Wednesday, May 13, 2009

တိုကျို Vs ဟီရိုးရှီးမား

ဟီရိုးရှီးမားက မြို့ကြီးဆိုပေမယ့် တိုကျိုနဲ့မတူတာတွေ အများကြီးပဲ။

မြို့ပတ်ရထား
ဟီရိုးရှီးမား မှာ မြို့ပတ်ရထားသုံးတာများတယ်သိလား။ ဘက်စ်ကားနဲ့အပြိုင် ကားလမ်းမကြီးပေါ်မှာပဲ ပြေးနေတာလေ။ ရှေးဟောင်းမြို့ပတ်ရထားကနေ အခုခေတ် မြို့ပတ်ရထားအထိ ပုံစံအမျိုးမျိုးတွေ့ရပါတယ်။ မြို့ပတ်ရထားက တစ်ခါစီး ယန်း (150)ပါ။ ဂိတ်စဂိတ်ဆုံးစီးမယ်ဆိုရင် တန်ပါတယ်။ ကျမတော့ ဟီရိုးရှီးမားဘူတာဂိတ်စကနေ ဟီရိုးရှီးမားကျွန်းဂိတ်အဆုံးထိကို စီးခဲ့တယ်။ ဟီရိုးရှီးမားကျွန်းဂိတ်မှာ ဓာတ်ပုံတွေဘာတွေရိုက်ပြီး လမ်းတလျှောက်မှာ တွေ့ရတဲ့မြင်ကွင်းတွေကို ငေးရင်းနဲ့ပဲ ဟီရိုးရှီးမားဘူတာကို ရောက်မှန်းမသိ ပြန်ရောက်ခဲ့တယ်။

တန်းစီခြင်း
ဟီရိုးရှီးမားက လူတွေက ဘယ်လိုတန်းစီမှန်းမသိဘူး။ အပေါက်ဝတည့်တည့်မှာလည်း မစီဘူး။ ဒီတော့ ကျမတို့လို အခုမှရောက်ဖူးတဲ့လူက ဘယ်ဟာအပေါက်မှန်းမသိဖြစ်ရတယ်။ အဲ့ဒီအပြင် ရထားထဲမှာ ထိုင်တော့လည်း စုမထိုင်ကြဘူး။ ဒီတော့ ကျပ်တဲ့နေရာ ကျပ်၊ ချောင်တဲ့နေရာချောင်နဲ့ ဘယ်လိုကြီးလည်း မသိဘူး။ သာမန်ရထားက စီးတဲ့လူနည်းတော့ ဘယ်လိုထိုင်ထိုင် မသိသာပေမယ့် မြို့ပတ်ရထားကျ သိသာတယ်။

ရထားစီးသူများ
မြို့ပတ်ရထားကော၊ သာမန်ရထားကော တူတူပဲ။ သာမန်ရထားက ပိုပြီးလူနည်းတယ်။ နာရီဝက်လောက်နေမှ တစ်စီးလာတယ်။ မြို့ပတ်ရထားကတော့ စီးတဲ့လူလည်း များတယ်။ နေရာစုံလည်း သွားရလွယ်တယ်။ ပိုက်ဆံလည်း အကုန်အကျနည်းတယ်။

ကား၊ မြို့ပတ်ရထားစီးခြင်း
ဟီရိုးရှီးမားမှာ မြို့ပတ်ရထားပဲ စီးစီး၊ ကားပဲ စီးစီး အနောက်က တက်ရတယ်။ ပိုက်ဆံကို ဆင်းမှပေးရတယ်။ တိုကျိုကတော့ ကြုံသလိုပဲ။ ရှေ့တံခါးဖွင့်ထားရင် ရှေ့ကတက်၊ နောက်တံခါးဖွင့်ထားရင် နောက်ကတက်ရတယ်။ ပိုက်ဆံက နောက်ကတက်ရင် ဆင်းမှပေးရတယ်။ ရှေ့ကတက်ရင် အရင်ပေးရတယ်။

ကဒ်အသုံးပြုခြင်း
တိုကျိုမှာ PASMOသုံးလို့ရတယ်။ ဟီရိုးရှီးမားက PASPY တဲ့။ PASMO ကော PASPYပါ အသုံးပြုပုံ တူတူပဲ။ Charing (ငွေ)သွင်းပြီး သုံးရုံပဲ။ ရထား၊ ၊ သင်္ဘော၊ ဈေးဝယ်တာတွေလုပ်လို့ရတယ်။ PASPY တစ်ခုပဲ။ PASPY က ဟီရိုးရှီးမားခရိုင်တစ်ခုထဲမှာပဲ သုံးလို့ရတယ်။ PASMOက တိုကျိုအပြင် Suica ရှိတဲ့ ဧရိယာမှာပါ သုံးလို့ရလို့ နည်းနည်းပိုပြီး အဆင်ပြေတယ်ပြောရမယ်။

လူ
ဟီရိုးရှီးမားကလူတွေက တိုကျိုထက်စာရင် နည်းနည်းရိုးတယ်။ ဝတ်တာစားတာ၊ နေတာထိုင်တာတွေ ကွာတယ်။ ဘာကွာလည်းလို့ မေးရင်တော့ သေချာမဖြေတတ်ဘူး။ ကွာတာတော့ အမှန်ပဲ။ ပြောတာဆိုတာလည်း နည်းနည်းကွာတယ်။ နောက်ဆုံးမှာ "ခဲ့" ကို သုံးတယ်။ တစ်ချို့စကားဆို ကြားကြားချင်း ချက်ချင်းနားမလည်ဘူး။

