Tuesday, September 9, 2008

TAG ပြီးရင်း TAG

ဒီဇင်ဘာနှင်း ဆိုတဲ့ ချစ်စရာကောင်မလေး(သူမ ပြောတာပဲ။ :p )က TAG ထားတယ် ဆိုပြီး Cboxမှာ လာအော်သွားတယ်ရှင့်။ ကျမက မီးငယ်လေးရဲ့ ကောင်းမှူနဲ့ TAG ပြီးတာ ကြာလှပြီဆိုတာကို သတိမထားမိလိုက်ဘူး ထင်ပါရဲ့ရှင်။ ဟိ ဟိ အကိုအစုတ်ပလုတ် အကောင်းစားလေး ကိုအောင်ဦးကို တောင် အဲဒီTAG ကြီးအကြောင်းပြပြီး ချောက်ချ၊ အဲလေ TAG ပြီးသွားပြီ။ ဒါလည်း သတိမထားလိုက်မိဘူးနဲ့ တူပါတယ်။ သူ့ခမျာ သူသိတဲ့လူတွေ အားလုံးTAG ခံပြီးသွားတော့ ဘယ်သူကို TAG ရကောင်းမှန်းမသိတော့ပဲ ကျမဆီ မြှားဦး လှည့်လာမိပုံပဲ။ သူTAG ထား တဲ့လူကလည်း နည်းနည်းလေးမှ နည်းနည်းလေးဆိုတော့ ကျမ မရေးပေးရင် ကျမလွန်ရာရောက်မှာပေါ့နော်။ ;) ကျမကလည်း အရမ်းအားနာတတ်တယ်ရှင့်။ သူတပါးက လာတောင်းဆိုလာလို့ လုပ်ပေးနိုင်တဲ့ကိစ္စဆို ကူညီလိုက်ရမှ။ :p ဒီတော့ရှင်၊ ရှေ့မျက်နှာ နောက်ထားပြီး ( အဲ၊ လုပ်ကြပါအုန်း၊ မျက်နှာ ခဏ ရွှေ့လိုက်တာ ပြန်ပြင်လို့ ရတော့ဘူး။ မျက်နှာကြီး အနောက်ရောက်သွားပြီရှင့်။ :c )နှင်းလေးတောင်းဆိုတာကို လိုက်လျောတဲ့အနေနဲ့ ကိုယ့်အကြောင်းကို ထပ်ဖော်လိုက်ပါတယ်ရှင်။
အရင်တခါ ရေးပြီးသားရှိတော့ အခုတစ်ခေါက် ပုံစံပြောင်းပြီး ရေးလိုက်ပါတယ်ရှင်။
ကျမအကြောင်းကတော့ရှင်၊ ပြောကို မပြောချင်ပါဘူး။(စကားလှအောင် ပြောတာ၊ တကယ်က ဘာပြောရမလဲကို စဉ်းစားလို့တောင် ပြီးနေပြီသိလား။ ;) )
ဒီလိုရှိတယ်ရှင့်။ ကျမက ဂျပန်မှာ ကျောင်းတက်နေတဲ့ အူကြောင်ကြောင်ကောင်မလေးရှင့်။ :)

ဘာလို့ ဂျပန်ကို ရောက်လာမိမှန်းလည်း ကိုယ့်ကိုကိုယ် သေချာမသိပါဘူးရှင်။ ရောက်ပြီးမှတော့ ရောက်ပြီလို့သာ မှတ်လိုက်တာပဲရှင်။ ဂျပန်မှာ ရှိနေတော့ ဂျပန်နာမည် မှည့်လိုက်တာပေါ့ရှင်။
ပြည့်စုံကြွယ်ဝကုံလုံလို ကုံလုံငြား MEGUMIလို့ ပေးလိုက်တာ။ ကျမရဲ့ သူငယ်ချင်း မိတ်ဆွေတွေက မယ်ဂုမိ၊ မယ်ကုမိ၊ ဂုဂု၊ ဂုဂုလေး၊ ဂျပန်မလေး၊ တီတီ၊ မမ ၊ညီမလေး၊ ညီမလို့ မျိုးစုံခေါ်ကြတာပါပဲရှင်။

ဖုန်းလား????? (2)လုံးတော့ ရှိပါတယ်။ ဆက်မယ့်လူမရှိလို့ အိတ်ထဲ ထည့်ပြီး သိမ်းထားရတယ်ရှင့်။ သိမ်းပြီးမှတော့ မထူးတော့ပါဘူးရှင်။ ဆက်သိမ်းထားလိုက်တော့မယ်ရှင့်။

