Saturday, November 1, 2008

Tokyo Dome သို့အလည်တစ်ခေါက်

မဗေဒါနဲ့ တွေ့ရာဝယ် မှာ မဗေဒါနဲ့ စတွေ့တဲ့အကြောင်းတော့ ရေးပြီးပြီ။ ဒီတစ်ခါ Tokyo Dome ကို ရောက်တဲ့အကြောင်း ရေးမယ်နော်။ :z

Tokyo Dome က ဝင်ကြေးမပေးရဘူးသိလား။ နှစ်ယောက်သား ခပ်တည်တည်နဲ့ ဝင်လာလိုက်တယ်။ စစချင်း တွေ့ရတာကတော့ ဖရုံသီးတွေနဲ့ အလှဆင်ထားတဲ့ အဝင်ဝပါ။ Halloween ပွဲတော်ရောက်ခါနီးပြီးမလို့ အလှဆင်ထားတာပါ။ လှတယ်ဟုတ်။ :zဒါလေးကတော့ အလည်လောက်ကို ဝင်လာတော့ တွေ့ရတဲ့ Halloweenလေးပါ။ သရဖူလေးတောင် ဆောင်းထားသေး။ :z ချစ်စရာလေးနော်။ ရယ်ပြနေပုံလေးက ကြောက်စရာလည်း ကောင်းဘူး။ ;) အဲဒီမျက်နှာထဲကိုဝင်ပြီး ဓာတ်ပုံရိုက်လို့ရတယ်သိလား။ :z များသောအားဖြင့်၊ ကလေးလေးတွေ ဝင်ရိုက်နေတာတွေ့ပါတယ်။ ဟိ ဟိ၊ ကလေးဆိုးကြီး နှစ်ယောက်လည်း ဝင်ရိုက်ခဲ့တယ်သိလား။ :p



ဘေးချင်းကပ်ရက်မှာ အဲဒီအရုပ်လေး သုံးရုပ်ထိုင်နေတာတွေ့လို့ သွားရောက် စပ်စုကြည့်တော့ Halloweenဝတ်စုံဝတ်ပြီး အဲဒီအရုပ်တွေနဲ့ ဓာတ်ပုံရိုက်လို့ ရတယ်တဲ့။ "ဪ၊ ဟုတ်လား။ ဒါဆို၊ ကျမတို့လည်း ရိုက်ချင်ပါတယ်" လို့ ပြောတော့ သူက "Stamp ထုပြီး လာပြပါ"....တဲ့။ Stamp လာပြရင် Halloweenဝတ်စုံနဲ့ အလကား ဓာတ်ပုံရိုက်ပေးမယ်တဲ့။ ကိုယ့် Cameraနဲ့ ကိုယ်ဆိုရင်တော့ အရုပ်နဲ့တော့ ရိုက်လို့ ရတယ်။ Halloweenဝတ်စုံတော့ ပေးမဝတ်ဘူး.....တဲ့။ :c ဟင့် ဟင့်။ Halloweenဝတ်စုံလေး ဝတ်ချင်ပါတယ်ဆိုမှ။ သူတို့က Stamp ပြမှ.....တဲ့။

