Friday, August 1, 2008

အကြံပေးကြပါအုန်းနော်

Blogger လောကမှာ ကိုယ့်မိတ်ဆွေလေးတွေရဲ့ Blog linkလေးတွေကို ကိုယ်ရဲ့ Blogလေးမှာ ထည့်ကြတဲ့လူတွေ အများကြီးပါ။သွားလည်တတ်တဲ့နေရာလေးများဆိုပြီးတော့ ကျမလည်း ထည့်ထားပါတယ်။ ကျမ သွားလည်နေကြနေရာလေးတွေမှာ ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ပါသလို မခင်ပေမယ့် ကြိုက်နှစ်သက်လို့ သွားလည်နေတဲ့ နေရာလေးတွေလည်း ပါတာပေါ့။
ကျမလိုပဲ ကျမရဲ့ အိမ်လေးကို linkပေးထားတဲ့ Bloggerများလည်း အများကြီး တွေ့နေရလို့ ပျော်လိုက်ရတာ။တချို့ဆို New post တင်တိုင်း ဖတ်လို့ရအောင်ဆိုပြီး New posts listတောင် လုပ်ထားပေးသေးပါတယ်။တကယ့်ကို ကျေးဇူးတင်ပါတယ်(တကူးတက လုပ်ပေးတဲ့ အတွက်ပါ။ကျမတောင် မလုပ်ဖြစ်သေးပါဘူး။)အဲလို New posts linkလေးတွေ ထည့်တယ်ဆိုတာ Add a page Element>Blog listကနေလုပ်လို့ရတဲ့ Auto system တခုပါ။New postရေးလိုက်တဲ့ Blog linkက ထိပ်ဆုံးရောက်နေတာကို အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ဒါပေမယ့်၊အဲလို Blog linkလေးတွေကို ကိုယ်ထည့်ချင်တဲ့ နေ့ကြရင် My blog listမှာထည့်ပြီး မထည့်ချင်တဲ့နေ့ကြရင် My blog listမှာမထည့်ပေးတဲ့ Blogger(1)ယောက်နဲ့ အခု ကျမကြုံတွေ့နေရပါတယ်။
နာမည်ကြီးBlogger(1)ယောက်ဖြစ်ပြီး ကျမနဲ့လည်း မခင်ပါဘူးရှင်။ကျမလည်း မသွားဘူးတဲ့ Blogပါ။
(ကျမက လေ့လာမှုအားနည်းလို့ ထင်ပါတယ်။သွားလည်ကြည့်တော့ တော်တော်ကို နာမည်ကြီးတဲ့ Blogger ဖြစ်ကြောင်း သိလိုက်ရပါတယ်။)ဟိုတခါ၊ကျမနှင့်ဂျပန်ရဲ(3)ဆိုတဲ့Post တင်တုံးက ကျမBlogစီကို သူ့Blogကနေ တဆင့်လာကြလို့ ဘယ်သူပါလည်းဆိုပြီး သွားကြည့်မှ သိခဲ့ရတဲ့Blogပါ။အဲ့ဒီတုန်းကလည်း ကျမ မသိလိုက်ရပါပဲနဲ့ သူ့Blog listမှာ ကျမရဲ့Post link က ဓာတ်ပုံလေးနဲ့တကွ ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။အဲဒါနဲ့ သူ့Blog listမှာ ကျမရဲ့Blog link ကိုထည့်ထားပေးလို့ ကျေးဇူးတင်ပါတယ်လို့တောင် သွားပြောလိုက်သေးတယ်သိလား။(ကျမကBlog