဲလို ထင်တာလည်း သူမ အပြစ်တော့ မဟုတ်။ တတ်နိုင်ဘူးလေနော်။ ;) ဂျပန်ရောက်မှ ဂျပန်တစ်ယောက်လို ဝတ်စားဆင်ယင်ရတာပေါ့။ အမြင်မရိုင်းရင် ပြီးရောလေ။ ဟုတ်ဘူးလား။ :z သူမလည်း မြန်မာမလေးနဲ့တော့ မတူပေါင်။ ;)

ဒါနဲ့ပဲ ပြောပြောဆိုဆိုနဲ့ နှစ်ယောက်သား ရထားစီးဖို့ ထွက်လာခဲ့တယ်။ :z ရထားကလည်း ချောင်မှချောင်။ ချောင်တော့ ကောင်းတယ်သိလား။ မြန်မာလို ပြောရတာ လွတ်လပ်တယ်။ :z အခုမှ တွေ့ဖူးတဲ့ သူငယ်ချင်းနှစ်ယောက် လေပေါလို့ ကောင်းနေလိုက်တာ ရထားစီးတာ တော်တော်ကြာနေပြီ။ မရောက်သေး။ ဒါနဲ့၊ အပေါ်ထပြီး ရထားဘူတာတွေ ညွှန်ပြထားတာကို ကြည့်လိုက်တော့ ကိုယ်သွားရမယ့် ဘူတာက ကျော်ခဲ့ပြီ။ :( ဟိ ဟိ။ ဒါနဲ့ ၊ မဗေဒါကို ပြောပြီး ရထား ပြန်ပြောင်းစီးရတော့တာပေါ့နော်။

အဲဒီ ရထားလိုင်းက တော်တော် စိတ်ညစ်ဖို့ကောင်းတယ်သိလား။ လိုင်းနာမည်က Chuo - Sobu line တဲ့။ Chuo lineရယ် Sobu lineရယ် ရထားလိုင်းတစ်ခုတည်းမှာ ပြေးနေတာ။ လမ်းညွှန်ကြည့်တော့လည်း တစ်ထပ်တည်းလိုပဲ။ :( ဒါနဲ့၊ နောက်တစ်ခေါက် ရထားပြောင်းစီးတာ စီးလိုက်တဲ့ရထားက Chuo line ဖြစ်ပြီး ကျမတို့ သွားချင်တဲ့နေရာကို မရောက်မှန်း ရထားမောင်းကြေငြာတဲ့အသံကြားမှ သတိထားမိတယ်။ သေချာအောင် ရထားလိုင်းနာမည်ကို ဖတ်လိုက်တော့ Chuo line တဲ့။ ဟုတ်မှဟုတ်။ မရောက်ရေးချ မရောက်။ :p ကျမတို့ သွားရမယ့် ဘူတာက Sobu line မှာရှိတာလေ။ ;) ဟိ ဟိ။ ဒီတစ်ခါတော့ စင်္ကြံမှာတင် ပြောင်းစီးလို့ မရတော့။ လက်မှတ်ပေါက်ကိုပါ ဖြတ်ရတော့တယ်။ ;) တစ်ခုကောင်းတာက ကျမတို့က ရထားမှားစီးတာလေ။ ဒီဘူတာကို ထွက်ချင်တာမဟုတ်တော့ လက်မှတ်ပေါက်စောင့်တဲ့လူကြီးကို အကျိုးအကြောင်း ပြောပြလိုက်တယ်။ :p သူက စာရွက်တစ်ရွက် ထုတ်ပေးတယ်သိလား။ "ဒီစာရွက်ကို ဟိုဘက်က လက်မှတ်ပေါက်စစ်ကို ပြလိုက်...တဲ့။ လက်မှတ်ဖိုး ပေးစရာမလိုဘူး......တဲ့။ " :z

