Thursday, July 24, 2008

長野県(NAGANO KEN)သို့ အလည်တခေါက်

(20.7.2008)က စိတ်ပြေလက်ပြောက် ခရီးထွက်ခဲ့ပါတယ်။
クラブツールズム (ခရီးသွား ကုမ္မဏီ)က စီစဉ်တဲ့ နေ့ချင်းပြန်ခရီးလေးလေ။

ကားခရော၊စားစရိတ်ပါ အားလုံးပေါင်း (6980)ယန်းပဲ ပေးရတယ်သိလား။
ဂျပန်မှာက စနေ၊တနင်္ဂနွေဆိုရင် နေ့ချင်းပြန်ခရီးသွားကြတာများပါတယ်။
(20.7.2008)က တနင်္ဂနွေဖြစ်တဲ့အပြင် တနင်္လာနေ့ကလည်း ပင်လယ်နေ့(海の日)ဆိုတော့ ခရီးသွားကြတဲ့ လူတွေအများကြီး တွေ့ရပါတယ်။
ဒီနေရာမှာ ကားသွားစီးရတာပေါ့။ပူလွန်းလို့ လူတိုင်း ယပ်တောင်ကိုယ်စီနဲ့။


(8)နာရီမှာ ကားစထွက်ပါတယ်။ကားပေါ်မှာ 旅友(TABITOMO)ဆိုတဲ့ ရင်ထိုးလေးတွေ ဝေတယ်သိလား။အဲ့ဒီ ရင်ထိုးလေးက ဒီနေ့ ခရီးရဲ့ ခရီးသည်ဖြစ်ကြောင်း အမှတ်အသားပေါ့။ကားစထွက်တာနဲ့ ကားဒရိုင်ဘာက (မင်္ဂလာပါ၊သူကတော့ ဘယ်သူပါ)ဆိုပြီး နှုတ်ဆက်စကားပြောပါတယ်။ပြီးတာနဲ့၊အဲ့ဒီ ကားပေါ်မှာပါလာတဲ့ GUIDE က သူကိုသူ မိတ်ဆက်ပါတယ်။ဘယ်သူဘယ်ဝါပါပေါ့။ဒီနေ့ တနေ့တာ သူလမ်းညွှန်ပြပေးပါမယ်ပေါ့။ မိတ်ဆက်ပြီးတာနဲ့ အဝေးပြေးလမ်းသွားရာမှာ လိုက်နာရမယ့် စည်းကမ်းကို ပြောလာပါတယ်။ ခရီးသည်တွေက ကားခါးပတ်တွေကို ပတ်ထားရပါမယ်တဲ့။(1.6.2008)က ထုတ်လိုက်တဲ့ အဝေးပြေးလမ်းစည်းကမ်းတဲ့၊လိုက်နာကြပါတဲ့။)ဒရိုင်ဘာလည်း မဟုတ်ပဲနဲ့ ကားထဲမှာ ခါးပတ်ကြီးပတ်ထားရမယ်တဲ့။စိတ်ညစ်စရာ ကောင်းပုံများ။


6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ဂျပန်မှာ ခရီးသွားရတာပျော်စရာပါ အာဂျီနိုမိုတို :)ငယ်ငယ်တုန်းကကြေငြာလေးကို သတိရမိလို့ ပါ။
ကျွန်တော်တို့ က မရောက်တော့ ဂျပန်မလေးကပဲ
ခရီးသွားအတွေ့ အတွေ့ အကြုံတွေကို မျှဝေပေါ့ဗျာ။
ဒါနဲ့ ကားပေါ်မှာပဲ ရှိသေးတယ်နော် ဆက်ရန်ရှိသေးတယ်ဟုတ်...မျှော်လင့်နေလျက်...

မြရွက်ဝေ said...

旅行は 楽しいね。 続きがあるでしょう。待っているよ。

Welcome said...

ဂျပန်မလေး
ိစိတ်ပြေလက်ပျောက် ခရီးသွားရတာ ပျော်စရာကြီးပါ။ ခရီးသွား အေဂျင်စီတွေ အများကြီးဆိုတော့ ကိုယ်သွားချင်တဲ့ ခရီးကို ရွေးသွားလို့လဲရတယ်လို့ ပြောတယ်။
ရောက်ခဲ့တဲ့ nagano ken အကြောင်းကိုလဲ နည်း၂ပြောပြပါလား။ စိတ်ဝင်စားပါတယ်။
ဒါမှမဟုတ် အပိုင်း(၂)ရေးအုန်းမလား
စောင့်ဖတ်နေပါမယ်။ ချမ်းမြေ့ပါစေ....
-
ခင်မင်လျက်

weik.zar said...

Sayonayyyyyaaaa

ဆောင်း said...

ယူကေက တက္ကသိုလ်ကျောင်းသားလောင်းတွေ အမေရိက သွားပြီး ခရီးထွက်တာ ကားတိုက်မှု့ ဖြစ်ပြီး တိုးရစ်ဂိုက်ရော ကျောင်းသူ၅ယောက်ပွဲချင်းပြီး ဘဲ။ ဘယ်လို ထိခိုက်မှု့ ဘဲ ဖြစ်ဖြစ် နဲနဲ ကြိုတင် ကာကွယ်တဲ့ သဘောနဲ့  ခါးပတ်ပတ်ခိုင်းတာ ဆိုတော့ ကောင်းပါတယ်ညီမရေ

စိုင်းစိုင်းလားရှိုး said...

မယ်ကုမိရေ
အဝေးပြေးလမ်းရဲ့
သဘောက မြန်မြန်မောင်းတာလေ
မြန်လေ အန္တရယ် ရှိလေ ဆိုတော့
ခါးပတ် ပတ်နော်.......

 

Design By:
SkinCorner