အကြိုက်ဆုံးအရောင်က အသားရောင်ရှင့်။ လိမ္မော်ရောင်၊ ခရမ်းရောင်လည်း နည်းနည်းကြိုက်တယ်ရှင့်။ မကြိုက်ဆုံးအရောင်ကတော့ ပန်းရောင်ရှင့်။ (ဟိ ဟိ ကျမ BLOG COLOR ကသာ ပန်းရောင်ဖြစ်နေတာ။)

ပစ္စည်းဆိုရင် ချစ်စရာကောင်းတဲ့အရာလေးတွေမှ ကြိုက်တယ်ရှင့်။ ပိစိကွေးလေးတွေ အရမ်းကြိုက်လို့ နေတဲ့အိမ်ဆိုလည်း မီးခြစ်ဆံပုံးလောက်မှာ နေ ၊ ဝတ်တဲ့အဝတ်ဆိုလည်း ကလေးလေးတွေ ဝတ်သလိုမျိုး ဝတ်တယ်ရှင့်။ :)

စားတဲ့အစာဆိုလည်း
သားရေစာ၊ လှတပတ ထူးထူးဆန်းဆန်း မုန့်လေးတွေဝယ်စားပြီး ထမင်းကို တနေ့တနပ်တောင် ပုံမှန် မစားဘူးရှင့်။(ထမင်းတောင် နပ်မှန်အောင် မစားနိုင်တဲ့ဘဝပေါ့ရှင်၊ :c
သားရေစာတွေပဲ စားလွန်းလို့ :p )

ကျောင်းစာက လွဲရင် ကြေငြာဆိုင်းဘုတ်က စာတောင် ဖတ်လို့ စာရေးသမျှ စာရေးဆရာတိုင်းရဲ့စာကို ကြိုက်တယ်ရှင့်။

သီချင်းက စိတ်ညစ်တဲ့အချိန် နားထောင်တတ်ပြီး နားထောင်လို့ ကောင်းတဲ့ သီချင်းမှန်သမျှ ကြိုက်ပါတယ်ရှင့်။ အဲ၊ အဆိုတော်ကတော့ ဟဲလေးနဲ့ စိုင်းစိုင်း၊ ။

မွေးနေ့လက်ဆောင်ကို အလိုချင်ဆုံးပဲ။ (ပေးမယ့်လူ မရှိလို့ :p )

ပျော်ရာမှာ မနေ၊ တော်ရာမှာနေ နေပါသည်။

အချစ်၊ အမုန်း၊ အလွမ်း၊ သံယောဇဉ်တွေကို ဖြစ်နိုင်မယ်ဆိုရင် တခုမှ မခံစားချင်ဘူးရှင့်။

တယောက်တည်း နေရတဲ့အချိန်ကို အရမ်းကြောက်ပြီး :c သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေကို အမှတ်ရနေတတ်တယ်ရှင့်။ :d

မိဘက ချီးကျူးရင် မိုးမမြင် လေမမြင် ပျော်နေတတ်ပြီး {မရောက်ဖူးတဲ့နေရာ (1)ခုကို (1)ယောက်တည်း သွားရသောအချိန်မှာတော့ ရင်ခုန်နေတတ်တယ်ရှင့်။

သူငယ်ချင်းတွေကို အရမ်းခင်လို့ ချစ်သူဆိုတာ ဘာမှန်း သေချာနားမလည်သေးဘူးရှင့်။ :p

ကိုယ့်ရဲ့ အမုန်းဆုံးသူလား??????? ဒီလူရယ်လို့ သီးသီးသန့်သန့်မရှိပါဘူးရှင့်။ စပြီး ရန်ရှာတဲ့လူ၊ ဗလောင်းဗလဲ ပြောတတ်သောလူ၊ ကြီးနိုင်ငယ်ညှင်းလုပ်သောလူ ၊ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန်မယူနိုင်သောလူတွေကိုတော့ ကြည့်မရဘူးရှင့်။ မုန်းတယ်ဆိုတာထက် ကြည့်မရလို့ ဥပက္ခာပြုထားတတ်တယ်ရှင့်။

"သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ဆွဲထားပြီး " ကံ၊ကံ၏ အကျိုး" ကို ယုံကြည်ပြီး ဝဋ်ဆိုတာ လည်တတ်ကြောင်းကိုလည်း လက်ခံနားလည်ထားပါတယ်။