ဂျပန်မှာက ရထားမှားစီးတာကို အကျိုးအကြောင်းနဲ့ သက်သေမှန်ကန်စွာပြနိုင်ရင် မှားစီးတဲ့ရထားခ ပေးစရာမလိုဘူးလေ။ မဗေဒါကတော့ "မိုက်တယ်ဟ "လို့ ပြောပါတယ်။

ဒါပေမယ့်၊ နှစ်ခါတောင် ရထားမှားစီးတာ ခံရလို့ စိတ်ညစ်တယ်လို့ ပြောပြီး သူမက မှားစီးတဲ့ ဘူတာမှာ အမှတ်တရ Video ကော၊ ဓာတ်ပုံကော ရိုက်ယူခဲ့တယ်သိလား။ Blog မှာ တင်မတင်တော့ မသိ။ ;) ဂုဂုကို ဆရာတင်တာ ရထား နှစ်ခါတောင်မှားစီးရလို့ ကျေနပ်ဘူးတဲ့။ Post မှာ ထည့်ရေးမယ်တဲ့ သိလား။ အဲဒါ ၊ ကျမက သူမ မရေးခင် ကိုယ့်အတင်း ကိုယ်ပြန်ပြောထားတာ။ ;) သူမ ပြန်လာရင် ဒီအကြောင်းတွေကို သူမအမြင်နဲ့ ပြန်ရေးလိမ့်မယ်သိလား။ သွားဖတ်ကြည့်ကြနော်။ :z

ရှက်ရှက်နဲ့ ပြောရရင်တော့ Tokyo Dome ကို တစ်ခါမှ မရောက်ဖူးဘူးသိလား။ ;) အဝေးကြီးတွေပဲ လျှောက်သွားနေတာ Tokyo Dome က မြို့ထဲမှ ရှိတော့ ဘယ်တော့သွားသွားရတယ်ဆိုပြီး မသွားဖြစ်ခဲ့ဘူးလေ။ အခု၊ သွားမယ်ဆိုတော့ Internet ထဲမှာ ရှာပြီး သွားတာ။ :z တစ်ခါမှ မရောက်ဖူးဘဲနဲ့ မဗေဒါကို ခေါ်သွားတာသိလား။ ;) ဒါကြောင့်၊ ရထားမှားစီးတာ။ :z ဟိ ဟိ။ {တစ်ကယ်က သေချာ ရှာပြီးသား၊ ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ် အဲဒီ ဘူတာကို ရောက်မယ်ဆိုတာလေ။ သူမကို တွေ့တော့ အပျော်လွန်ပြီး Direction ကို သေချာမကြည့်လို့ အဲလို ဖြစ်တာ။ }အဖော်နဲ့ဆိုတော့ မှားလည်း ကိစ္စမရှိဘူးလေနော်။ ;) မရောက်ဖူးတဲ့ ဘူတာတွေတောင် ရောက်ဖူးသွားသေး။ :z

မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

အပြည့်အစုံသို့....

Thursday, October 30, 2008

ပျော်ရွှင်ခြင်း အထိမ်းအမှတ်

Blog မွေးနေ့ပွဲကို လာရောက်သူများအား စကားပြန်လည်ပြောဆိုခြင်း ;)


Younggun said...

ငါးလပြည့်မှသည် စိတ်တိုင်းကျ ကာလတစ်ခုထိ ဘလော့နိုင်ပါစေဗျား။ မှတ်သားစရာ သုတနဲ့ ရသတစ်ခုခုပေးတတ်တဲ့ ဘလော့လေးမို့ အမြဲမဟုတ်တောင် မကြာခဏလာလည်ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာအောင်မြင်နိုင်ပါစေဗျား။။။

ကိုBlogger Younggun ရေ၊ အသိအမှတ်ပြုပြီး လာရောက်အားပေးလေ့ရှိတယ်ပြောလို့ ဝမ်းသာမိပါတယ်ရှင့်။ ဆုတောင်းလည်း ပြည့်ချင်ပါတယ်။ :y

Wed Oct 29, 02:13:00 AM 2008

Blogger မိုးပြေး said...

