Wednesday, September 10, 2008

ဂျပန်နိုင်ငံ၏ လည်ပတ်စရာ နေရာများ

8 Sep 08, 03:48
mabaydar: တိုကျိုကိုလကုန်လောက်လာလည်မလို့..တိုကျိုနဲ့ပတ်သတ်တဲ့အကြောင်းလေးတွေ.. ဘယ်တွေသွားလည်လို့ရတယ်..
8 Sep 08, 03:49
mabaydar: ဘယ်လိုသွားရတယ်.အသုံးဝင်မဲ့ဂျပန်စကားနဲနဲလောက်ပိုစ့်လေးတင်ပြီးသင်ပေးပါလား.
Onegashimesu(ဟုတ်လားတော့သိဘူး)


ဟုတ်ကဲ့ရှင့်။ ကျမသိသလောက် ပြောပြပေးပါမယ်ရှင့်။
အရင်ဆုံး မေးချင်တာကတော့
သူငယ်ချင်းက လာကြိုမှာလားရှင့်။
လာကြိုမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ လာမကြိုခဲ့ရင် ရထားနဲ့ ဖြစ်ဖြစ်၊Bus နဲ့ ဖြစ်ဖြစ်၊ Taxi နဲ့ ဖြစ်ဖြစ် မြို့ထဲကို သွားရပါမယ်။ Custom ဖြတ်ပြီးတာနဲ့ Information Center ကိုရှာပါ။ သူတို့ကို ကားလက်မှတ် ဘယ်မှာ ဝယ်ရမလဲလို့ မေးပြီး ကားလက်မှတ်ရောင်းတဲ့ ကောင်တာမှာ သွားဝယ်ပါ။ အလိုအလျောက် စက်နဲ့ ဝယ်လို့ရပေမယ့် ကားလက်မှတ်ရောင်းတဲ့ ကောင်တာ မှာ သွားဝယ်တာက ပိုသေချာလို့ပါ။ TAXI ကတော့ ဈေးကြီးလွန်းလို့ မစီးတာကောင်းမယ်လို့ ထင်ပါတယ်။ Bus က မြို့ထဲကို တိုက်ရိုက်သွားတာပါ။ လမ်းမှာလည်း မရပ်ပါဘူး။ ကျမကတော့ Bus နဲ့ သွားရတာ ကြိုက်တယ်ရှင့်။ တလမ်းလုံး ရှုခင်းတွေကို ငေးလာရတာ ပျော်စရာကြီး သိလား။ ရထားနဲ့က တစ်ခါ သွားဖူးပေမယ့် ရှုခင်း သိပ်မမြင်ရသလိုပဲ။

လေဆိပ်က အချက်အလက်လေးတွေ လိုရမယ်ရ ဖော်ပြလိုက်ပါတယ်။
Narita Airport
Rail
Bus and Taxi
Road Maps & Parking
Connecting between Terminals

လေဆိပ်မှာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေကို လမ်းညွှန်ထားတဲ့ Pamphlet ရှိပါတယ်ရှင်။ ဘာသာစကား (4)မျိုးလောက်နဲ့ ရေးထားတဲ့Pamphlet ပါ။ အဲဒါကို ယူလာခဲ့စေချင်ပါတယ်။


စစခြင်း လမ်းညွှန်ချင်တဲ့နေရာကတော့ ကမခုရ ဘုရားပါပဲရှင်။ ကမခုရဘုရားကို မြန်မာတိုင်း သွားရောက်ဖူးမြော်လေ့ရှိလို့ပါ။ 7:00မှ 18:00 ထိ သွားရောက်လို့ ရပါတယ်ရှင်။ ဘူတာမှာ ကမခုရဘုရားကို သွားချင်လို့ပါလို့ စုံစမ်းရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ ရထားလိုင်းမျိုးစုံနဲ့ သွားလို့ ရလို့ ကမခုရဘုရားရှိတဲ့ ဘူတာကိုပဲ ညွှန်ပြလိုက်ပါတယ်ရှင်။ ENOSHIMA LINE 江ノ島線 ,
NAGATANI STATION 長谷駅  ပါ။

နောက်တခုက တိုကျိုတာဝါ ပါ။ တိုကျိုတာဝါကနေ ကြည့်ရင် ဂျပန်နိုင်ငံရဲ့ ရှုခင်းတွေကို အကုန်မြင်ရပါတယ်။ အရမ်းလှပါတယ်ရှင်။
အနီးဆုံး ဘူတာတွေကတော့ HIBIYA LINE ၊ KAMIYACHOU STATION။
OEIDO LINE ၊ AKABAHASHI STATION ပါ။

