Sunday, August 3, 2008

မေတ္တာရပ်ခံခြင်း

wesheme Blogပိုင်ရှင် ရှင့်၊ကျမရဲ့ Postကို အကိုရဲ့ blog link listမှာတင်တာဟာကျမသိတာတင် (2)ခုရှိပါတယ်။တခုက ကျမနှင့် ဂျပန်ရဲ(3) ပါ။
နောက်ခုကတော့ 長野県(NAGANO KEN)သို့ အလည်တခေါက်(4)ပါရှင်။
ကျမက blog linkကို မ Linkပေးလို့ စိတ်ဆိုးတာ မဟုတ်ပါဘူးရှင်။linkလို့လည်း စိတ်ဆိုးတာ မဟုတ်ပါဘူးရှင်။
{အခုလို Share တဲ့ နေရာမှာ အဂတိလိုက်လားဆိုတော့ လိုက်ပါတယ်ဗျာ။ ကျွန်တော် မတင်ချင်တဲ့ဟာဆို ကြိုက်ပေမယ့် မတင်ပါဘူး။}{မောင်တိန်ကတော့ ကျွန်တော့်ကို ဖြုတ်ခိုင်းလို့ ဖြုတ်လိုက်ပေမယ့် ကျွန်တော် လင့်ချင်တာဆို မပြောမဆို လင့်လိုက်တာပါပဲ။}{မောင်တိန်လို ခင်တဲ့သူကတော့ သူ့ဘလောက်ကို မလင့်ပါနဲ့ ပြောထားတာတောင် ကြိုက်လွန်းရင် လင့်လိုက်တာပဲ။ }
အဲဒီလို {ငါ့Blog မှာ ငါဟာငါ ဘာပဲလုပ်လုပ် }Linkချင် Linမယ်၊မ Linkချင်မLinkဘူးဆိုတဲ့ အယူအဆကို ကျမအနေနဲ့ လက်မခံနိုင်တာပါ။
ကျမရဲ့ Blog link (or)Post linkကို အကိုBlog ဆီကနေ လာဖတ်ကြတော့ ကျမတောင် ကျေးဇူးတင်ရအုန်းမှာ။
အရင်တခါလည်း Cboxမှာ ကျမကျေးဇူးတင်စကား လာပြောဖူးပါတယ်။အဲဒီတုန်းက ကျမက Blog linkကို တင်ပေးထားတယ်လို့ထင်ခဲ့တာပါ။
အကိုက{ဒီ Feed Roll က Queue လိုပါပဲ။ အခု ၂၀ - အခု ၃၀ ပဲ ဆန့်ပါတယ်။ နောက်က ပို့စ်တွေ တက်လာရင် အရင် လင့်ထားတဲ့ ပို့စ်တွေက ထွက်ပေးရပါတယ်။
ပြီးတော့ Published Date နဲ့ ကြီးစဉ်ငယ်လိုက် စီထားတဲ့ အတွက် နောက်မှ Published လုပ်တဲ့ Post တွေက အပေါ်ဆုံးမှာ ရှိနေပါတယ်}လို့ ပြောပါတယ်။
ကျမရဲ့ အဲဒီ ကျမနှင့် ဂျပန်ရဲ(3) Post က အကို Blogထဲမှာ (3)ရက်လောက်မပြောင်းပဲရှိနေခဲ့တာပါ။ကျမ New post တင်ပေမယ့်လည်းပေါ့။
အရင်Postကတော့ ကြာသွားပြီဆိုတော့ သေသေချာချာ သက်သေမပြနိုင်တော့ပါဘူး။ဒီတော့၊ (7/31/2008 10:52:00 PM )ကတင်တဲ့長野県(NAGANO KEN)သို့ အလည်တခေါက်(4)ကိုပဲ ဥပမာပေးပါမယ်ရှင်။
(7/31/2008 10:52:00 PM )က (長野県(NAGANO KEN)သို့ အလည်တခေါက်(4) (7/31/2008 10:52:00 PM )မှာတင်ပြီး နောက်Post (ဘယ်သူ့အပြစ်လဲ)
(8/01/2008 02:16:00 AM )ကို တင်ခဲ့ပါတယ်ရှင်။(1)ရက်ကွာပါတယ်။နာရီကတော့ သိပ်မကွာပါဘူးရှင်။အဲဒီတော့ အကိုပြောသလို နောက်မှ Published လုပ်တဲ့ Post တွေက အပေါ်ဆုံးမှာရှိတယ်ဆိုရင်
(ဘယ်သူ့အပြစ်လဲ)Post ကသာအပေါ်ဆုံးမှာ ရှိနေရမှာပါ။(တိုက်ကြည့်နိုင်ပါတယ်ရှင်။)
မနေ့က(2.8.2008) ဂျပန်နာရီည(1:15)နာရီထိ အဲဒီ 長野県(NAGANO KEN)သို့ အလည်တခေါက်(4)ပဲ အကို့Blog list(Feed Roll) မှာ မပြောင်းပဲ ရှိနေတာကတော့ ဘယ်လိုSystemကို သုံးထားပါသလဲရှင်။