ဂျပန်မလေးရေ ဆူရှီ တွေကို စားရင် အားမနာတမ်း စာတွေဖတ်၊
ပြီတော့ ဘလောဂ့် ၅ လပြည့်လေးအတွက် ဆုတောင်းပေးပါတယ် ခင်ဗျာ။ これからも、奢ってね ဟီး

ဂျပန်မလေး MEGUMI အတွက် အမှတ်တရ

Wed Oct 29, 02:30:00 AM 2008

အေးပါ၊ စားပါ။ နောက်လည်းများများ ကျွေးမှာပေါ့။ :z ဒါမှ လက်ဆောင် အရုပ်များများရမှာ။ :p အခု နှစ်ရုပ်ကိုလည်း သေချာ သိမ်းထားတယ်သိလား။ ;)

မိုးသောက် said...

သယ်ရင်း ငါ မုန့်တွေ အကုန်စားသွားပြီနော် .
နင်ဖို့ မချန်တော့ဘူး .. မကျေနပ်ရင် အကြွေးမှတ်ထား :P
သယ်ရင်း မိဂု တစ်ယောက် ငါးလ ပြည့် မွေးနေ့မှသည် ( လူကို ပြောတာ မဟုတ်ဘူးနော် :P ) နောက်ထပ်ဆက်လက်ပြီး သုတ ရသ စာပေတွေကို
ရေးသားနိုင်ပါစေ
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ် ..
ခင်မင်တဲ့
မိုးသောက်

Wed Oct 29, 02:42:00 AM 2008

လောဘကြီးတဲ့ တယ်ရင်းမိုးသောက်၊

နင့်မွေးနေ့ကျမှ တွေ့မယ်။ ဟွန်း။ ဆုတောင်းပေးလို့ ကျူးဇေး၊ ကျေးဇူး။ :p

Blogger mgngal said...

ကောင်းမှကောင်း ဆူရှီ စားဖူးသွားပြီ ။ အာရီရယ် ကိုက်သို
ကိုဆိုင်းမာ့ ။ :P

Wed Oct 29, 03:38:00 AM 2008

ကောင်းတယ် ပြောလို့ ကျေးဇူးပါ ကိုမောင်ငယ်။ ;)

Blogger khin oo may said...

29 Oct 08, 07:18
kom: အရုပ် ကလေးတွေ ချစ်စရယ မိုလို့ မစားရက်ပါ။ ပျော်ရွှုင် သော မွေးနေ့ဖြစ်ပါစေ။ ဆက်လက် တည်တံ့ခိုင်မြဲပါစေ.

Wed Oct 29, 07:19:00 AM 2008


စားပါ မမရဲ့။ ကျမကိုယ်တိုင်လုပ်ထားတာ။ :z ဆုတောင်းလေး ပြည့်ပါရစေလို့ ဆုတောင်းလိုက်ပြီ။ ;)

Blogger ရှင်ရဲထွတ် said...

ဂုဂု ဘလော့ဂ် 5 မှသည် အများကြီးများကြီးများကြီး ခုဆယ်ရာထောင်သောင်းသိန်းသန်းထိ ရေးသားနိုင်ပါစေ

Wed Oct 29, 07:55:00 AM 2008

ဟုတ်၊ ဟုတ်၊ ~ခုများကြီး ရေးမယ်သိလား။ :z

Blogger ၀ါဝါခိုင်မင်း said...

ညီမလေး ရေ..
ဘလော့လေး ၅ လပြည့်ပြန်ပြီနော်..
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ညီမလေး ရေ..
မောင်မိုးသောက် ဆူရှီတွေ အကုန်စားသွားတော့ မမ စား
ဘို့မရှိတော့ဘူးပေါ့။ :P
ဘလော့လေးရဲ့ ၅ လပြည့်မွေးနေ့မှသည် ပျော်ရွှင်စွာ
ဆက်လက် ဘလော့ဂင်နိုင်ပါစေ ချစ်သောညီမလေး ရေ.

