Sunday, August 3, 2008

မမ(မဝါဝါခိုင်မင်း)ရဲ့ Blog ​လေး(3)လပြည့် အတွက်


မမနဲ့ တွေ့ကြုံဆုံခဲ့ရတဲ့ အချိန်လေးက တိုတောင်းသေးပေမယ့် အစ်မမရှိတဲ့ ကျမအတွက်တော့ အစ်မအရင်း(1)ယောက်လို့ သဘောထားပါတယ်။အခုလို၊ ရေခြားမြေခြားမှာ ရှိတဲ့ အချိနှ်မှာ
မမလို အရမ်း သဘောကောင်းတဲ့ မမနဲ့ တွေ့ခဲ့တာဟာ အစ်မ (1)ယောက် ရလိုက်ရသလို ခံစားရပါတယ်။မမရဲ့ Blogလေး(3)​လပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် တည်တန့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။မမရဲ့ Blogလေး(3)​လပြည့်အတွက် အမှတ်တရအနေနဲ့ ကိုရီးယား သွားတုံးက ရိုက်ခဲ့တဲ့ ကိုရီးယားဆင်းတုတော်(ဘွဲ့တော်မသိပါ။)လက်ဆောင်ပေးလိုက်ပါတယ်ရှင်။

2 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

WWKM said...

ချစ်သောညီမလေးဂုဂု...
မမ အရမ်းဝမ်းသာပျော်ရွှင်လိုက်မိတယ်၊
ညီမလေးရဲ့  မမအပေါ်ထားတဲ့မေတ္တာလေးတွေကို မမ တွေ့လိုက်ရလို့လေ၊ တကယ်ပါအရမ်းဝမ်းသာပြီးကျေဇူးတင်ပါတယ်ညီမလေး၊ မမ အပြင်သွားရဦးမှာမို့လို့  ပြန်လာမှတွေကြမယ်နော်..
ညီမလေးအစစအရာရာအဆင်ပြေပါစေလို့၊
ချစ်တဲ့မမ ၀ါ၊ :)

WWKM said...

ညီမလေးဂုဂု....

ကျန်းမာပျော်ရွင်ပါစေကွယ်၊မမ ဘုရားပင့်သွားမယ်နော်၊
မမ က ကိုးရီးယား ကို အရမ်းသွားလည်ချင်နေတာညီမလေးရဲ့ ..
အတူတူသွားဖို့ အဖော်ကမရှိလို့လေ။ မမ အမျိုးသားရဲ့ 
pp ကအစိမ်းဆိုတော့ သွားလို့မရတာနဲ့။ညီမလေးရဲ လက်ဆောင် ဘုရားမှာဆုတောင်းဦးမယ်။ အဖော်ကောင်းကောင်းတွေ့ပြီး ကိုးရီးယား ကို သွားလည်ရပါစေလို့ လေ.... :D

 

Design By:
SkinCorner