အဲ့ဒီအချိန်မှာ (သူက မလင့်ရဘူးဆိုလို မလင့်တော့ပါဘူး)လို့ အကို ရေးပြီးသွားပါပြီရှင်။ကျမလည်း New posts(2)ခုတောင် ရေးပြီးသွားပါပြီရှင်။New postsတင်ပေမယ့် ဒီတိုင်းမပြောင်းပဲ ရှိနေတာဟာPost ကို link ထားတယ်လို့ ပဲ ထင်ပါတယ်။
Post linkကို link ပေးတယ်ဆိုကတည်းက အဲဒီPostအပေါ်မှာ နည်းနည်းတော့ စိတ်ဝင်စားလို့လို့ ကျမက ထင်ပါတယ်။အကိုပြောသလို
ို {တချို့ ပို့စ်တွေက ကိုယ့် ဘလောက်လေး လူစည်အောင် ထားထားတာပါ။
ဥပမာ ဟိုမင်းသားနဲ့ မင်းသမီး ခိုးပြေးတဲ့ အကြောင်းတို့ ဘာတို့ပေါ့။ နောက်ပြီး လူတွေ ဖတ်စေချင်တဲ့ ပို့စ် - ဥပမာ အခု သူ့ရဲ့ ပို့စ်လိုမျိုး }
ကျမရေးထားတဲ့ Postအပေါ်ကို ဖတ်စေချင်တဲ့ အကို့သဘောထားကို ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ၊လူစည်ကားအောင် တင်ထားတာဆိုရင်တော့ လက်မခံနိုင်ပါဘူးရှင်။
ကျမPost ရေးတာ ပင်ပင်ပန်းပန်း ရေးထားရတာပါ။တခါတလေဆို အိပ်ချိန်ကိုဖဲ့ပြီး ရေးထားရတာပါ။နောက်ပြီး အလကားရတဲ့ Blogspotမှာ အပြင်းပြေ Postရေးခဲ့တာ မဟုတ်ပါဘူးရှင်။
ကျမရဲ့ အတွေ့အကြုံလေးတွေကို စာဖတ်သူတွေကို မျှဝေခံစားစေချင်တဲ့ အတွက်ပါ။ဂျပန် မရောက်ဖူးသေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဂျပန်မှာ နေနေရသလိုမျိုး ခံစားနိုင်အောင် ရည်ရွယ်ပါတယ်။
အထူးသဖြင့် ဂျပန်ကိုလာမယ့်လူတွေ အတွက် ဂျပန်အကြောင်းလေးတွေ (နည်းနည်းပါးပါး) သိရင်တောင် ကျေနပ်ပါပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးနေတာပါ။
ကျမ ရဲ့ အဲလို ရည်ရွယ်ချက်ကို မသိတဲ့ အကို့ကို လည်း အပြစ်မပြောချင်တော့ပါဘူး။ဒီတော့၊အကိုဆီမှာ အဲလို{ငါ့Blog မှာ ငါဟာငါ ဘာပဲလုပ်လုပ် }စိတ်ဓာတ်ပဲ ထားနိုင်မယ်ဆိုရင်တော့
ကျမ တောင်းဆိုသလိုပဲ ကျမရဲ့ Blog link ကိုမတင်ပေးပါနဲ့ရှင်။
Blog linkတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ Blogger လောကမှာ ကိုယ့်မိတ်ဆွေလေးတွေရဲ့ Blog linkလေးတွေကို
ကိုယ်ရဲ့ Blogလေးမှာ ထည့်ကြတဲ့လူတွေ အများကြီးပါ။သွားလည်တတ်တဲ့နေရာလေးများဆိုပြီးတော့ ကျမလည်း ထည့်ထားပါတယ်။
ကျမ သွားလည်နေကြနေရာလေးတွေမှာ ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ပါသလို မခင်ပေမယ့် ကြိုက်နှစ်သက်လို့ သွားလည်နေတဲ့ နေရာလေးတွေလည်း ပါတာပေါ့။
ကျမလိုပဲ ကျမရဲ့ အိမ်လေးကို linkပေးထားတဲ့ Bloggerများလည်း အများကြီး တွေ့နေရလို့ ပျော်လိုက်ရတာ။
တချို့ဆို New post တင်တိုင်း ဖတ်လို့ရအောင်ဆိုပြီး New posts listတောင်