linkနဲ့ Post linkကို မှားပြီးတော့ ထင်ခဲ့တာပါ။)အဲ့ဒါနဲ့၊နောက်နေ့တွေ သူ့ Blogကို ရောက်ဖြစ်တော့ ကျမရဲ့ Blog link ကရှိမနေတော့ပါ။New post တင်ထားရက်နဲ့ သူ့Blog listမှာမရှိတော့ တမျိုးပါလားဆိုပြီး ဖြစ်သွားတာပေါ့။နောက်နေ့ သွားလည်လို့ ကျမရဲ့ Blog linkလေးကို ရှာကြည့်တော့လည်း မရှိ၊ထူးဆန်းလိုက်တာဆိုပြီး နေ့တိုင်းတောင် အဲ့ဒီ Blogကို သွားကြည့်ဖြစ်သေးတယ်။နောက်တော့ မိတ်ဆွေတွေကို လိုက်မေးကြည့်တော့မှ
သူက သူထည့်ချင်တဲ့Post လေးတွေကို သူ့Blog listမှာ ထည့်တာပါတဲ့။ပိုင်ရှင်ကိုလည်း အဲဒီ Post link ကိုထည့်လိုက်မယ်လို့ အသိပေးလေ့မရှိပါဘူးတဲ့။သူ့Blog listမှာ သူထည့်ချင်တဲ့ linkထည့်မယ်ဆိုတဲ့ သဘောပေါ့။Blog link မဟုတ်ပါဘူးရှင်။Post ရဲ့ Linkကိုပါ။Blog Linkကို ထည့်တဲ့လူတွေကတော့ Blogလောကမှာ ဒီလိုပဲ ပြောပြီး ထည့်တာလည်းရှိတယ်၊မပြောပဲ ထည့်ထားတာလည်းရှိတော့ အပြစ်ရယ်လို့ မဆိုနိုင်ပါဘူးရှင်။အခုဟာကPost link ပါ။(သူတပါးပင်ပင်ပန်းပန်း )ရေးထားတာလေးကို {ကောင်းလို့ကျွန်တော်Blog linkထဲမှာ Linkထားတယ်ဗျာ }လို့ တင်ပြီးမှ တစ်ခွန်းတလေလေး ပြောရင်တောင် ရပါပြီရှင်။ဘယ်Post ပိုင်ရှင်မဆို ကျေနပ်ကြမှာပါ။ငါ့Blog ကိုကြေငြာပေးတာပဲဆိုပြီး ကျေးဇူးလည်း တင်ကြမှာပါ။ဒါပေမယ့်၊အခုဟာက ရေးထားတဲ့လူရဲ့ ပေးလိုက်ရတဲ့ အချိန်၊စဉ်းစားတွေးတောမှုကနေ​ရလာတဲ့ ကိုယ်ပိုင်ရေး Postလေးကို ဘာတစ်ခုမှ (ချီးမွန်းစကားပဲဖြစ်ဖြစ်၊ကဲ့ရဲ့စကားပဲဖြစ်ဖြစ်)မပြောပဲနဲ့ သူ့Blog listမှာ ထည့်ချင်တဲ့အချိန် ထည့်၊မထည့်ချင်ရင်ပြန်ဖြတ် လုပ်နေတာဟာ {ငါ့Blog မှာ ငါဟာငါ ဘာပဲလုပ်လုပ် }ဆိုတဲ့ သဘောရောက်မနေဘူးလားရှင်။အဲ့လိုမျိုး လုပ်တာဟာ Post ပိုင်ရှင်ကို အလေးမထားရာရောက်မနေဘူးလားရှင်။ဒီလိုပဲ သူလုပ်ချင်တာလုပ်နေတာကို လက်ပိုက်
ကြည့်နေရမှာလားရှင်။အကြံပေးကြပါအုန်းနော်။(သူလို့ နာမ်စားသုံးလို့ ရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါရှင်။)