ဒါနဲ့ မဗေဒါက "Stamp ရအောင် ငါတို့ လက်မှတ်သွားဝယ်ကြရအောင် "လို့ ပြောပါတယ်။ ဒီလိုနဲ့၊ လက်မှတ်ရောင်းတဲ့နေရာဆီကို ချီတက်ခဲ့တော့တာပေါ့နော်။ လက်မှတ်က ရှိသမျှစီးစရာတွေကို ကြိုက်သလောက်စီးလို့ ရတဲ့ Free pass ပါ။ :z ကံကောင်းချင်တော့ ဒီနေ့က အမျိုးသမီးတွေအတွက် အထူးနေ့ဖြစ်နေပြီး ယန်း(3000)တန်လက်မှတ်ကို ယန်း(500) Discount ရပြီး ယန်း(2500)ပဲ ပေးရတယ်သိလား။ အမျိုးသမီးဖြစ်ရတာ ဒီတစ်ခါတော့ ကောင်းတယ်။ ;)
တကယ်တော့ မဗေဒါတစ်ယောက်တည်း လက်မှတ်ဝယ်တာပါ။ သတ္တိခဲ ကျမက မဝယ်ဘူး။ ;) ဟိဟိ၊ ကျမက ဘာမှ မစီးရဲဘူးလေ။ မြင်တာနဲ့တင် လန့်နေပြီ။ :y စီးလိုက်လို့ကတော့ သေသွားမလားပဲ။ :y အဲလောက် သတ္တိကောင်းတာ။ :p မဗေဒါက သူမတစ်ယောက်တည်း ဖြစ်နေလို့ အတင်းခေါ်သေးတယ်သိလား။ ကျမက "ငါသေရင် နင်တရားခံ ဖြစ်သွားလိမ့်မယ်နော်" ;) လို့ ခြိမ်းခြောက်လိုက်တော့မှ ဒါဆိုလည်း "တစ်ယောက်တည်းပဲ စီးတော့မယ် " ဆိုပြီး ဖြစ်သွားတယ်။ :z

စစချင်း စစီးတာက Thunder Dolphinပါ။ Disney Landမှာ ရှိတဲ့ အရာထက် ပိုမြင့်တယ်ဆိုပဲ။ ကျမကတော့ ကြည့်တာနဲ့တင် လန့်လို့ ဆက်မကြည့်တော့။ ;) ဒါပေမယ့်၊ သူမကို လိုက်ပို့လိုက်ပါတယ်။ အပေါက်ဝထိလေ။ :z သူမကအမှတ်တရ နဲ့ မှတ်တမ်းတင်ခိုင်းလို့ Video ရိုက်ပေးလိုက်တယ်။ ဟိ ဟိ၊ "သတ္တိခဲကြီး မဗေဒါ၊ အဆင်ပြေပါစေ။" လို့တောင် Video ရိုက်ရင်း၊ ကျန်လက်တစ်ဖက်က လက်ပြရင်း၊ ဆုတောင်းပေးလိုက်သေးတယ်သိလား။ :zဟိုရောက်ဒီပေါက်သွားနေတဲ့ Thunder Dolphin ကြီးက အဆောက်အဦးကြီး တစ်ခုကနေ ထွက်လာသေးတယ်သိလား။
အပေါ်ကနေ မြင်ရတဲ့ Thunder Dolphin ပါ။ :z (Big-O စီးတုန်းက မြင်ရတာလေ။) ;)

တတ်သလောက် မှတ်သလောက် Camera နဲ့ Video ရိုက်ထားတာပါ။ မဗေဒါ တင်တော့မှ သေချာ ကြည့်ကြည့်တော့နော်။ :p အခုကတော့ အမြည်းပေါ့။ :z


ဆက်ရန်။
မကြာမီ ၊ လာမည်။
မျှော်။ :z

14 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ဟိုက်ရှားပါး ပျော်စရာကြီးပါလားဝေး၊ အဲဒါကြီးတွေစီးချင်တာ၊ ဂုဂုနဲ့ဗေဒါ ပျော်စရာတွေနဲ့ ရေရေလည်လည် မော်ခဲ့တယ်ပေါ့၊

khin oo may said...

kom: အမြည်းလေ။ဖတ်သွားတယ်။ ကြည်.လည်းသွာါးပတယ်။

Anonymous said...

ဟား ဓါတ်ပုံတွေ ကြည့်ပြီး အားကျသွားတယ်ကွာ ..
မယ်ဂု ကို ဖမ်းပြီး အဲ့ဒီပေါ် တင်ပေးလိုက်ရမှာ :P
ပုံတွေကို ကြည့်ရတာနဲ့ တင် ပျော်စရာကောင်းတယ် ..
ဓါတ်ပုံရိုက်ဖို့ သတိရတဲ့ နာ့သယ်ရင်းကို အရမ်းကျေးဇူးတင်ပါတယ်
နောက်ကို များများရိုက်ပြီး များများတင်နော် ..
မရောက်ဖူးပေမယ့် မြင်ဖူးတော့ ကောင်းတာပေါ့

Unknown said...