ချစ်တဲ့
မမ၀ါ

Wed Oct 29, 08:31:00 AM 2008

ကျေးဇူးတင်ပါတယ် မမ၊

နောက်လ ကျရင် အများကြီး ကျွေးမယ်နော်။ :p အခုတော့ ကိုလောဘမိုးသောက်က...... ။ ပြောတော့ပါဘူး။ :z

Blogger Apprenticeship said...

ဆက်လက်ချီတက်နိုင်ပါစေ........

Wed Oct 29, 08:41:00 AM 2008

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ :y

Blogger puluque said...

ဂူးဂူးရေ..
၅လပြည့် အထိမ်းအမှတ်လေးကို ဂုဏ်ယူစွာတက်ရောက်ခဲ့ပါတယ်။ ဂူးဂူးတစ်ယောက် ချစ်တဲ့ ဘလော့လေးနဲ့အတူ ပျော်ရွှင်စွာ ဆက်ဘလော့နိုင်ပါစေ..

Wed Oct 29, 09:56:00 AM 2008

ဂုဏ်ယူစွာတက်ရောက်ခဲ့တဲ့ ကိုပုလုကွေးကို ဝမ်းမြောက်စွာ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စွာ ဆက်ဘလော့ချင်ပါတယ်။ :z

Blogger - said...

ဂျပန်မလေး
ဘလောဂ့်မွေးနေ့လေးမှာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်စုံပါစေနော်၊ ဆက်ပြီးတော့လည်း ဗဟုသုတတွေ၊ အတွေ့အကြုံကောင်းတွေ စဉ်ဆက်မပြတ် မျှဝေ ၊ ပွားများပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ခင်မင်လျက်
ဝင်းဇော်
http://winzaw-mdy.blogspot.com

Wed Oct 29, 10:36:00 AM 2008

ပေးတဲ့ဆု အကုန် ပြည့်ရပါလို၏။ :y

Blogger သက်တန့် said...

ဂုဂုရေ...
ငါးလပြည့်မွေးနေ့ပွဲကို တက်ရောက်သွားပါကြောင်း... :)

Wed Oct 29, 12:40:00 PM 2008

ကျေးဇူးတင်ပါတယ်နော်။ :z

Blogger အိမ်မက်ရှင် said...

ငါးလပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင်
ဤချစ်စဖွယ် ဘလောက်ဂ်လေး တံတည့်နိုင်ပါစေ
တောင်းဆုချွေလျှက် ကျွေးမွေးတာတွေ အားပါးတရ
ကြည့်ရှု အဲမှားလို့ စားသောက်သွားကြောင်းပါ ...

ခင်မင်လေးစားစွာဖြင့်

Wed Oct 29, 01:41:00 PM 2008

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ။ :y

တကယ်ကျွေးချင်ပါတယ်။ :p အခုတော့ ကြည့်ပဲကြည့်အုန်းနော်။ ;) ဂျပန်လာရင် တကယ်ကျွေးမယ်သိလား။ :z

Blogger ဝေလေး said...

ဘလော့လေးငါးလပြည့်မှ ရှေ့သို့ ရှေ့သို့...... :P

Thu Oct 30, 12:18:00 AM 2008

:z ကျေးဇူး ကျေးဇူး။ :z
Blogger Dream said...

ဝေး..ဆူရှီတွေလာစားသွားတယ်.. ဘောလ့လေးငါးလ
ပြည့်မှသည်နောင်ငါးနှစ် သို့တိုင်ပါစေ..
ဒီထက်လည်းကျွေးမွေးနိုင်ပါစေနော်.. ဟီးဟီး..
:) :)

Thu Oct 30, 12:55:00 AM 2008

ကျွေးမှာပေါ့။ စိတ်ချ။ ;) ဆုတောင်းပေးလို့ ကျေးဇူးပါ မက်မက်ရေ။ :z

Blogger ညီအကိုများ said...

