Wednesday, July 23, 2008

ကျမနဲ့ စာမေးပွဲ

ဒီနေ့ စာမေးပွဲ သွားဖြေတာ ဘာတွေမေးမှန်းလည်း မသိဘူး သိလား။
ကျမတို့ကျောင်းမှာက စာမေးပွဲဆိုရင် ( ဘာလေးညာလေးတွေအရေးကြီးတယ်နော်။
ပိုကြည့်ပေါ့တို့ဘာတို့)ဘယ်တော့မှ ပြောလေ့ပြောထမရှိဘူးလေ။(စကားချပ်:တကယ်တော့ ဂျပန်စာမေးပွဲတွေက ဘယ်အတိုင်းအတာထိပဲ မေးမယ်(試験範囲)ဆိုပြီး သတ်မှတ်ထားတာ များပါတယ်။အဲလိုမှ မလုပ်ရင် ဘယ်သူမှ အောင်မယ်မထင်ပါ။နိုင်ငံခြား ဘာသာစကား ဖြစ်နေလို့ပါ။)
ကျမတို့ကျောင်းကတော့ ဆရာသင်တာ အကုန်ကြည့်ပဲ။အဲ့ဒါကြောင့် ကျမကတော့ စာမေးပွဲဆိုရင် အရမ်းကြောက်ပ။
ဘာမေးလို့မေးမှန်းမသိတာကို အကုန်ကြည့်ဆိုတော့ စဉ်းသာစဉ်းစားကြည့်ကြပေါ့နော်။: P
ဒါနဲ့ (ကျမလည်း မေးချင်တာမေး မီးစင်ကြည့်ကမယ်) ဆိုပြီး မနေ့က အားကြိုးမာန်တတ် နဲ့ စာကြည့်ရတာပေါ့။
ကျက်စရာတော့ မလိုလို့တော်ပါသေးရဲ့။(ဆရာ Classမှာဝေတဲ့ စာရွက်စာတမ်းရယ်၊Noteရယ်တော့ ယူခွင့်ပေးပါတယ်။)
ဒီနေ့ စာမေးပွဲခန်းထဲလည်းဝင်ရော်၊ကျောင်းသားကဒ်ရယ်၊Classမှာဝေတဲ့ စာရွက်စာတမ်းရယ်၊Noteရယ်ကလွဲပြီး အကုန်သိမ်းလို့ ဆရာက ပြောပါတယ်။
အချိန်က(1) နာရီတဲ့။မေးခွန်းက ခေါင်းစဉ်ကြီး (15)ခုမှာ (1)ခုကို (2) ပုဒ်ပါတာလည်းရှိတယ်၊
(3) ပုဒ်ပါတာလည်း ရှိတော့ အားလုံးပေါင်းမေးခွန်း (15)ပုဒ် ဖြစ်သွားပါလေရော။အချိန်က(1) နာရီ။
ကျမမှာ အသည်းအသန် ရေးလိုက်ရတာ လက်ကို ညောင်းရော။ရေးတာရေးရတယ် မပြီးနိုင်ဘူးလို့တော့သိသား။: P
 ထင်တဲ့ အတိုင်းပါပဲ (1)နာရီ ထိုးလည်းထိုးရော် (3)ပုဒ်တောင် ကျန်ပါသေးရဲ့(ငိုတောင် ငိုချင်သွားတယ်။)
ဆရာ က(1)နာရီ ထိုးပြီး ပြီးပြီးမပြီးပြီး ခဲဆံဘောပင်၊ခဲတံတွေချတဲ့။မချပဲ ဆက်ရေးရင် အမှတ်လျှော့မယ်တဲ့။
ဆရာအနားရောက်လို့မှ ဆက်ရေးနေမယ်ဆိုရင်တော့ အဲ့ဒီအဖြေလွှာကို မယူတော့ဘူးတဲ့။(စည်းကမ်းကြီးပုံများ)
ဒါနဲ့ကျမလည်း မပြီးသေးတာကို ဆက်မရေးရဲပဲ အဖြေလွှာအပ်ပြီး ပြန်လာခဲ့ ရတာပေါ့နော်။
ကျမကို စာမေးပွဲဖြေနိုင်ပါစေလို့ လာဆုတောင်းပေးတဲ့Blogger မှ မိတ်ဆွေများကို အားတောင်နာပါရဲ့။
ကျေးဇူးလည်း တင်ပါရဲ့။မိတ်ဆွေများရဲ့ ဆုတောင်းပေးမှုကြောင့်သာ ဒီလောက် ဖြေနိုင်ခဲ့တာပါ။
မေးခွန်းက တော်တော့ကို ခက်တာရှင့်။
ဘာပဲဖြစ်ဖြစ် တတ်သလောက်မှတ်သလောက်တော့ ဖြေခဲ့တာဆိုတော့ အောင်မှာပါလို့ အတင်း မျက်စိမှိတ်ပြီး ယုံကြည်နေပါတယ်။ :)

