Tuesday, July 29, 2008

Blog လေးရဲ့(2)လပြည့်မွေးနေ့

တကယ်တမ်းတော့ ကျမသည်
Thesis ရေးရမည်။
မရေးချင်လို့ လျှောက်ကာပြေး
Blog လုပ်ခဲ့သည်။
Blogလုပ်တော့ အရမ်းပျော်
မိတ်ဆွေ တိုးခဲ့သည်။
ယခုအခါ Blogသည်
(2)လပြည့်ပါပြီ။
မိတ်ဆွေများ၏ အားပေးမှု
အထူး ကျေးဇူးတင်ပါသည်။

 မိတ်ဆွေ၊သူငယ်ချင်း၊မောင်နှမများအတွက် ဒီတခါတော့ ဂျပန်ရဲ့ နာမည်ကြီးဘီယာများ​နဲ့ ဧည့်ခံလိုက်ပါတယ်နော်။အားမနာတမ်း သုံးဆောင်ကြပါ။


ဒါကတော့ ဟင်းလျာလေးတွေပါ။ (အမြည်းလေးတွေပေါ့။)

ဘီယာမသောက်တတ်သော သူများ(ကျမ အပါအဝင်)အတွက် သဘာဝလိမ္မော်ဖျော်ရည်လေး

14 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေးမီကူးမီရေ..
မိန်းကလေးဘလောဂ့်ဂါ သူငယ်ချင်းတွေထဲမှာ
တစ်မူထူးခြားတဲ့ အိမ်လေးမို့ မကြာမကြာရောက်ဖြစ်တယ်။
ဘလော့ဂ်မွေးနေ့(၂)လပြည့်မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်၂ရွှင်၂ ၊ အောင်၂မြင်၂ နဲ့ ဆက်လက် Blogging နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
အေးချမ်းပျော်ရွှင်နိုင်ပါစေ
ခင်တဲ့ .. .. ဝင်းဇော်

Anonymous said...

အား...........ဂွတ်၏......
စားသွားတယ်..ဘီယာတွေများလိုက်တာလို့ပြောတော့မလို့
အောက်ကျမှစားစ၇ာတွေတွေ့တယ်..ဟိ..
မိုက်တယ်..
အဝစားသွားတယ်..
ဆက်လက် ဘလော့ဂင်းနိုင်ပါစေနော်...

အောင်ကြည်မင်း said...

မင်္ဂလာပါ ခင်ဗျာ။ မွေးနေ့ပွဲလေးကိုတက်ရောက် ပါတယ်။ ရေနွေးကြမ်းသောက်ပြီး အမြည်းတွေစားသွားတယ်။ နောက်ပြီး အိမ်မှာ သောက်ဖို့ စပိုင်နဲ့ အမြည်းနဲနဲ ယူသွားမယ်ရမလား။ နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်စွာရေးသားနိုင်ပါစေ ခင်ဗျာ။

မိုးပြေး said...

ဂျပန်မလေးရေ...ယနေ့ မှစ နှစ်၁၀၀ တိုင်ဆိုသလို အမြဲတမ်း
ဒီဘလော့လေး တည်တံ့နိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်း
ပါတယ်။အောင်မြင်မှုတွေကို လည်းဆက်လက်ထိန်းသိမ်း
နိုင်ပါစေ။ပျော်ရွှင်ချမ်းမြေ့ပါစေ ခင်ဗျာ။

ပါဂနာ said...

“ ဂူဂူ” စံ လေးရေ.

ဒီလို SMS ဘဲ လှမ်းပို့လိုက်ပါ၏.

မှီလိုမှီငြား ဂလို လိုက်လာရတာ.

ဟောဟီး.ဟောဟီး

ဆက်၍ဆက်၍ Blogging နိုင်ပါစေ လို့

ဆုတောင်းပေးလိုက်ပါတယ် ဗျား..

စိုင်းစိုင်းလားရှိုး said...