အခုလောလောဆယ်တော့ ဆုတောင်း(1)ခုကို တောင်းနေမိပါတယ်ရှင့်။ :y (ကျမက ဆုတစ်ခုကိုပဲ စွဲစွဲမြဲမြဲ တောင်းလေ့ရှိတယ်ရှင့်။)

ပြောချင်တာတွေ ပြောပြီးသွားလို့ မောမောနဲ့ "အခုလို သတိတရ TAG ပေးဖော်ရတဲ့ နှင်းလေးကို ကျေးဇူးတင်ပါကြောင်း" ကို အပြောချင်ဆုံးစကားတခွန်းအနေနဲ့ ပြောလိုက်ပါတယ်ရှင့်။ :)

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

hnin maung said...

sat pi arr pay nay tal byoo, lar phat twar par tal :)

ဒီဇင်ဘာနှင်း said...

အစ်မရေ ဆောရီးနော် မသိလိုက်လို့ နော်

megumi said...

ရပါတယ်ရှင့်။ (2)ခါပြောတော့ မှတ်မိတာပေါ့နော်။ :p

စိုင်းစိုင်းလားရှိုး said...

မယ်ကုမိ.....
ပြောမယ်လို့ရည်ရွယ်ထားလို့
ပြောလိုက်ပြီ.....................
လာလည်သမျှ တောင်းဆိုသမျှ
မောင်နှမတွေရဲ့ ဂျီကျမှုကို
အလိုလိုက်တတ်တဲ့
ငါ့ညီမရဲ့ စိတ်ရင်းကလေ
ဘ၀မှာအဆင်ပြေမှာဗျ
နောင်ဘ၀မှာဆို ကျိန်းသေတယ်
ပြိုင်ဘက်မရှိတဲ့ အလှကိုပိုင်ဆိုင်မယ့်
နတ်သမီးလေးဖြစ်မှာ...................

ဝေလေး said...

နှစ်ထပ်ရှိတော့မှတ်မိတာပေါ့နော် သီချင်းတွေတောင် ဗားးရှင်းပြောင်းဆိုတယ် လုပ်ကြသေးတာပဲ.. မမလည်း ဗားရှင်းပြောင်းဖြေတာပေါ့ မိုက်တယ် မိုက်တယ် :P

အရုပ်ကလေး said...

ညီမလေး ဖြေထားတာ ရေးထားတာလေးတွေက ဘယ်လိုပဲဖြစ်ဖြစ်
ဖတ်ကောင်းတယ် .. ညီမလေး ဆက်လက်ပြီး
blogger မောင်နှမတွေနဲ့ အဆင်ပြေတဲ့ အနာဂတ်ခရီးကို
လျှောက်လှမ်းနိုင်ပါစေလို့ အစ်ကို ဆုတောင်းပေးပါတယ်

MelodyMon said...

めぐちゃん、စာရေးတာချစ်ဖို့ကောင်းတယ်။ ခုလိုTAGလေးကိုဖတ်လိုက်ရတော့ညီမလေးအကြောင်းပိုသိရတာပေါ့။ (^o^)

ညမီးအိမ် said...

သူငယ်ချင်းတွေကို အရမ်းခင်လို့ ချစ်သူဆိုတာ ဘာမှန်း သေချာနားမလည်သေးဘူးရှင့်။ :p

အဲဒါကြီးကမီဂုမိလေးလိမ်တယ် :P အပေါ်မှာ “ကို” ဆိုတဲ့ပို့စ်ကဘာလဲဝေ့။

ကျွန်တော်ထက်ကြီးလားငယ်လားတော့သိဘူး မီဂုမိလေးလို့ ခေါ်လိုက်ပြီ :D ။

megumi said...

ဟိ ဟိ ၊ တကယ်မသိပါဘူး ကိုညမီးအိမ်ကြီးကလည်း။ မလိမ်ပါဘူး။ (^o^)
ချစ်သူဆိုတာ ဘာလည်း ကျမ အဓိပ္ပာယ်မဖွင့်တတ်တာ အမှန်ပါ။ ;)
သူငယ်ချင်းတွေကို ပိုခင်တာကလည်း အမှန်ပါပဲ။ :p
Labelလေးတွေကို သေချာကြည့်ရင် ရှင်းသွားပါလိမ့်မယ်နော်။ :)

ညမီးအိမ် said...

Label လေးဖတ်ပြီး ယုံလိုက်ပြီနော် :P

 

Design By:
SkinCorner