16 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Synchro 305 ~ said...

စိတ်လျှော့ပါဂုမိရာ
သယ်ရင်းကလည်း
ငါ နင့်ခံစားချက်ကိုနားလည်ပါတယ်
အေးဆေးပေါ့ စိတ်လျှော့စိတ်လျှော့
လိမ်မာတယ်နော်
:)

WWKM said...

ညီမလေး..စိတ်မတိုပါနဲ့နော်..ညီမလေးဂုဂုကလိမ္မာပါတယ်.စိတ်တိုရင်ရုပ်ဆိုးတတ်တယ်ညီမလေးရဲ့ .းP
လူအမျိုးမျိုး စိတ်အထွေထွေတွေ မို့လို့ အားလုံးကို အတတ်နိုင်ဆုံးအကောင်းမြင်နိုင်အောင်ကြိုးစားရင်ငြိမ်းချမ်းပါတယ် ချစ်ညီမလေးရေ...
သြော်..သူလေးကဒီနေ့ ဒီပိုစ်လေးရေးနေတာကို..ဒါကြောင့်မို့ တွေ့ရက်နဲ့နှုတ်မဆက်တာပေါ့..ဟုတ်လား..
ချစ်မမ၀ါ

Welcome said...

ဂျပန်မလေး
လွယ်ကူပေမယ့် နားလည်ရ ခက်ခဲတဲ့ ပုစ္ဆာ တစ်ပုဒ်ရဲ့ အဖြေလိုပါပဲ။
ဘလော့ဂ် ၀န်းကျင်မှာ သူ့ကို Drive လုပ်လို့ မရသလို၊ ကိုယ့်ကို Drive လာလုပ်လို့လည်း မဖြစ်နိုင်ဘူးလေ။ သူငယ်ချင်းရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို နားလည်ပါတယ်။ ချစ်စကိုရှည်ပြီး မုန်းစကို တိုစေချင်ပါတယ်။
လူချစ်လူခင်များ ပြီးသားပါ။
နားလည်ပေးလိုက်ပါ။
ကိုယ်ကအငယ်ပဲလေ၊ ဟုတ်ပီလား။

မင်းကျန်စစ်။ said...

အဲလို လုပ်တာတော့ မကောင်းဘူးပေါ့။ တစ်ယောက်အပေါ်တစ်ယောက် အလေးထားမှုလေးတော့ ရှိသင့်ပါတယ်။ ဘလော့မှာ တစ်ယောက်ရဲ့ ပို့စ် ၊ ကဗျာ တွေကို ကူးယူ ပြင်ဆင်ပြီး ပြန်တင်လို့ ပြသနာနည်းနည်း ရှိတတ်ကြပါတယ်။ ခု ဂုမိ ရဲ့ ဖြစ်ပုံကတော့ နည်းနည်းဆန်းသား။ အကောင်းဆုံးက သူ့ကို ဂုမိ ကိုယ်တိုင် မေးမြန်းသင့်တယ် ထင်တာပဲ။ သူ့ဖြေရှင်းတာကိုပဲ အလေးထားလိုက်ပါလား။ ခုလို အထင်နဲ့ စိတ်တိုနေရတာ ၊ ပို့စ်တွေ ရေးပီး အခြားလူတွေကို ထပ်ပြောသလိုဖြစ်နေရင် သူက ရှက်ရမ်းရမ်းပီး ပြသနာ ထပ်ဖြစ်နေအုံးမယ်။ ညီမလေးကိုရော ဟိုဘက်လူကိုရော အကို မသိပါဘူး။ အကြံပေးကြည့်တာပါ။ အားလုံးအဆင်ပြေပါစေ။

khin oo may said...

