Saturday, May 9, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်(2)

ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ တြိဂံပုံကြီးရဲ့ နောက်ဘက်တည့်တည့်မှာ နျူကလီးယားဗုံးကျဲခံရတုန်းက သေသွားရှာတဲ့ မိသားစုသုံးယောက်ရဲ့ ရုပ်ထုရှိပါတယ်။ နီတာထွေးလေးကို ရင်မှာပိုက်၊ သားကြီးကို လက်ပြန်ကိုင်ရင်း သေသွားရှာတဲ့ မိခင်တစ်ယောက်ရဲ့ မိခင်ပီသတဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပါ။

မြောက်များစွာသောလူတွေ ၊လူတွေ တစ်နေ့တည်းတစ်ချိန်တည်းမှာ အနေအထားအမျိုးမျိုးနဲ့ သေသွားကြရတာ ဘယ်ဘဝကို ဝဋ်ကြွေးပါလိမ့်နော်။
ဒါကတော့ ပန်းပွဲတော်ရဲ့ Miss တွေပေါ့။

အနီးကပ်ကြည့်လိုက်တော့ ချောတယ်ဟုတ်။
ပန်းပွဲတော်ကျင်းပတဲ့နေရာကို ရောက်လာပါပြီ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖျော်ဖြေပေးဖို့ လာနေကြတယ်။
ကလေးတွေလည်းပါတယ်။ကကြပါပြီ။ အဖွဲ့တိုင်းလိုလို မြူးပါတယ်။


ကလေးငယ်လေးနဲ့ လူကြီးတွေ တွဲကထားတာပါ။ နည်းနည်းတော့ ဝါးတယ်။ ကြည့်ကြည့်ပါနော်။ လိုက်ပြီးကချင်စိတ်ပေါက်သွားမယ်။


ပန်းပွဲတော်ပြီးမှ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပြတိုက်ကြီးထဲ ဝင်ဖြစ်တယ်။ ပြတိုက်ကို အေးအေးဆေးဆေး လေ့လာချင်လို့လေ။


ဆက်ရန်

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

မိခင်ပီသတဲ့ စိတ်ဓာတ်ကို တွေ့ရတော့ နာကျင်ရတယ် .. Miss လေးတွေတွေ့တော့ ရင်ပူရတယ် ..:D ကလေးငယ်လေးတွေ တွေ့တော့ ပျော်ရွှင်ရတယ် .. ရသပေါင်းစုံတဲ့ လက်ရာတွေပါပဲ ....:)

Dr Phyo Wai Kyaw said...

ကောင်းတယ်မိဂု
ရှားပါးတဲ့ပိုစ့်တွေ့ရခဲတဲ့ပိုစ့်လေးတွေပဲ
ကျန်သေးရင်မျှဦး။

ကောင်းကင်ပြာ said...

သေချာကြည့်သွားတယ် ညီမလေးရေ

Anonymous said...

ဂျပန်မလေးတွေချောသဗျာ ဟီး မယ်ဘုနဲ့များ ကွာပါ့ နံ့သာဆီနဲ့ အီး လိုကိုကွာတာ....။
မကျေနပ်ရင် ဓာတ်ပုံပြပါ ပြီးရင် ပြန်လာပြီး
ဂျပန်မထက် ပိုချော မချော ထပ်ပြေားပေးမယ်.
ဟစ်ဟစ်ဟစ်ဟစ်ဟစ်ဟစ်

megumi said...

ကျမ ရုပ်ဆိုးတာ အခုမှသိလား။ :p



(ဟိ ဟိ ၊ "ရုပ်ဆိုးမ"ပဲ လုပ်မယ်။
ကိုအိမ်ကြီး ရန်ကြောက်လို့။ :) )

 

Design By:
SkinCorner