Wednesday, July 16, 2008

ရှာကြံ ကြွားခြင်း(၃)

ဒီစက်ဘီးလေးအကြောင်းကို မသိတော့လည်း ဒီလိုပဲ ပြောကြမှာပေါ့လေ။(ဆရာမကြီးလေသံနဲ့:P)

ဒီလိုရှင့်။ကျမက ဒီစက်ဘီးလေးကို စီးချင်လွန်းလို့များ ဝယ်ထားတယ်လို့ မထင်ပါနဲ့ရှင့်။
အစက ဆိုင်ကယ်လေးများ ဝယ်မလားဆိုပြီး အမေကိုတိုင်ပင်ကြည့်တော့ အမေက တချက်ပဲပြန်ပြောတယ်(NO)တဲ့ရှင့်။(ကျမရဲ့ တတ်ကျွမ်းမှုကို သိလို့ရှင့်။ :) )
အဲဒါနဲ့ ကားလေးဘာလေးများဝယ်မလား စဉ်းစားပြန်တော့လည်း (ကားမမောင်းတတ်ပါရှင့်။ :) )
အဲဒါနဲ့ပဲ နောက်ဆုံးတော့ လူတကာကပြောနေကြတဲ့ ဒီကလေးစီးစက်ဘီးလေးကိုဘဲ ဝယ်လိုက်ရတော့တာ‌ပေါ့ရှင့်။
စက်ဘီးလေးက သေးသေးလေးဆိုပေမယ့် အထင်တော့မသေးနဲ့ရှင့်။
သူက (折り畳みORITATAMI)လို့ခေါ်တဲ့ အလည်ကနေ တဝက်ခေါက်လို့ရတဲ့စက်ဘီးလေးရှင့်။
ပြီးတော့ ဂီယာ(၆)မျိုးပြောင်းလို့ ရသေးတယ်ရှင့်။(တောင်ပေါ်တတ်ရင်တောင် ပူစရာမလိုပါဘူး။)(ကြားထဲကကြေငြာဝင်တာပါရှင့် :) )
ပေါ့ကလည်း ပေါ့သေးတယ်ရှင့်။
(24")ပဲ ရှိတယ်ရှင့်။
ဒီကလေးစက်ဘီးလေးက ကောင်မလေးတွေတင်မကဘူးရှင့်။ကောင်လေးတွေလည်းစီးတယ်ရှင့်။
(အဓိကကတော့ လူငယ်လေးတွေစီးတာများတယ်ရှင့်။)
အဘိုးကြီး၊အဘွားကြီးများကတော့ စက်ဘီးအကြီးစားကြီးစီးကြတာပေါ့ရှင့်။ :)
ကျမတို့ကျောင်းကတောင်ကုန်းပေါ်မှာရှိတော့ ကားနဲ့ပဲသွားသွား၊စက်ဘီးနဲ့ပဲသွားသွား အချိန်ချင်းအတူတူပါပဲရှင့်။
ကျောင်းဆင်းချိန်ကြရင် ကားကအရမ်းကျပ်ပြီး တန်းစီနေတဲ့လူတွေက များလွန်းတာကို စိတ်ညစ်လို့ ဒီကလေးစီးစက်ဘီးလေးကို ဝယ်လိုက်ရတာပါရှင့်။

5 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မြရွက်ဝေ said...

တို့ကတော့ တို့ကတော့ on foot :D
စက်ဘီးဝယ်ပြီး လုံးဝမစီး။ မီးမီးကြောက်ကြောက်

megumi said...

လမ်းလျှောက်တော့ လျှောက်ချင်ပါတယ်ရှင့်။ဒါပေမယ့် ဖိနပ်က............ ။ကျောင်းကတော့ လမ်းလျှောက်မသွားပါရစေနဲ့ ရှင့်။ခြေလျင်တောင်တက်အသင်းဝင် မဟုတ်လို့ပါရှင့်။:P :D

Welcome said...

ဂျပန်မလေးရေ...
ကြွားချင်ရင်တောင်မှ ကိုယ့်မှာ အမှန်တကယ် ရှိမှ ကြွားလို့ရတာပါ။ တလောက ဟိုဘက်ရွာက မိန်းကလေးတွေ ဖိနပ်များ ကြောင်း ဓာတ်ပုံအထောက်အထား အခိုင်အမာ နဲ့ ကြွားတာသွားတွေ့လို့ ကျွန်တော်လဲ ကြွားခဲ့ ပါသေးတယ်။ ကျွန်တော့်မှာ လက်ရှိစီးနေတဲ့ စင်ကြယ် ညှပ်ဖိနပ်တစ်ရံပဲရှိတာမို့ ဓာတ်ပုံနဲ့ မရိုက်တော့ပါဘူးလို့ ပြောခဲ့ပါတယ်။
စက်ဘီးကတော့ စီးမကြည့်ဖူးတော့ မစီးတတ် ပါဘူး။ ကျောင်းကပြန်လာရင် ခဏငှားပါ၊ အစီးသင်ချင်လို့။ ဒါမှလဲ ဂျပန်ရောက်လို့ ရဲတွေလိုက်ရင် စီးပြေးရ အောင် ကြိုပီး လေ့ကျင့်၊ သင်ထားရမှာပါ။ ကျွန်တော့်အရပ်အမောင်းက ၄ပေ၊ ၅ လက်မ ထဲမြင့်တော့ စက်ဘီးနဲ့တော့ အံကိုက် ပဲဗျာ... မျှဝေ(ကြွား)ပေးတာ ၀မ်းသာတယ်၊ ကိုယ်လဲ ငှားရတာပေါ့...
ခင်မင်လျက်
ဝင်းဇော်

Anonymous said...

စက်ဘီးလေးကချစ်စရာလေး.......
ဝေလေးလဲအရပ်ပုတော့အဲဒါနဲ့ဆိုအတော်ပဲနေမယ်..ဟိ ဟိ

စိုင်းစိုင်းလားရှိုး said...

ကျုပ်ကိုခဏလောက်ဋ္ဌားပါလား
တစ်လလောက်ပေါ့ MRT ......
ဖိုးအရမ်းကုန်လို့........
ီDHL နဲ့ပို့လို့ရတယ်တဲ့....
ပို့ခကျုပ်ပေးပါ့မယ် .......
ဋ္ဌားရင်အကြောင်းပြန်ပေးပါ....

 

Design By:
SkinCorner