Friday, October 31, 2008

မဗေဒါနဲ့ တွေ့ရာဝယ်


(29.10.2008)နေ့
မဗေဒါနဲ့ Tokyo Dome ကို လျှောက်လည်ခဲ့တယ်သိလား။ :z မဗေဒါကို သိတယ်ဟုတ်။ စင်္ကာပူက Blogger လေ။ ဟိုတစ်ခါ၊ ဂျပန်လာမလို့ သိချင်တာလေးတွေ ကျမဆီမှာ လာမေးရင်း၊ ကျမကလည်း အမေးကမ္ဘာ ဖြေစရာ(12) , ဂျပန်နိုင်ငံ၏ လည်ပတ်စရာ နေရာများနဲ့ ဖြေပေးရင်းနဲ့ Blog မှာတင်မဟုတ်၊ G-talk မှာပါ ခင်သွားကြတာ။ ;) အခု သူမက ဂျပန်မှာလေ။ စရောက်တဲ့ နေ့တွေက ကျမလည်း ဘာတွေမှန်းမသိ အလုပ်တွေ ရှုပ်နေလို့ Phoneနဲ့ SMS နဲ့ပဲ ပြောဖြစ်ပါတယ်။ (29.10.2008) နေ့ကြမှပဲ လူချင်းတွေ့ဖြစ်ကြတော့တယ်။ :z ကျမက သူ့ကို ရှင်းဂျုကုမှာ တွေ့ဖို့ ချိန်းလိုက်တယ်။ Internet ထဲမှာ ရှာပြီး ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ်ရထားစီးလာလို့တောင် အတိအကျမှာလိုက်သေး။ ;)

သူမက ချိန်းထားတဲ့အချိန်ထက် ချိန်းတဲ့နေရာကို ကျမထက်စောရောက်နေတာပါ။ ဟိ ဟိ၊ ရောက်တာမှ ကောင်းကောင်းရောက်နေတာ ဟုတ်ဘူးသိလား။ :p Video Camera ကြီးနဲ့။ ကျမက လက်မှတ်ပေါက်ပဲ ဖြတ်ရသေး၊ သူမအရင် သူမရဲ့ Video Camera ကြီးမြင်လိုက်တာ လန့်တောင်လန့်သွားတယ်သိလား။ :y ဒါနဲ့ ၊ မြန်မြန်ဖြတ်ပြီး သူ့မနား သွားရပ်လိုက်တယ်။ :zသူမရဲ့ Video Camera ကို လန့်ပေမယ့် သူမကို တွေ့လိုက်တော့ အရမ်းပျော်သွားတယ်သိလား။ ဒါနဲ့ နှုတ်ဆက်စကားတောင် မဆိုဖြစ်ဘဲ "ရောက်တာကြာပြီလား" .....လို့ လှမ်းမေးလိုက်တယ်သိလား။ :p သူမက Videoရိုက်နေရင်း တန်းလန်းနဲ့ ဘာမှ ပြန်မပြောပဲ ကြောင်ကြည့်နေတယ်။ ;) ဟိ ဟိ၊ ပြီးမှ "ဪ၊ အေး "..တဲ့။ ဟ ဟား။ ရယ်ရတယ်သိလား။ ;) မဗေဒါက ကျမကို ဂျပန်မလေးထင်လို့ .........တဲ့။ ဘာပြန်ပြောရ ကောင်းမလဲ စဉ်းစားနေတာ........တဲ့။ ပြီးမှ၊ မြန်မာစကားပြောသံကြားမှ ကျမမှန်းသိသွားတာ.......တဲ့။

ဟိ ဟိ။ ကျမကသာ သူမကို မြင်ဖူးတာ၊ သူမက ကျမကို မြင်ဘူးဘူးလေ။ ဒါကြောင့်၊ ဂျပန်မလေးလို့ ထင်တာ။ ;) ဒါနဲ့ "သွားကြရအောင်"လို့ ပြောပြီး ကျမက ရှေ့ကထွက်သွားတယ်။ သူမက လိုက်မလာ။ :d "ဟိတ်၊ လာလေဟာ" ဆိုတော့ "နင့်ကို အခုထိ ဂျပန်မလေးလို့ ထင်တုန်းပဲ" တဲ့။ ဟိ ဟိ၊ ကျမကလည်း ကျမပဲ။ ဂျပန်မလေးတစ်ယောက်လို အပြင်အဆင်နဲ့ ဆိုတော့ သူမ အဲလို ထင်တာလည်း သူမ အပြစ်တော့ မဟုတ်။ တတ်နိုင်ဘူးလေနော်။ ;) ဂျပန်ရောက်မှ ဂျပန်တစ်ယောက်လို ဝတ်စားဆင်ယင်ရတာပေါ့။ အမြင်မရိုင်းရင် ပြီးရောလေ။ ဟုတ်ဘူးလား။ :z သူမလည်း မြန်မာမလေးနဲ့တော့ မတူပေါင်။ ;)

