Tuesday, July 15, 2008

ကျမနှင့် ဂျပန်ရဲ(၃)

ဒီနှစ် Feb တုံးကပေါ့။ဂျပန်ရဲ့ ဆောင်းရာသီလေ။(ဂျပန်များ၊အေးတော့လည်း အရမ်းကို အေးတာပဲသိလား။ညဆိုရင် ပိုအေးသေး။)
ကျမက အဂါင်္နေ့ဆို ကျောင်းကညနေ(6:30)လောက်မှပြီးတာလေ။(6:30)ဆိုပေမယ့် ဆောင်းတွင်းဆိုတော့ မှောင်မည်းနေတာပဲ။ချမ်းကလည်း ချမ်းနဲ့ တော်တော့ကို ဒုက္ခရောက်တာပေါ့။ဘာလို့လည်းဆိုတော့ ကျမက ကျောင်းကို စက်ဘီးနဲ့ သွားတာကိုး။ ကျောင်းပြန်ရင် တော်တော့ကို စိတ်ညစ်ဖို့ကောင်းသလားမမေးနဲ့။အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ပေါ့(ကားလမ်းကမီးကလင်းပေမယ့် စက်ဘီးသွားရတဲ့လမ်းက လူသွားလမ်းစကြံင်္ဆိုတော့ အလင်းကြီးမဟုတ်ပါ။)
တနေ့တော့ ကျောင်းကအပြန်၊ဦးခေါင်းနားတဝိုက်ကအရမ်းချမ်းတာနဲ့ ဦးထုပ်ကို (၂)လုံးဆင့်ပြီး ဆောင်းလိုက်ပါလေရော။(ကုတ် အင်္ကျီမှာပါတဲ့ ဦးထုပ်အပြင် သိုးမွှေးဦးထုပ်လေးကိုပါ ဆောင်းလိုက်တာပေါ့။နွေးမှနွေး:D)အဲ၊ဆောင်းလို့မှ သိပ်မကြာသေးဘူး၊အနောက်ကနေ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ဆူညံတဲ့ အသံတွေကြားလိုက်ရပါတယ်။(သေနတ်သံလို့မထင်ပါနဲ့။:P)
ထုံးစံအတိုင်း ကိုရွှေရဲများပေါ့။(သူတို့ရဲ့ စက်ဘီးတွေက အနောက်ကကယ်ရီယာမှာ ဘာတွေထည့်ထားမှန်း မသိတဲ့ သေတ္တာကြီး ပါတော့ အဲ့ဒီသေတ္တာကြီးကနေ အသံမျိုးစုံ ထွက်နေတာပါ။)ကျမကလည်း အူကြောင်ကြောင် ဦးထုပ်၂လုံးဆောင်းပြီးအလာ၊သူတို့ကလည်း ပတ္တာရောင်စစ်အထွက် ထိပ်တိုက်ကြီး သွားတွေ့ပါလေရဲ့။(ကံကောင်းပုံများ ပြောပါတယ်။:P)သူတို့က အစကတော့ ကျမနဲ့ဆန့်ကျင်ဘက်လမ်းကိုသွားမယ့်ပုံပါဘဲ။ကျမကိုလည်း မြင်ရော လမ်းကြောင်းပြောင်းပြီး ကျမဆီကို ဦးတည်လာပါတော့တယ်။
ကျမကလည်း သိလိုက်ပြီ။မေးတော.၊့မြန်းတော့၊ရစ်တော့မယ်ဆိုတာကို။:P
အဲ့ဒါနဲ့ ဒီအတိုင်း အရစ်ခံရမယ့်အတူတူ သူတို့ကိုနည်းနည်း ပညာပေးချင်တာနဲ့ စက်ဘီးကို အတင်းမောင်းပြေးတော့တာပေါ့။သူတို့(နှစ်ယောက်)ကလည်း ပြေးလည်းပြေးရော အသားကုန် လိုက်တာပေါ့။ကျမက ပြေး၊သူတို့က လိုက်နဲ့၊စိမ်ပြေးတမ်း ကစားနေသလိုပဲ။ငါးမိနစ်လောက်နေတော့မှ သူတို့က ကျမကို ကျော်တက်သွားပြီး ကျမသွားလို့မရအောင် ပိတ်ရပ်ထားတာပေါ့။
အဲ့ဒါနဲ့ ကျမလည်း သွားလို့မရမယ့် အတူတူ၊ အစစ်ဆေးခံရမယ့် အတူတူ မထူးဘူးဆိုပြီး​ သူတို့မမေးခင် ကျမက အရင်မေးလိုက်ပါတယ်။ဘာဖြစ်လို့ ပိတ်ရပ်ရတာလည်းလို့။:Pသူတို့ကလည်း ကျမမေးတာကြတော့ မဖြေပဲနဲ့ ကျမကို နင်ကဘယ်ကပြန်လာတာလဲတဲ့။နင်ရဲ့ IDကဒ်ပြပါတဲ့။ကျမကလည်း အမြင်ကပ်ကပ်နဲ့ ဓာတ်ပုံမပါတဲ့ ကျန်းမာရေးကဒ်ကြီး ပြလိုက်တယ်။(အဲဒါလည်း ID ကဒ်ပဲလေ။:P)သူတို့က ကြည့်ပြီးတော့ "ဟာ၊ဓာတ်ပုံမှမပါတာ၊နင် ဟုတ်မဟုတ်ဘယ်လိုလို့ သိမှာလဲတဲ့။ဓာတ်ပုံပါတဲ့ IDကဒ်ပြတဲ့။"အဲ့ဒါနဲ့ ကျမကလည်း ကျောင်းသားကဒ်ကော နိုင်ငံခြားသားကဒ်မှာကော ဓာတ်ပုံပါတယ်၊ရှင်၊ဘယ်ID ကဒ်ကို ကြည့်မှာလဲလို့ မေးလိုက်တာပေါ့။သူတို့က နိုင်ငံခြားသားကဒ်ပြတဲ့။ကျမလည်း အိုကေဆိုပြီး ပြလိုက်တော့၊
နိုင်ငံခြားသားကဒ်ရဲ့မျက်နှာစာကော၊ကျောဘက်ကောကို သေသေချာချာ စစ်ပြီးသွားတော့မှ ပြုံးဖြီးဖြီးနဲ့ သွားလို့ရပါပြီတဲ့။အရမ်းအေးလို့ လမ်းမှာ ဂရုစိုက်ပါတဲ့။(အစတုံးကသူတို့စစ်နေတုံးကတော့ တခိုက်ခိုက်တုံနေတဲ့ ကျမကို မသိချင်ယောင်ဆောင်နေပြီးတော့ အခုမှ အလာဘသလာဘ လာပြောနေသေးတယ်။တတ်လည်းတတ်နိုင်တဲ့ ကိုရွှေရဲ။:P)

