Monday, May 11, 2009

ဟီရိုးရှီးမားသို့ အလည်တစ်ခေါက်(3)

Peace Memorial Museum ထဲကို ဝင်လာခဲ့ပါပြီ။ ဝင်ကြေး ယန်းငါးဆယ်ပဲ ပေးရပါတယ်။ အထပ်သုံးထပ်ရှိပါတယ်။

များစွာသောလူတွေ လာရောက်ကြည့်ရှူ့ကြတာတွေ့ရပါတယ်။ဒါက ဟီရိုးရှီးမားကို နျူးကလီးယားဗုံးမကျခင်က မြို့ရဲ့အနေအထားပါ။
ဗုံးကျဲစဉ်က အသုံးပြုခဲ့တဲ့ ပစ္စည်းများ

မှိုပုံသဏ္ဍာန် မီးခိုးလိတ်တွေက တစ်လိပ်လိပ် ပေါ်ထွက်ပြီးနောက်မှာတော့................... ဒီလိုဖြစ်သွားပါပြီ။

မီးခိုးပြာကျဆိုသလို မြို့ကြီးက ခြောက်သွေ့သွားခဲ့ပြီ။ အဆောက်အဦးတစ်ချို့တော့ ကျန်တယ်ဆိုရုံ ကျန်ခဲ့ပါတယ်။
ထူးဆန်းတာက တစ်မြို့လုံးနီးပါး ပြာကျသွားပေမယ့် တံတားကြီးက ထီးထီးကြီး ကျန်ခဲ့တယ်။ တော်လိုက်တဲ့ ဗိသုကာပညာရှင်တွေ................

ဗုံးကျဲပြီးနောက် ကျန်ခဲ့တဲ့ပြည်သူတွေရဲ့ အခြေအနေနျူးကလီးယာနဲ့ ဆိုင်တဲ့ကိရိယာတွေပိုင်ဆိုင်တဲ့ နိုင်ငံတွေကို ကမ္ဘာ့မြေပုံနဲ့တကွ မြင်သာထင်သာအောင် ရှင်းပြထားတယ်။
"နိုင်ငံတကာရဲ့ သမိုင်းစာအုပ်များ" Corner မှာ မြန်မာ့သမိုင်းစာအုပ်ကို တွေ့ခဲ့ပါသေးတယ်။

ဆဌမတန်း မြန်မာ့သမိုင်းစာအုပ်ကို ပြထားတာ ဘာအတွက်ပါလိမ့်နော်။ အဲ့ဒီစာအုပ်ထဲမှာ ဟီးရိုးရှီးမားအကြောင်း ရေးထားလို့လား။ တကယ်လို့ ပါတယ်ဆိုရင်တောင် ကမ္ဘာ့သမိုင်းထဲမှာ ပါသင့်တာ ဟုတ်ဘူးလား။ ဆဌမတန်းမှာ မြန်မာ့သမိုင်းနဲ့ ကမ္ဘာ့သမိုင်း မခွဲသေးဘူးလား။ သို့လော သို့လောနဲ့ ရှာကြံစဉ်းစားနေပါတယ်။ အဖြေမှန်သိသူများ ပြောသွားပေးကြပါလားရှင်။

11 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Unknown said...

ဝမ်းနည်းစရာကောင်းသလို စိတ်ဝင်စားစရာလည်းကောင်းပါတယ်.....မြန်မာသမိုင်းစာအုပ်လေးက ထူးခြားတယ်နော်... ဆဌမတန်း စာအုပ်လေးဖြစ်နေလို့ ဘာကြောင့်ဒီစာအုပ်လေးပြထားတယ်ထင်လဲ....

တောင်ပေါ်သား said...

အမရေ ပြန်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူသားတိုင်း လူပီသစွာနဲ့ ငြိမ်းချမ်းစွာ နေနိုင်ခဲ့ရင် ဒီလို အဖြစ်ဆိုးတွေ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ စကားမစပ် မြန်မာ့သမိုင်းစာအုပ်လေးက ဘာလို့ရှိနေတာလဲမသိပါ။ ဖြစ်နိုင်တာက သမိုင်းကို မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းဆိုပြီး ၆ တန်းမှာ ခွဲထားလို့ထင်တယ်နော့်


လေးစားလျက်
တောင်ပေါ်သား

တောင်ပေါ်သား said...