အားမငယ်နဲ့... ငါလည်းမရဘူး
အဲဒါတွေစီးရင် ခေါင်းမူးတယ်။

Apprenticeship said...

အင်းအတော်ရင်ခုန်ဖို့ကောင်းတဲ့လက်မှတ်တွေ စီးပြီးမှ ဆင်းမယ်အော်ပြီး အမျိုးစုံအောင်လိုက်စီးဘူးတယ် :D :)

Unknown said...

အကိုကတော့ ၈ တန်းနှစ်လောက်က ရဟတ်တခါပဲ စီးဘူးတယ်။ အဲလို စီးရတာကို တော်တော်ကြောက်တယ်။ အောက်ဆင်းတဲ့အခါမှာဆိုရင် ပိုကြောက်တယ်။ ဘာပဲဖြစ်ဖြစ်ပါ မရိုးရအောင် ပို့တွေတင်ပေးနိုင်တာ လေးစားပါတယ်။း)

ဝေလေး said...

အင်း. . ကြည့်ရတာတော့ကြောက်စရာပဲ.. စီးရင်ဘယ်လိုနေလည်းမသိဘူး...

အလင်းစေတမန် said...

သားသားက မစီးရဲဘူး

အရုပ်ကလေး said...

ကိုယ် မရောက်ဖူးတဲ့ မြို့တော်က အလှအပ
ပျော်ရွှင်စရာလေးတွေကို အချိန်ပေးပြီး ဓါတ်ပုံရိုက်
ပို့စ်တင်တဲ့ အတွက် ဗဟုသုတ ကို ရရှိစေလို့
ကျေးဇူးတင်ပါသည် .. နောက်နောင်များလည်း
ဆက်လက် ဗဟုသုတ ဂျပန်ရဲ့ အလေ့အထလေးတွေ
မျှဝေပေးပါဦးလို့ တောင်းဆိုရင်း
ညီမလေး တစ်ယောက်လဲ ပျော်ရွှင်သောနေ့ရက်တွေနဲ့
ဘ၀ကို ဖြတ်သန်းနိုင်ပါစေ

စိုင်းနောင့် said...

အစ်မခင်ဗျား
စာတွေအများကြီးဖတ်ရသလို နိုင်ငံတကာ အတွေ့အကြုံတွေ လေ့လာခွင့်ရလို့ ၀မ်းသာတယ်။ နောက်ထပ်ရေးသား တင်ပြပေးပါ
လေးစားလျက်

Anonymous said...

ပျော်စရာကြီးနေမှာပဲနော်.. ကျွန်တော် စီးချင်လိုက်တာ.. အစ်မက ဘာလို့ မစီးခဲ့တာလဲ..
အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူး...

ဇင်ယော် said...

ဟဲ နာတို့ က သတ္တိခဲကွ ဒါမျိုးမြင်ရင် အနားတောင် မကပ်ဘူး။ ငှဲငှဲ အဲဒီပေါ် မယ်ဂုကို ဖမ်းချုပ်ပြီး တင်ပေးလိုက်လို့ ကတော့ကွာ ဟေဟေဟေ. ပျော်စရာကြီးနေမှာပဲ။

puluque said...

ဂူးဂူးရေ.. စီးချင်လိုက်တာဗျာ. ကျတော် ဂျပန်ရောက် ရင်လိုက်ပို့..။ဂျပန် ကို ဘယ်တော့မှ ရောက်မယ်မှန်းမသိပဲ ကြိုတင်စရံရိုက်ထားလိုက်ပါတယ်။

Anonymous said...

ပျော်စရာကြီးပါလား ....။ မြင်တာနဲ့တောင်ပျော်သွားပြီ။ ကိုယ်လွတ် စိတ်လွတ် ပဲပေါ့ ... ဟုတ်တယ် ဟုတ်။

 

Design By:
SkinCorner