ဆူရှီများစားသွားပါကြောင်း... စာကေးမတိုက်လို့စိတ်ဆိုးတယ် :P

မိုးကြယ်

Thu Oct 30, 02:26:00 AM 2008

ကျေးဇူးတင်ပါတယ်နော်။ :z ဆာကေးက ခဏခဏတိုက်လို့ အကုန်အကျသက်သာအောင် ဒီတစ်ခါ မသိချင်ယောင်ဆောင်နေတာ။ ဟိဟိ။ :z

Blogger thihanyein said...

ညီမလေးရေ မုန့်လာစားသွားတယ် နည်းတယ်ကွ
နောက်တစ်ခါ ၆ လဆိုရင် များများလေးနော် အဟီးးး

Thu Oct 30, 09:57:00 AM 2008

ကိုယ်တိုင် လုပ်ထားလို့ နည်းတာပါ။ ;) နောက်လကြရင် Internet ထဲကနေ အများကြီး ရှာပြီး ကျွေးမယ်နော်။ :z

:z နည်းတယ်ဆိုလို့ ရှိတာလေး ထပ်ကျွေးတာပါ။ :z
Delete


အပြည့်အစုံသို့....

Wednesday, October 29, 2008

Blogလေးရဲ့ ငါးလပြည့် မွေးနေ့

ဒီနေ့၊ Blogလေးရဲ့ ငါးလပြည့် မွေးနေ့ပါရှင့်။ ;) ဒါကြောင့်၊ မွေးနေ့လုပ်ပါတယ်ရှင့်။ :p သုံးဆောင်ကြပါရှင့်။ :z ဂျပန်အစားအစာဖြစ်လို့ မကြိုက်နှစ်သက်ခဲ့ရင် အားနာပါတယ်ရှင့်။ :y ဒါပဲ ကျွေးနိုင်လို့ ဒါပဲ ကျွေးလိုက်ပါတယ်ရှင့်။ ;)

ရောသမမွှေ ဆူရှီပါရှင့်။ ;)ယုန်ပုံစံလေးလုပ်ထားပါတယ်ရှင့်။ :p လူကြီးဆိုရင် တစ်လုပ်စာပဲရှိလို့ အားတော့ နာပါတယ်ရှင့်။ :z နည်းနည်းနဲ့ ကောင်းကောင်း စားချင်သူများအတွက် ရည်ရွယ်ပြီး လုပ်ထားတာပါရှင့်။ :z
ရောသမမွှေ ယုန်ဆူရှီလေးက ပြုံးပြနေတယ်ရှင့်။ ;) သူ၊ ဆိုလိုချင်တာက "သူ့ကို ဖြည်းဖြည်းစားပါ"........တဲ့ရှင့်။ :pအပြုံးနဲ့ အသနားခံနေတာပါရှင့်။ :z
ကြိုက်နှစ်သက်ရာ အတို့ အမြုပ်နဲ့ သုံးဆောင်နိုင်ပါတယ်ရှင့်။ :z

Blogger


အပြည့်အစုံသို့....

Tuesday, October 28, 2008

(紅葉)(ခ)(Maple leaves)

(12.11.2006)နေ့က မျက်မှန်တံတားတစ်ခုကို သွားခဲ့ပါတယ်။ ဆောက်ထားတဲ့ နှစ်ကို အတိအကျမသိပေမယ့် အခုအခါမှာတော့ အသုံးပြုလို့မရတော့ပါဘူး။ အလှပဲ ကြည့်လို့ ရပါတော့တယ်။ ;)ပုံမှာ တွေ့ရတဲ့ မျက်မှန်ပုံစံ အကွင်းနှစ်ခုရဲ့ အပေါ်မှာ မျက်မှန်ကိုင်းလိုမျိုး အတန်းကြီး ရှိပါတယ်။ သေချာမမြင်ရပေမယ့် အဲဒါ ရထားသံလမ်းပါ။ အဲဒီ ရထားသံလမ်း ပေါ်ကို တက်ကြည့်လို့ ရတယ်ရှင့်။ :z

