Saturday, July 26, 2008

涙そうそう(အတားအဆီးမဲ့ မျက်ရည်များ)

涙そうそう(NADASOUSOU)ဆိုတာ အတားအဆီးမဲ့ မျက်ရည်များကျလာခြင်းကို ပြောတာပါ။
OKINAWA(沖縄)ဒေသသုံးစကားလေးပါ။涙そうそう(NADASOUSOU)သီချင်းက အရမ်းကို နာမည်ကြီးပါတယ်။ကျမက အဲ့ဒီသီချင်းလေးကို (2005)နှစ် ကျမတို့ကျောင်းရဲ့ကျောင်းသားပွဲတော်မှာတရုပ်ကျောင်းသူ (1)ယောက်ဆိုမှ စနားထောင်ဖူးခဲ့တာပေါ့။
သူမက ဂျပန်ကီမိုနိုဝတ်ပြီးတော့ အဲ့ဒီသီချင်းဆိုတာ အရမ်းကောင်းတာပဲ။
ကျမက သူ့မကို ဂျပန်မလို့တောင် ထင်ခဲ့မိလောက်အောင် သူမက ဂျပန်သီချင်း ဆိုကောင်းခဲ့ပါတယ်။
အဲ့ဒီ သီချင်းရဲ့ မူရင်းအဆိုတော်တွေကBEJIN၊RYOKO MORIYAMA(森山 良子) ၊RIMI NATSUKAWA (夏川 りみ)ပါ။ RIMI NATSUKAWA (夏川 りみ)ဆိုမှ နာမည်ကြီးသွားခဲ့ပြီး 2002,The Japan Record Awards မှာ ရွှေတံဆိပ်ဆုရခဲ့ပြီး၊2004年度のJASRAC賞မှာ ငွေတံဆိပ်ဆုရခဲ့ပါတယ်။ 2004 Oricon Top 100 Singles မှာတော့ ပထမဆုကို ရခဲ့တာပေါ့။အရမ်းကို နာမည်ကြီးလွန်းလို့ 2006 မှာတော့ TOKYO BROADCASTING SYSTEM, INCORPORATEDရဲ့ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်ရုပ်ရှင်မှာ အဲ့ဒီ သီချင်းလေးကို သုံးခဲ့တာပေါ့။အဲ့ဒီ ရုပ်ရှင်ရဲ့ နာမည်ကလည်း 涙そうそうပါပဲ။အဲ့ဒီကားဟာ (2006,Oct) (東宝
映画館)TOHO ရုပ်ရှင်ရုံမှာ သွားကြည့်ခဲ့ပြီး ကျမရဲ့ ပထမဆုံး ဂျပန်မှာကြည့်ဘူးတဲ့ ရုပ်ရှင်ကားလေးပါ။
အဲ့ဒီသီချင်းကို ကြိုက်လွန်းလို့ အဲ့ဒီဇာတ်ကားကိုလည်း မရရအောင် သွားကြည့်ခဲ့ပါတယ်။
မင်းသားက 妻夫 木聡(SATOSHI TSUMABUKI)တဲ့။မင်းသမီးလေးကတော့ 長澤 まさみ(MASAMI NAGAZAWA)ပါ။ဒီကားထဲမှာတော့ SHINTAROO(新太郎) နဲ့ KAORU(カオル)ပါ။
မင်းသားနဲ့ မင်းသမီးက နောက်အိမ်ထောင်ကိုယ်ဆီက ပါလာတဲ့ ကလေးလေးတွေလေ။
SHINTAROO(新太郎) အမေနဲ့ KAORU(カオル)ရဲ့ အဖေနဲ့ လက်ထပ်ခဲ့ကြပေမယ့် KAORU(カオル)ရဲ့ အဖေက SHINTAROO(新太郎)အမေကို စွန့်ပစ်ပြီး အိမ်က ထွက်သွားခဲ့ပြီး၊SHINTAROO(新太郎)အမေ လည်း အဲ့ဒီစိတ်နဲ့ပဲ ဆုံးသွားခဲ့ပါတယ်။မင်းသားSHINTAROO(新太郎)နဲ့ မင်းသမီးKAORU(カオル)ဟာ ငယ်ငယ်တုံးကတော့ မင်းသားရဲ့ အဘွားနဲ့ နေကြရတာပေါ့။ကြီးလာတော့ SHINTAROO(新太郎)က ကျောင်းကောင်းကောင်းမတတ်တော့ပဲ အလုပ်ပဲ လုပ်ပြီး KAORU(カオル)ကို ကျောင်းထားပေးခဲ့ပါတယ်။
အဘွားနဲ့KAORU(カオル)ကို တခြားတမြို့မှာအတူနေစေခဲ့ပြီး သူကတော့သူ့တို့ငယ်ငယ်လေးကနေခဲ့တဲ့အိမ်လေးမှာပဲ​နေပြီး အလုပ်လုပ်ခဲ့တာပါ။
KAORU(カオル)က အထက်တန်းကျောင်းပြီးတော့SHINTAROO(新太郎) စီ ခဏပြန်လာပြီး ကျောင်းဆက်မတတ်တော့ဘူးလို့ ပြောပေမယ့် SHINTAROO(新太郎)ကတော့ မရရအောင် ကျောင်းဆက်တက်စေခဲ့ပါတယ်။KAORU(カオル)က SHINTAROO(新太郎)ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာ ကို မကြည့်ရက်လို့ပါ။(SHINTAROO(新太郎)ကို ချစ်နေခဲ့ပြီလေ။)SHINTAROO(新太郎)ကတော့ ကို တကယ့် ညီမလေး(1) ယောက်လို့ သဘောထားခဲ့တာပါ။
SHINTAROO(新太郎)မှာ ချစ်သူရှိပေမယ့် အတွက်နဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့တာပေါ့။
အဲ့ဒီလောက်ထိ KAORU(カオル)ကို အရမ်းကောင်းခဲ့ တာပေါ့။OKINAWA(沖縄)ဟာ မုန်တိုင်း အရမ်းတိုက်တဲ့ နေရာတစ်ခုပါ။တနေ့မှာတော့ KAORU(カオル)နေတဲ့ မြို့မှာ မုန်တိုင်းအကြီးအကျယ်တိုက်လို့ KAORU(カオル)ကလေး ကြောက်နေခဲ့တဲ့ အချိန်မှာ
မိုးကြီးလေကြီး၊ညကြီးမိုးချုပ်မှာ SHINTAROO(新太郎)ဟာ အပြေးအလွား လာရောက်ခဲ့ပါတယ်။
KAORU(カオル)ကို မုန်တိုင်းရန်က ကယ်တင်နိုင်ခဲ့ပေမယ့် SHINTAROO(新太郎)ကတော့ အပြင်းဖျားပြီး သေသွားခဲ့ပါတယ်။သေတဲ့ အထိကို သူ့ညီမလေးKAORU(カオル)ကို SHINTAROO(新太郎)ချစ်ခဲ့ပါတယ်။
သူသေတဲ့နေ့ဟာ သူ့ညီမလေးရဲ့ အသက်နှစ်ဆယ်ပြည့်တဲ့နေ့ လား???
ဂျပန်ရဲ့ အသက်နှစ်ဆယ်ပြည့်ကျင်းပတဲ့နေ့(成人式)လားပဲ။(ကြည့်ခဲ့တာ ကြာပြီဆိုတော့ သေချာတော့မမှတ်မိတော့ပါ။)
KAORU(カオル)ဟာ 成人式(SEIJIN SHIKI)အထိမ်းအမှတ်ကီမိုနိုလေးကို ဝတ်ပြီး SHINTAROO(新太郎)ရဲ့ အရိုးပြာအိုးကို ပင်လယ်ထဲမှာသွားမြောတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ သီချင်းလေးက NADASOUSOU(涙そうそう)တဲ့။
အရမ်းကို သနားဖို့ ကောင်းတဲ့ သူတို့ အဖြစ်လေးနဲ့ တထပ်တည်းကြတဲ့ သီချင်းလေးပေါ့။
ကျမ ဖြင့် သူတို့ အဖြစ်လေးကို သနားလွန်းလို့ ငိုလိုက်ရတာ။ရုပ်ရှင်လည်းပြီးရော၊ ချက်ချင်း အပြင်မထွက်ရဲလောက်အောင်​。。。。。。。。。。。。。。。。
KAORU(カオル)က SHINTAROO(新太郎)ကို 兄ぃ兄ぃ(NIINI)(အစ်ကို)လို့ ငိုပြီးခေါ်တဲ့ အသံလေးကို အခုထိ ကြားယောင်နေမိတုန်းပဲ သိလား။
涙そうそう,အတားအဆီး
မဲ့ မျက်ရည်များ