စကားမစပ်:
12 Jul 08, 20:37
VBT: လက်ဆောင်တောင်းလိုက်အုံးမယ်။ မီဂူးမိ အဲဒီမှာ ဟိုသွားဒီသွား သုံးတဲ့ စီးတော်ယဉ်လေးကို တွေ့ဖူးချင်ပါတယ်။
ကျမရဲ့စီးတော်ယာဉ်ကိုမှ တွေ့ဖူးချင်ပါတယ်ဆိုတဲ့ ကို VBT ရေ၊အခု တွေ့ပြီနော်။





9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ရင်တုန်လိုက်တာ သူငယ်ချင်းရာ...
စက်ဘီးက ဘယ်ကကလေးစီးဘီးကို ယူထားတာလဲ
ဂျပန်မလေးစီးတဲ့ဘီးပဲလား
အပိုင်း(၄)ကိုမျှော်နေပါမယ်
-
ဝင်းဇော်

ကိုရင်နော်ခင်လေးငယ် said...

megu..ရေ..
အဲလို စက်ဘီးစီးနဲ့..
ခြေထောက်ညောင်းတယ် megu ရဲ့
ဘီးအကြီးက တစ်ခါဘဲဝိုက်နင်းရတာ ကို...
သူ့ ကိုနင်းရင် သုံးလေးခါလောက် ဝိုက်နေရရော ဟုတ်..?? စီးနဲ့...နော်..အဲဒါ megu ခြေသလုံး လှလှလေးအလှကို ထိခိုက်စေလိမ့်မယ်...။
ခင်လေးတော့ စီးဖူးကွ....။ ;P ;p ;P

မြရွက်ဝေ said...