ဘေးဘက်တောလမ်းကနေ တက်ကြည့်လိုက်တော့ ရထားသံလမ်းပေါ် ရောက်သွားတာပေါ့နော်။ :z

ရထားသံလမ်းပေါ် ကနေ မြင်ရတဲ့ မြင်ကွင်းပေါ့။ တောင်နှစ်လုံးကြားမှာ တံတားသေးသေးလေးရှိတယ်။ ချစ်စရာလေးနော်။ ;) ရှုခင်းလေးကလည်း ကဗျာဆန်တယ်နော်။ ပန်းချီကားနဲ့ တူလို့ ဓာတ်ပုံရိုက်ယူခဲ့တာ။ :z
တကယ်တော့ အဲဒီကို သွားပြီး (紅葉)မိုမိဂျိ ကို သွားကြည့်ခဲ့တာပါ။ ဂျပန်မှာ ချယ်ရီနဲ့ (紅葉)မိုမိဂျိ ပွင့်တဲ့အချိန်ဆိုရင် ”(花見)ပန်းကြည့်ပွဲ” ဆိုပြီး လူတွေက ပန်းပွင့်တဲ့နေရာတွေကို တကူးတက သွားကြည့်ကြပါတယ်။ ချယ်ရီကတော့ ပန်းခြံတွေမှာလည်း ကြည့်လို့ရတယ်။ ချယ်ရီပွင့်ချိန်ဆို ရထားသံလမ်းဘေးတွေမှာတောင် မြင်နေရလို့ ကျမကတော့ ချယ်ရီကို တကူးတက သွားမကြည့်ဖြစ်ဘူး။ ;) ပြီးတော့ ၊ချယ်ရီထက်(紅葉)မိုမိဂျိ ကို ပိုကြိုက်တယ်သိလား။

တစ်ရောင်ပြီး တစ်ရောင် ပြောင်းသွားတာ လှမှလှ။ ကြည့်ပါလား။ အခု ဓာတ်ပုံမှာတောင် အရောင်စုံလေး။ ဘယ်လောက်လှလဲ။ တစ်ပင်ထဲမှာ ရှိပြီး အရောင်တွေ ကွဲပြားနေတာ။ လူ့သဘာဝလိုပဲ။ :p လူတွေလည်း အဲလိုပဲလေ။ နေရာ၊ ဒေသကို လိုက်ပြီး စိတ်ဓာတ်တွေက ပြောင်းလဲတက်လိုက်ကြတာ။ :y (紅葉)မိုမိဂျိလည်း အဲလိုပဲ။ စစချင်းက အရောင်တစ်မျိုး၊ တဖြည်းဖြည်းနဲ့ တစ်ခြားအရောင်တစ်မျိုးကို ပြောင်းသွားတာ။ လူ့သဘာဝနဲ့ တူလို့ (紅葉)မိုမိဂျိကို ကျမတော့ ကြိုက်တယ်။  :p
(紅葉)မိုမိဂျိက Autumn မှာပဲ ကောင်းကောင်းကြည့်လို့ရတာလေ။ အခု၊ Autumn ရောက်ပြီ။ သွားကြည့်လို့ ရပြီ။ :z

(紅葉)မိုမိဂျိကို မေပယ်လ်ရွက်(Maple leaves)လို့ ခေါ်တယ်သိလား။ ;)

အဲဒီ ဂျပန်စာလုံး(紅葉)က ထူးဆန်းတယ်။ မိုမိဂျိ(Momiji)လို့လည်း အသံထွက်တယ်။ ကိုးရော(Kou you)လို့ လည်း အသံထွက်တယ်။ မိုမိဂျိကတော့ လူသုံးများတယ်သိလား။ :z

အပြည့်အစုံသို့....

 

Design By:
SkinCorner