လုပ်ထားပေးသေးပါတယ်။တကယ့်ကို ကျေးဇူးတင်ပါတယ်
(တကူးတက လုပ်ပေးတဲ့ အတွက်ပါ။ကျမတောင် မလုပ်ဖြစ်သေးပါဘူး။) လို့ (အကြံပေးကြပါအုန်းနော်)Postမှာ ပြောထားပါတယ်ရှင်။

ဒါပေမယ့်၊လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို ကျမရဲ့ Blog linkကို (ကျမကို အသိပေးပေး၊မပေးပေး )ကြိုက်သလောက် Linkနိုင်ပေမယ့် ကျမရဲ့ Postကို ပဲ ရွေးပြီး Link ချင်သောသူများ ရှိလာခဲ့ပါလျှင်(Add a page Element>Blog listကနေလုပ်လို့ရတဲ့ Auto systemကနေ Blog listလုပ်ထားသော သူများကို မဆိုလိုပါ။အထင်မလွဲပဲ နားလည်ပေးစေချင်ပါတယ်။ :P )
ကျမရဲ့ကြိုးစာအားထုတ်မှုကို တန်ဖိုးထားတဲ့အနေနဲ့၊

ကျမရဲ့တောင်းဆိုချက်ကို လေးစားတဲ့အနေနဲ့ တချက်လောက် အကြောင်းကြားကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။


Postတွေကို တန်ဖိုးထားစေချင်သော Megumi

အကိုက Blogခေါင်းစဉ်တပ်ပြီး ပြောတဲ့အတွက် ကျမလည်း အကို့ Blog link ကို ထည့်လိုက်ရပါတယ်ရှင်။

ဆက်လက် အငြင်းမပွါးချင်တော့သော Megumi

စာဖတ်သူများကို
မေတ္တာရပ်ခံချင်တာက ကျမရဲ့ Post (2)ခုလုံးကို သေသေချာချာ ဖတ်ပြီးမှ Comment ရေးစေချင်ပါတယ်ရှင်။ကျမရဲ့ Postနဲ့ပတ်သတ်ပြီး လာရောက် ပြောကြားအကြံပေးကြသောသူများကို အထူးကျေးဇူးတင်ပါတယ်ရှင်။

4 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

အဆင်ပြေပါစေ. ပြောစရာတွေ ကတော.အများကြီးပေါ.ရင်ထဲ မှာဘဲ.

မိုးပြေး said...

ကျွန်တော်ကတော့ ရှင်းရှင်းပဲဗျာ၊ကိုယ်ကကြိုက်ရင် သွားတောင်းတယ်၊ကိုယ်ဘာသာယူလည်းရတာပဲ၊
ဘာလို့ ပိုင်ရှင်ဆီမှာ ခွင့်တောင်းလဲလို့ ပြောရင်၊
သူ့ ဘက်ကခံစားချက်ကို နားလည်ပေးရမယ်လေ၊ ကျွန်တော် တို့ တွေက
ကိုယ်ခံစားမှုတွေကို ပုံစံအမျိုးမျိုးနဲ့ ပုံဖေါ်နေကြတာဆိုတော့ သူများတွေပြောနေသလိုပေါ့ဗျာ တစ်ဦးကိုတစ်ဦးက အပြုသဘောဆောင်တဲ့ လေးစားမှုလေး ဖြစ်စေချင်တာပါ။ကိုယ်ရေးကိုယ်တာ လေးစားမှုကို မဆိုလိုပါဘူးခင်ဗျာ။ သူရေးလိုက်တဲ့ စာသားလေးတွေကိုပါ။ ဂျပန်မလေးရေ အားပေးနေလျက်ပါ။ဆက်ရေးပါ။ကျွန်တော်တို့ မရောက်ဘူးတဲ့ ဒေသ အကြောင်းတွေကို သိရတာ အရမ်းကို တန်ဖိုးရှိပါတယ်။ တစ်ဦးကို တစ်ဦး လေးစားကြပါဗျာ။

စိုင်းစိုင်းလားရှိုး said...

အင်းဗျာ......
ဥပမာ တစ်ခုပေါ့နော်.. ဆင်းရဲသားကောင်လေးက
သူ့မှာပိုင်ဆိုင်တဲ့ သူကိုယ်တိုင်ထုဆစ်ထားတဲ့
ရွှံ့ရုပ်လေးကို ချမ်းသာတဲ့ကောင်လေးက
သူငယ်ချင်းရယ် နင်အရုပ်လေးငါ့ ကိုခဏဋ္ဌား
ပါလားကွာ ငါ့သူငယ်ချင်းတွေကိုပြချင်လို့ပါ....
ဆင်းရဲသားကောင်လေးက ရပါတယ် ရော့ယူလေ
လို့ပေးပြီး ။ ချမ်းသာတဲ့ကောင်လေးက ၀မ်းသာ
အားရနဲ့ သူ့ သူငယ်ချင်း ချမ်းသာတဲ့ ကောင်လေး
တွေကို ကြည့်စမ်း ဒါ ငါ့သူငယ်ချင်း က သူကိုယ်တိုင်လုပ်ထားတာကွဆိုပြီး ရွှံ့ရုပ်လေးကို ဂုဏ်
ယူဝံ့ကြွားပြီးပြတော့ သူ့ သူငယ်ချင်း ချမ်းသာတဲ့ ကောင်လေးတွေကလည်း ရွှံ့ရုပ်လေးကို တအံ့တသြ နဲ့
ကြည့်ပြီး နင့်သူငယ်ချင်းကတော်လိုက်တာနော်တဲ့...
ဆင်းရဲသားကောင်လေးက ပြုံးပြုံးကြီးနဲ့ပေါ့...

Andy Myint said...

I hav said enough. Be cool. Cheers!

 

Design By:
SkinCorner