အမတော့ စက်ဘီးသာဝယ်ပြီး တစ်ခါဘဲ စီးဖြစ်တယ်။ ကြောက်လွန်းလို့။ ပလက်ဖောင်းတွေက ကျဉ်းလဲကျဉ်း အဖိုးကြီး အဖွားကြီးတွေနဲ့ဆုံရင် ပြီးပါလေရော။ ကိုယ့်ကိုလာတိုက်မိတာထက် ကိုယ်ကသွားတိုက်မိရင် မလွယ်ရေးချ မလွယ်။

RePublic said...

မ megumi ဘီး က .. ကလေးစီးဘီး လေး ...ဟီဟိ :P
တိပီ တိပီ ..ဒီလောက်ဆို ၊၊
ပျော်ရွှင်ပါစေဗျာ .....

တားမြစ် ထားသော... said...

အင်း.. အမှတ်တရနဲ့ စီးတော်ယာဉ်လေးကို ဖော်ပြပေးတာ။ ကျေးဇူး။ အထက်က စီးတော်ယာဉ်အကြောင်းလည်း လေ့လာသွားတယ်။ အတော်ကောင်းတဲ့ (ကလေးစီး) စက်ဘီးလေးပဲ။ ( :P ) ဟိုသွား၊ ဒီသွား ဘေးရန်ကင်းလို့ ခရီးလမ်းများ ချောမွေ့နိုင်ပါစေဗျာ။

Anonymous said...

ကိုကိုရဲတွေနဲ့တော်တော်ရေစက်ဆုံတယ်နော်...
တဒုန်းဒုန်း တဒိုင်းဒိုင်းဆိုတော့ဘာများလဲလို့
လန့်သွားတာပဲ......ဟီး........
အဆင်ပြေပါစေနော်.......

မီးငယ် said...

ဝေး.. မမစီးတဲ့ စက်ဘီးကြီးက ကလေးစီး စက်ဘီးကြီး..
ရှက်ရှက် ဘီးလည်းကောင်းကောင်းစီးတတ်ဖူး... :P :P
မမ မတိလို့မေးမယ်... နိုင်ငံခြားသားကဒ်ကိုပြလိုက်တော့ သူတို့က ဘာရို့ဖြီးသွားတာလဲ...

megumi said...

ဒီလိုလေ ၊ မီးငယ်လေးရဲ့။
Visa က လေးနှစ်တောင် ရထားတာဆိုတော့ သတ်တမ်းတွေ အများကြီး ကျန်သေးတယ်လေ။ ရဲကြီး က ဖမ်းချင်တာဖမ်းလို့မရတော့ ရှက်ပြုံးပြုံးတာ နေမှာပေါ့ကွယ်။ :p :p

mabaydar said...

ဟား..ဟား.. မိုက်တယ်.. မျက်လုံးထဲမှာ ပေါ်တယ်.. ဘာပဲပြောပြောသူတို့ကိုနောက်လိုက်ရတာ.. action ကားမှာသရုပ်ဆောင်လိုက်ရသလို ရင်ခုန်သွားမှာပဲ.. မယ်ဂုမိက သူတို့နဲ့ ဂျပန်လိုပြောရမှာပဲနော်.. သူတို့ပြောသမျှ ရည်ရည်လည်လည်နားလည်နေတာပေါ့.. အားကျတယ်.. သူများဘာသာစကားကို သေချာတတ်လို့.. မဗေဒါတို့များ.. စကာင်္ပူရောက်ပြီး.. အင်္ဂလိပ်လိုပဲပြောနေရတယ်... တရုတ်လိုက မတောက်တခေါက်.. ဘာမှကို ရည်ရည်လည်လည် မတတ်ဘူး...

 

Design By:
SkinCorner