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေးရေ
-
အရေးကြီးတာကိုတော့ အရိပ်အမြွတ် ပြောပြ သင့်ပါတယ်။
အောင်မြင်ပါစေလို့ပဲ ပိုပြီး ဆုတောင်းပေးလိုက်ပါတယ်။
-
ခင်မင်စွာနဲ့
ဝင်းဇော်

ကိုစွမ်း said...

လိုင်းတားပြီးတောင် ကြိုးစားထားတာ၊ အောင်မှာပါ။ စိတ်မပူနဲ့။

စိုင်းစိုင်းလားရှိုး said...

မယ်ကုမိ ကို ယုံကြည်ပြီးသား
အောင်မှာပါ ဟဲ 3

Anonymous said...

မမ အောင်မှာပါ..
မပူနဲ့သိလား..
ဆုတောင်းပေးမယ်နော်

HAPPY CLOUD said...

အောင်အတိတ် အောင်နိမိတ်နဲ့ အောင်စကိတ်...အဲလေ..မထူးပါဘူး..ရိုးရိုးပဲ ဆုပေးတော့မယ်...အောင်ပါစေ...အောင်ပါစေ...အောင်ပါစေ...း)

Synchro 305 ~ said...

အောင်မှာပါသေချာတယ်
ဂန်ဒူးတောင်ပါရင်ပါလာမှာ
အဲ့လေဟုတ်ပါဘူး
ဂုဏ်ထူးပြောပါတယ်
:)

မိုးပြေး said...

ဂျပန်မလေးရေ တစ်ခုတော့ မေးမယ်နော်
ခဲဆံဘောပင်နဲ့ ဘာလို့ စာမေးပွဲဖြေရတာလဲဟင်...
ပြောပြပါလား၊မျက်စိမှိတ်ပြီး ယုံလိုက်ဗျာ။စာမေးပွဲမှာ
အဆင်ပြေမှာပါ..ဆုတောင်းပေးနေပါတယ်။

တားမြစ် ထားသော... said...

ဖြေပြီးသွားပြီလေ၊ အေးဆေးပေါ့။ အခုအချိန်က ဆရာတွေ အလုပ်ရှုပ်ရမှာ။ ဒါနဲ့ စကားမစပ်၊ ကြိုးစားဖြေတဲ့သူမှ မအောင်ရင် ဘယ်သူအောင်တော့မှာလည်း။
အေးဆေးသာ ဘလော့ဂ်လျှောက်ပေတော့။း)

megumi said...

ဟိ ဟိ၊ဒီနေ့ အောင်စာရင်း အကြောင်းကြားတဲ့ စာရွက်ရောက်လာပါတယ်။ တော်ပါသေးရဲ့။ :p ကျမကြောက်တဲ့ ဘာသာ အောင်လို့။ :)

 

Design By:
SkinCorner