                                                                      

4 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

ဂျပန်မလေးရေ...သီချင်လေးကိုပြောတာလေးနဲ့ 
ကို မြင်ယောင်လာပြီ။ ရေးတဲ့ပုံစံလေးတွေက မျက်စိထဲ
ကိုရှင်းရှင်းလင်းလင်း သိသာစေတယ်ဗျာ...သီချင်းပေါ်ကို
ခံစားတင်ပြတာတွေက သီချင်းကို နားမထောင်ခင်ကပင်
သိသာနေပြီ..သီချင်းကို Download ပေးပါဦး..

Synchro 305 ~ said...

အင်းနားမထောင်ခင်ကကိုကြောက်နေပြီ
ရေးထားတာကောင်းလို့ 
;)

KO WAI said...

သီချင်းလေးတော့ ခံစားသွားတယ်
ဂျပန်လိုတော့နားမလည်ဘူး
ဟီး

Welcome said...

ဇာတ်လမ်းအကျဉ်းကိုရော
သီချင်းကိုရောပဲ
နှစ်သက်စွာအားပေးသွားပါတယ်။
ကျွန်တော့်အတွက်
တစ်စုံတစ်ယောက်နဲ့ တိုက်၂ဆိုင်၂ ပတ်သက်ဖူးသလိုမျိုး နီး၂နား၂လေးလို
ခံစားသွားရတယ်။
မျှဝေပေးတဲ့အတွက် ၀မ်းသာပါတယ်
ခင်တဲ့
ဝင်းဇော်

 

Design By:
SkinCorner