ဒါနဲ့ပဲ ပြောပြောဆိုဆိုနဲ့ နှစ်ယောက်သား ရထားစီးဖို့ ထွက်လာခဲ့တယ်။ :z ရထားကလည်း ချောင်မှချောင်။ ချောင်တော့ ကောင်းတယ်သိလား။ မြန်မာလို ပြောရတာ လွတ်လပ်တယ်။ :z အခုမှ တွေ့ဖူးတဲ့ သူငယ်ချင်းနှစ်ယောက် လေပေါလို့ ကောင်းနေလိုက်တာ ရထားစီးတာ တော်တော်ကြာနေပြီ။ မရောက်သေး။ ဒါနဲ့၊ အပေါ်ထပြီး ရထားဘူတာတွေ ညွှန်ပြထားတာကို ကြည့်လိုက်တော့ ကိုယ်သွားရမယ့် ဘူတာက ကျော်ခဲ့ပြီ။ :( ဟိ ဟိ။ ဒါနဲ့ ၊ မဗေဒါကို ပြောပြီး ရထား ပြန်ပြောင်းစီးရတော့တာပေါ့နော်။

အဲဒီ ရထားလိုင်းက တော်တော် စိတ်ညစ်ဖို့ကောင်းတယ်သိလား။ လိုင်းနာမည်က Chuo - Sobu line တဲ့။ Chuo lineရယ် Sobu lineရယ် ရထားလိုင်းတစ်ခုတည်းမှာ ပြေးနေတာ။ လမ်းညွှန်ကြည့်တော့လည်း တစ်ထပ်တည်းလိုပဲ။ :( ဒါနဲ့၊ နောက်တစ်ခေါက် ရထားပြောင်းစီးတာ စီးလိုက်တဲ့ရထားက Chuo line ဖြစ်ပြီး ကျမတို့ သွားချင်တဲ့နေရာကို မရောက်မှန်း ရထားမောင်းကြေငြာတဲ့အသံကြားမှ သတိထားမိတယ်။ သေချာအောင် ရထားလိုင်းနာမည်ကို ဖတ်လိုက်တော့ Chuo line တဲ့။ ဟုတ်မှဟုတ်။ မရောက်ရေးချ မရောက်။ :p ကျမတို့ သွားရမယ့် ဘူတာက Sobu line မှာရှိတာလေ။ ;) ဟိ ဟိ။ ဒီတစ်ခါတော့ စင်္ကြံမှာတင် ပြောင်းစီးလို့ မရတော့။ လက်မှတ်ပေါက်ကိုပါ ဖြတ်ရတော့တယ်။ ;) တစ်ခုကောင်းတာက ကျမတို့က ရထားမှားစီးတာလေ။ ဒီဘူတာကို ထွက်ချင်တာမဟုတ်တော့ လက်မှတ်ပေါက်စောင့်တဲ့လူကြီးကို အကျိုးအကြောင်း ပြောပြလိုက်တယ်။ :p သူက စာရွက်တစ်ရွက် ထုတ်ပေးတယ်သိလား။ "ဒီစာရွက်ကို ဟိုဘက်က လက်မှတ်ပေါက်စစ်ကို ပြလိုက်...တဲ့။ လက်မှတ်ဖိုး ပေးစရာမလိုဘူး......တဲ့။ " :z

ဂျပန်မှာက ရထားမှားစီးတာကို အကျိုးအကြောင်းနဲ့ သက်သေမှန်ကန်စွာပြနိုင်ရင် မှားစီးတဲ့ရထားခ ပေးစရာမလိုဘူးလေ။ မဗေဒါကတော့ "မိုက်တယ်ဟ "လို့ ပြောပါတယ်။

ဒါပေမယ့်၊ နှစ်ခါတောင် ရထားမှားစီးတာ ခံရလို့ စိတ်ညစ်တယ်လို့ ပြောပြီး သူမက မှားစီးတဲ့ ဘူတာမှာ အမှတ်တရ Video ကော၊ ဓာတ်ပုံကော ရိုက်ယူခဲ့တယ်သိလား။ Blog မှာ တင်မတင်တော့ မသိ။ ;) ဂုဂုကို ဆရာတင်တာ ရထား နှစ်ခါတောင်မှားစီးရလို့ ကျေနပ်ဘူးတဲ့။ Post မှာ ထည့်ရေးမယ်တဲ့ သိလား။ အဲဒါ ၊ ကျမက သူမ မရေးခင် ကိုယ့်အတင်း ကိုယ်ပြန်ပြောထားတာ။ ;) သူမ ပြန်လာရင် ဒီအကြောင်းတွေကို သူမအမြင်နဲ့ ပြန်ရေးလိမ့်မယ်သိလား။ သွားဖတ်ကြည့်ကြနော်။ :z