အမရေ ပြန်မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူသားတိုင်း လူပီသစွာနဲ့ ငြိမ်းချမ်းစွာ နေနိုင်ခဲ့ရင် ဒီလို အဖြစ်ဆိုးတွေ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ စကားမစပ် မြန်မာ့သမိုင်းစာအုပ်လေးက ဘာလို့ရှိနေတာလဲမသိပါ။ ဖြစ်နိုင်တာက သမိုင်းကို မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းဆိုပြီး ၆ တန်းမှာ ခွဲထားလို့ထင်တယ်နော့်


လေးစားလျက်
တောင်ပေါ်သား

တောင်ပေါ်သား said...

အမ် တောင်းပန်ပါတယ်ဗျို့ ဘယ်လိုလုပ် ၂ ခါဖြစ်သွားလဲ မသိဘူး တခါပဲ နှိပ်လိုက်တာပါ

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

အားလုံး အားလုံးရဲ့ ကြားထဲမှာမှ တံတားနဲ့ အဆောက်အအုံတစ်ချို့ အထိမ်းအမှတ်တစ်ခု အနေနဲ့ ကျန်နေခဲ့တာ တော်တော်လေး ထိထိရှရှ ခံစားရတယ် ... ဗိသုကာပညာရှင်တွေရဲ့ စွမ်းဆောင်ချက်ကြောင့်လား .. နောင်လားနောင်သားတွေအတွက် နူကလီးယားရဲ့ ဆိုးကျိုးကို ထင်ဟပ်ပြသနိုင်ဖို့ ကံတရားရဲ့ ပြုစားချက်လား ... မေးခွန်းပေါင်းများစွာနဲ့ အတိတ်ဟောင်းက နေ့ရက် တစ်ချို့ကို ပြန်အသက်သွင်းကြည့်နေမိတယ် .... သင်ခန်းစာ တစ်ခုပါပဲဗျာ ...

Anonymous said...

ကျေးဇူးတင်တယ် မယ်ဂုမိ။
ရေးပြပုံကြောင့် တကယ်ရောက်ရသလိုပဲ။
ဗဟုသုတတွေ ဆက်လက် စောင့်စားနေအုံးမယ်။

SaijyoMyanmarFamily said...
This comment has been removed by the author.
Unknown said...

ကမ္ဘာ့သမိုင်းစာအုပ်နဲ့ မြန်မာ့သမိုင်း စာအုပ်မှားတင်ထားတာနဲ့တူတယ်....
တကယ်ဆိုကမ္ဘာ့သမိုင်းမှာပါရမှာကို....
အဲ့ဒီအချိန်တုံးက ၂ခုပေါင်းပြီး မြန်မာ့သမိုင်း စာအုပ်တခုဘဲ ရှိတာများလား....?
စာအုပ်မှားနေတာကိုသေသေချာချာသိရရင်ကောင်းမယ်..
ဂျပန်တွေဖေါဖေါနဲ့တင်ထားတာနဲ့တူတယ်...
သွားပြောရမယ်...မှားနေတယ်လို့..

Anonymous said...

ခုလိုတင်ပေးတာ ကျေးဇူးပါဗျား မမြင်ဖူးတာတွေ မြင်ရတယ်။ တွေးစရာတွေလဲ ရသွားတယ်ဗျို့

တားမြစ် ထားသော... said...

ဓါတ်ပုံတွေကြည့်ရတာ ကျေးဇူးပါ။
စိတ်ဝင်စားစရာ ဓါတ်ပုံတွေပါပဲ။

သုခမိန်(E-Journal)

Dr Phyo Wai Kyaw said...

မယ်ဂုရေ
ထူးခြားတဲ့ပိုစ့်တွေပဲ
ကောင်းလိုက်တာ။
ဓာတ်ပုံတွေနည်းသေးတယ်။

 

Design By:
SkinCorner