ဒီလို အလိုက်သိပြီး
ခင်ဖို့ ကောင်းတာမျိုး
မကြုံ ဖူးဘူး ဟေးးး
ဘိုင်ပြတ်နေတာနဲ့
အတော်ပဲ......
ဇရက်မင်း စည်းစိမ်
ခံစားလိုက်အုံးမယ်.....
ပြီးတော့ တစ်ခါတည်း
ဆုတောင်းပေးလိုက်မယ်..
မယ်ကုမိ လျှောက်တဲ့လမ်း
ဖြောင့်ဖြူးပြီး ပန်းပေါင်းစုံ
ပွင့်လန်းပါစေ.....
စိတ္တသုခ ကာယသုခ နဲ့
ပြီးပြည့်စုံနိုင်ပါစေ ဗျာ
မယ်ကုမိရဲ့ ရက် ၆၀ မွေးနေ့
အတွက်... ချီးယားးးးးးးးးးးးး

ကိုစွမ်း said...

လူတောင် တော်တော် စုံနေပြီပဲ. :P

မြရွက်ဝေ said...

ビルは飲まないのでサラダとジュースをいただきます。美味しそうね。

Unknown said...

အိမ်ကအဖွားကပြောတယ် မီဂူမီး ဘလော့ ၂ နှစ်ပြည့်တဲ့
နေ့လို့ပြောတယ် ဒါ့ကြောင့်ပြေးလာတာ ဖိနပ်တောင်မပါ
ဘူး..ဆုမပေးခင် အအေးတစ်ခွက်သောက်မယ်နော်..
မီဂူမီး ရဲ့ဘလော့လေး ထာဝရ ဆက်လက်ပြီး ရှင်သန်နိုင်
ပါစေဗျာ

အရုပ်ကလေး said...

ယနေ့မှစ..နောင်အနာဂတ်နေ့ရက်တိုင်းမှာပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုတောင်းရင်း...

အရုပ်ကလေး said...

တစ်ခါ ဆို ...၀ါဆို..ဆုံ

တစ်ခါဆိုတဲ့ ၀ါဆိုလရဲ့
ကုန်ဆုံးရက်နား ဆုံခဲ့ရတဲ့
ညီမလေး 'ဂူး' ရေ...
ဟောင်းသွားခဲ့တဲ့ နေ့ရက်မှဆီ
အသစ်တဖန် ဖြစ်တည်နေတဲ့
နောင်အနာဂတ် ဆန္ဒများနဲ့
ထပ်တူပြုရင်း ဘ၀ရှေ့ရေး
တိုးတက်ရေးကို ကြံစည်ဆောင်ရွက်
တွဲလက်ညီလို့ ဆောင်ရွက်ကြမယ်
စိတ်ကူးများဝယ်...။

ဒီဇင်ဘာနှင်း said...

၂ လပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက်ရေးသားပြီး အောင်မြင်မှုတွေရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

အောင်ဦး said...

ဂျပန်မလေးရေ...
၂ လပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်
ထာဝရပျော်ရွှင်နိုင်ပါစေ။
စိတ်ဆင်းရဲခြင်းကင်းပါစေ။ ကိုယ်ဆင်းရဲခြင်းကင်းပါစေ။
ဘလော့ဂါ မောင်နှမများနှင့် ထားဝရပျော်ရွှင်ပါစေ။

WWKM said...

ချစ်ညီမလေး Gu Gu..
သိတာမကြာသေးပေမယ့် အရမ်းခင်သွားတယ်သိလား.ညီမလေး က ခင်စရာ အရမ်းကောင်းလို့လေ...ညီမလေးရဲ့ blog ကလေးက ချစ်စရာကောင်းတယ်..အခု ၂လပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်...အောင်မြင်ပျော်ရွှင်နိုင်ပါစေလို့....
ချစ်တဲ့မမ...၀ါဝါခိုင်မင်း

 

Design By:
SkinCorner