ဟီရိုးရှီးမားကလူတွေက တိုကျိုကလူတွေထက် သဘောပိုကောင်းတယ်။ မေးရင် ပြောပြတယ်။ လမ်းမှာကြုံရင်လည်း မသိပေမယ့် ဖော်ရွေတဲ့အကြည့်နဲ့ကြည့်တာခံရတယ်။ ဒုက္ခရောက်နေဟန်မြင်ရင် ကူညီချင်တဲ့ သဘောရှိတယ်။ ဒါပေမယ့် နည်းနည်းလေး စပ်စုတယ်။ တိုကျိုဆို ဘယ်သူဘာဖြစ်ဖြစ် သိပ်လှည့်မကြည့်ပေမယ့် ဟီရိုးရှီးမားကလူတွေကတော့ မသိမသာတစ်မျိုး၊ သိသိသာသာတစ်ဖုံ စပ်စုတယ်။

ဟီရိုးရှီးမားမှာ ဗုံးဒါဏ်သင့်ခဲ့တော့ တစ်ချို့လူတွေက သာမန်လူနဲ့ မတူဘူး။ တစ်ယောက်တည်းစကားပြောတာတွေ၊ ရယ်တာတွေ၊ လူတစ်ယောက်ကို စူးစိုက်ကြည့်ပြီး စကားပြောတာတွေ လုပ်တဲ့လူတွေရှိတယ်။ အရမ်းသနားဖို့ကောင်းတယ်။ ဗုံးရဲ့ဆိုးကျိုးက နှစ်ငါးဆယ်ကျော်တဲ့ အထိ အရှင်းမပျောက်သေးဘူးဆိုတာ သူတို့တွေက သက်သေပြနေတယ်။

ဆက်ရန်

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

ဟီရိုရှီးမားနဲ့ တိုကျိုကို နှိုင်းယှဉ်ပြသွားတာ ဖတ်ရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသားချင်း အတူတူတောင် အညာဒေသနဲ့ ရန်ကုန် က လူတွေ ဆက်ဆံပုံချင်း မတူကြတာကို သတိရမိတယ် ..
အညာမှာဆိုရင် လူတော်တော်များများက ရိုးသားအေးဆေးပြီး ရိုင်းပင်း ကူညီချင်ကြတယ် .. ရန်ကုန်လည်း အရင်ကတော့ အဲလိုပါပဲ . ဒါပေမယ့် ခုနောက်ပိုင်းကျတော့ ရိုးသားအေးဆေး ကူညီရိုင်းပင်းချင်တဲ့ လူဆိုတာ တော်တော်ကြီးကို ရှားသွားတယ် .. ထပ်မြင့်တိုက်တွေမှာဆို အခန်းချင်း မျက်နှာခြင်းဆိုင် နေတာတောင် မခေါ်မပြော သတိမထားမိကြသူတွေ အများကြီး .. အဲ့ထက်ဆိုးတာကတော့ နဂိုအခြေခံစိတ်က သူတစ်ပါးဆို ကိုယ်လိုထင်ပြီး လွယ်လွယ်ကူကူ ယုံကြည်တတ်တဲ့ မြန်မာမှု ဓလေ့စရိုက်ပေါ် အခွင့်ကောင်းယူပြီး အခွင့်အရေးယူချင်ကြတဲ့ လူပိုပိုများများလာတာပါပဲ .. ဒါက ပို့စ်လေးဖတ်ရင်း တွေးမိတာလေးပါ ..

ဟီရိုရှီးမားက ဗုံးဒဏ်ခံလူသားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှုနဲ့ နားလည် စာနာမိပါတယ် .. ဒီနမိတ်ဆိုးကနေ သူတို့ အမြန်ဆုံးရုံးထွက် ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ..

mahawtada said...

ဟုတ်တယ်ဂုဂုရေ ဗုံးရဲ့ ဒဏ်ရာတွေ ခုထိကို မပျောက်သေးတာ သနားစရာ ဒါပေမယ့် ပြန်တွေးလိုက်ရင် မသနားတော့ ပြန်ဘူး ဂျပန် ငပုတွေ

စိုင်းစိုင်းလားရှိုး said...

မဆိုင်သူတွေ ပြည်သူတွေ အတွက်တော့ စိတ်မကောင်းပါဘူး ဒါပေမယ့် တိုင်းပြည်ဆိုတာ ပြည်သူတွေပဲ သူတို့အပြစ် သူတို့ ခံရတာပဲ ခံပါစေ တော်တော်ဆိုးတဲ့ ငပုတွေ နည်းတောင်နည်းသေး

Anonymous said...

ဟီရိုရှီးမားကို ရောက်ရသလိုပဲ။
ဆက်ခေါ်ပါအုံး။

သီဟသစ် said...

မိဂုရေ..
သေချာလာဖတ်သွားတယ်..

နေဒေးပြောသလိုမျိုးပဲပေါ့..

Dr Phyo Wai Kyaw said...

ရေးဦး နင်ရေးစရာတွေအများကြီးကျန်သေးတယ်
တစ်ယောက်တည်းစကားတွေပြောနေတယ်ဆိုတာလေးက ရင်ကိုထိတယ်။

 

Design By:
SkinCorner