ရှက်ရှက်နဲ့ ပြောရရင်တော့ Tokyo Dome ကို တစ်ခါမှ မရောက်ဖူးဘူးသိလား။ ;) အဝေးကြီးတွေပဲ လျှောက်သွားနေတာ Tokyo Dome က မြို့ထဲမှ ရှိတော့ ဘယ်တော့သွားသွားရတယ်ဆိုပြီး မသွားဖြစ်ခဲ့ဘူးလေ။ အခု၊ သွားမယ်ဆိုတော့ Internet ထဲမှာ ရှာပြီး သွားတာ။ :z တစ်ခါမှ မရောက်ဖူးဘဲနဲ့ မဗေဒါကို ခေါ်သွားတာသိလား။ ;) ဒါကြောင့်၊ ရထားမှားစီးတာ။ :z ဟိ ဟိ။ {တစ်ကယ်က သေချာ ရှာပြီးသား၊ ဘယ်နှစ်နာရီ၊ ဘယ်နှစ်မိနစ် အဲဒီ ဘူတာကို ရောက်မယ်ဆိုတာလေ။ သူမကို တွေ့တော့ အပျော်လွန်ပြီး Direction ကို သေချာမကြည့်လို့ အဲလို ဖြစ်တာ။ }အဖော်နဲ့ဆိုတော့ မှားလည်း ကိစ္စမရှိဘူးလေနော်။ ;) မရောက်ဖူးတဲ့ ဘူတာတွေတောင် ရောက်ဖူးသွားသေး။ :z

မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

11 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

ဆရာတင်မိတာ မှားပါတယ်။ :P

Anonymous said...

ဖြစ်ရမယ် ...
ဟားဟ သူ့ကိုယ်သူ ဂျပန်မလေး ပြောလို့
ကျေနပ်နေတယ်ပေါ့ .. မြင်ယောင်သေးတယ်
ကျေနပ်နေမယ့် မျက်နှာကို ...

မိုးပြေး said...

ပြောသားပဲ ဂျပန်မလေးပါလို့  ခုတော့ဟုတ်ပြီမလား..။ရထားမှားစီးတော့ ဘာဖြစ်လဲဗျာ။ပိုစီးရတာပေါ့လေ.. :P နောက်တစ်ခါ မမှားချင်ရင် ရဟတ်ယဉ်ငှားလိုက်ပေါ့ဗျာ။ ရှုခင်းပိုကောင်းတာပေါ့။ ဓတ်ပုံ ပိုရိုက်လို့ ကောင်းမယ်ထင်တယ်။

mgngal said...

လမ်းမသိ လမ်းညွန်မြေပုံကြည့်သွားဆိုတာ ဒါပြောတာပေါ့ ။ နှစ်ခါပဲ မှားတာ ကံကောင်း ။:P

စိုင်းစိုင်းလားရှိုး said...

ဖြစ်ရမယ် ဂုဂုကတော့ ဟိုတစ်ယောက်ကတော့ မဗေဒါ တစ်ပင်ထဲ ဘဲအုပ်က တစ်ရာနှစ်ရာမကတယ် ဖြစ်နေတော့မှာပေါ့နော်။ ကြာနေပြီ ရထားမှားစီးတာတော့
ဟဲဟဲ အရမ်းတော်တာပေါ့နော်။ ဂျပန်မလေးနဲ့ တူတယ်တဲ့
အဟီး ;p

ဝေလေး said...

မမ. ဟုတ်သားပဲ မှားတော့လည်း မရောက်ဖူးတဲ့နေရာတွေရောက်တာပေါ့နော်... :P

puluque said...

ဂူးဂူးရေ..
ဂျပန်မလေးလို့ မဗေဒါမြောက်လိုက်တာနဲ့ ဘူတာတွေ မှားကုန်တာလား။ မှားတာ ပိုကောင်းတယ်သိလား။ ဒါမှ မဗေဒါ video ပိုရိုက်လို့ရမှာ။ မဗေဒါကို မှာရအုန်းမယ်။ ဂျပန်မလေးကို ပါရိုက်ခဲ့လို့...

Unknown said...

ဟားဟား ဂျပန်မလေး ရထားမှာစီးတာ ဖတ်မိတော့ ရယ်ရတယ်
ပျော်စရာကြီးနေမှာပဲနော်။

ညီအကိုများ said...

မဗေဒါနဲ့ဆိုရင်တော့ အလိုအလျောက် မင်းသမီးဖြစ်ပြီသာမှတ်တော့..

:P

မိုးကြယ်

Unknown said...

အော် သူက ဗေဒါမနဲ့ နှစ်ယောက်ပေါင်း လောင်းကျော်နေတာကိုး. မိုက်တယ်ကွာ ငါ့အတွက်ပါ ပိုလည်ခဲ့

Unknown said...

အော် သူက ဗေဒါမနဲ့ နှစ်ယောက်ပေါင်း လောင်းကျော်နေတာကိုး. မိုက်တယ်ကွာ ငါ့အတွက်ပါ ပိုလည်ခဲ့

 

Design By:
SkinCorner