HAKONE က စီးစရာယာဉ် အစုံဆုံး မလို့ပါ။ ယာဉ်မျိုးစုံကို HAKONE မှာ တွေ့ရပါလိမ့်မယ်ရှင်။ မိုးပေါ်ကနေ စတီးကြိုးလိုမျိုးနဲ့ ပြေးနေတဲ့ ကောင်းကင်ရထား (Hakone Ropeway)က ရင်တုန်ဖို့လည်း ကောင်းသလို ပျော်ဖို့လည်း ကောင်းပါတယ်။ ထူးထူးဆန်းဆန်း ယာဉ်မျိုးစုံကို တနေရာထဲမှာ တွေ့နိုင်တာဖြစ်လို့ သွားဖြစ်အောင် သွားပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ ရေပူစမ်းလည်း ရှိတယ်ရှင်။ ပြတိုက်တွေလည်း အများကြီးပဲ။ HAKONE မှာ ရှိတဲ့ ASHI ကန်ကနေ ကြည့်ရင် FUJI တောင်ကိုမြင်ရတယ်ရှင့်။ ASHI ရေကန်ထဲကနေကြည့်ရတဲ့ FUJIတောင်က FUJIတောင်ကို အနီးကပ်သွားကြည့်တာထက် ပိုလှတယ်ရှင့်။ HAKONE Free Pass ဝယ်သွားပါရှင်။ အရမ်းတန်ပါတယ်။ ဒီမှာ ကြည့်ကြည့်ပါနော်။

ဆက်ရေးပါအုန်းမယ်ရှင်။ ;)

7 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

mabaydar said...

ကျေးဇူးပဲ မီကူမီရေ... မဗေဒါလေ့လာလိုက်ပါ့မယ်.. ဆက်ရေးပါအုံး..

မာ့ခ် said...

မမလေး။ NAGATANI STATION 長谷駅 ကို Hase လို့အသံထွက်ပါတယ် မမလေး။ nagatani မဟုတ်ပါဘူး။ :P

မာ့ခ်

megumi said...

Yahoo 路線情報(လမ်းပန်းဆိုင်ရာသတင်းအချက်အလက်)မှာ NAGATANI လို့ ရှာလိုက်တာ တွေ့ပါတယ်အကိုရေ။ HASE လို့ ရှာလည်း တွေ့ပါတယ်။ NAGATANI လို့လည်း အသံထွက်တယ်လို့ ထင်ပါတယ်ရှင့်။ :p

ဝေလေး said...

မမရေ..ဂျပန်လာဖို့တော့အစီအစဉ်မရှိ.. အဟဲ.. နေရာလေးတွေတော့ကြည့်သွားတယ်.. :P

mabaydar said...

မီကူမီရေ.. မဗေဒါကလဲ တိုကျိုအကြောင်းဘာမှမသိ မဗေဒါသူငယ်ချင်းကလဲ ဟိုရောက်ခါစဆိုတော့ မလည်မဝယ်.. tour package ဝယ်ပြီးမလာချင်ပေမဲ့.. ဝယ်ပြီးပဲလာရတော့မယ်ထင်ပါတယ်.. :(

mabaydar said...

ဆော်တီး.. ညီမရေ.. ညီမကို ဒုက္ခပေးသလိုဖြစ်နေပြီ.. ဟီး.. ရပါတယ်.. အစ်မကဒီလိုပဲပြောတာ.. ညီမ mood ရမှရေး... အစ်မအတွက်သက်သက်ကြီး စိတ်ဖိစီးမခံနဲ့.. ဒီလောက်ပြောပြတာတောင် ကျေးဇူးတင်လှပြီ.. ညီမပြောပြထားတာတော်တော်စုံလင်နေပါပြီ.. gtalk မှာ ညီမခွင့်ပြုတယ်ဆိုရင် add လိုက်မှာပေါ့.. ရှုပ်သလိုဖြစ်မှာစိုးလို့ ညိမ်နေတာ.. ဟဲ..ဟဲ.. အစ်မက tour နဲ့လာရတာထက် ကိုယ့်ဘာကိုယ်လာရတာကို ပိုရင်ခုန်လို့.. မိုက်မိုက်မဲမဲ ကိုယ့်ဘာကိုယ်ပဲလာတော့မယ်ကွယ်.. ညီမပိုစ့်ထဲက နေရာတွေကို သေချာ စာအုပ်ထဲမှာမှတ်ထားတယ်..သွားမလို့.. HAKONE Free Pass ဆိုတာက ဘာလဲတော့သေချာနားမလည်ဘူး... အဲမှာရှိတဲ့ ယာဉ်အကုန်စီးလို့ရတာပေါ့.. Odakyu Sightseeing Service Center ဆိုတာက အဲဒိနားတဝိုက်မှာပဲရှိတာလား.. အဲမှာ ဝယ်ရမှာပေါ့??..

mabaydar said...

Hakone အကြောင်းက သိပ်နားမလည်ဘူး.. မရောက်ဖူးတော့ မျက်စိထဲမပေါ်ဘူး.. unlimited လဲပြောသေးတယ်.. one round trip လို့လဲပြောသေးတယ်.. ပြီးတော့ departure station ပေါ်မူတည်ပြီး ပိုက်ဆံကကွာသေးတယ်.. departure station ဆိုတာကရော ဘာကိုဆိုလိုတာလဲ.. ပြီးတော့ 2days 3days ဆိုတာတွေ့တယ်. အဲဒိနေရာက တိုကျိုကနေ နေ့ချင်းပြန်သွားလို့မရဘူးလား.. ဒါမှမဟုတ်အဲမှာ ညအိပ်ညနေသွားရတာလား... အဲဒါလေးတော့ သိချင်သား.. သူတို့ system ကဘယ်လိုမှန်း နားမလည်ဘူးဖြစ်နေတယ်...

 

Design By:
SkinCorner