ညီမပြောတဲ.လူကို သိသလိုလိုတော.ရှိသား။ အစ်မ အမြင် ကတော.ညီမ ကြိုက်ချင်မှကြိုက်မယ်. အစ်မအလို အရဆိုရင် ဒီနေ.အတွက် ဖတ်ဖြစ်တဲ.အထဲ က ကိုယ် ကြိုက်တာလေးတွေကို ကိုယ်.ဆီ လာတဲ.သူများလဲ. ဖတ်စေချင် လို. link ထည်.လိုက်မယ်. စာကောင်းလေးတွေ တွေ.ရင် သူများကိုလည်းဖတ်ချင်တယ်. တနေ.တနေ.တက်လာတဲ. စာတွေ ဆိုတာနည်းတာ မဟုတ် ဖတ်နိုင်တဲ.သူ ကတင်ပေးရင် အလွယ် သွားဖတ်လို.ရတာပေါ.။ ရေးသူ ကို စော်ကားခြင်း မမည်. ချီးမွမ်းခြင်းလို. ခံယူ ပါတယ်။ သွားမပြောနိုင်တာ ကတော.အဲဒီလောက် မအားလို.ပါ. နေ.တိုင်း သွားပြောရတာ လွယ်တာ မဟုတ်.နဂိုထဲ က မပြောတတ် တဲ.သူ ဆိုရင် ပိုဆိုးတာပေါ.။ တစ်နေ.တစ်မျှိုး ပြောင်းရခြင်းက အဟောင်း post အတွ့က် နေရာမရှိလို.ပါ. ရေးသူတစ်ယောက်ထံ ကနေ နေ.တိုင်း စာကောင်းထွက် လာမယ်လို. မျှော်လင်းလို.မရဘူးလေ။ဒါ ဘယ်သူမှန်းမသိတဲ.ညီမဆိုလိုတဲ.သူဘက် ကနေ အစ်မခံစားလို.ရတာ ကို ရေးတာပါ။ ဥနောက် ဖောက်စားတယ်လို.မထင်ပါနဲ.ချီးမွမ်းနေတာပါ.

ဆောင်း said...

ညီမရေ ဘလော့မှာ စာရေးတာ လူများများ ဖတ်စေချင် လို့ မဟုတ်လား။ အခုလို လင့်ပေးထားတော့ ကိုယ်တိုင် သူများတကာဆီ လိုက်ကြော်ငြာဖို့ တောင် မလို တော့ဘူးပေါ့။ မမတော့ ကိုယ် အပင်ပန်းခံ အချိန်ကုန်ခံ ရေးထားတဲ့ ပို့စ်တွေ လူတွေ လာဖတ်ကြရင် ပျော် တာဘဲ။ ကိုယ်ရေးတဲ့ ပို့စ် တွေလင့်ပေးမဲ့သူတောင် လိုက်ရှာ နေချင်သေး။ +ve အမြင်နဲ့  လှည့်တွေးလိုက်ပါ ညီမရယ်

Unknown said...

တစ်ယောက်နဲ့တစ်ယောက် Respect ထားဖို့ကောင်းတာပေါ့နော်..ဘာပဲလုပ်လုပ် အသိလေးတော့ပေးသင့်ပါတယ်..အသိလေးပြောဖို့အ
တွက်ဘာမှတော့ မခဲယဉ်းဘူးထင်တာပဲ..နောက်တစ်ခု
ကျွန်တော် နှိုင်းယှဉ်ပြခြင်တဲ့ အရာလေးကတော့
- အမြဲတမ်း တစ်ယောက်မကောင်းကြောင်း တစ်ယောက်ပြောနေတဲ့ ခေါင်းဆောင်နှစ်ယောက်ဆိုပါတော့ အဲဒီလူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အဝေးကနေပြီးတော့ သူများပြောတာတွေကို အဟုတ်ထင်ပြီး အဲဒီသတင်းတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက်ထိုးနှက်နေကြတယ်..လုံးဝကိုကြည့်မရ
လောက်အောင်တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေ
ကြတယ်..အဲဒါပေမယ့် သူတို့နှစ်ယောက်စလုံး ထိပ်တိုက်တွေ့လိုက်တဲ့ အချိန်မှာ စောစောကပြောခဲ့တဲ့ တစ်ယောက်နဲ့တစ်ယောက်အမြင်စောင်းတာတွေ မရှိတော့ပဲနဲ့ ရင်းနှီးပွင့်လင်းပြီး နားလည်မှုတွေရှိလာတယ် သင့်မြတ်လာတယ်ပေါ့နော်..ဒါကလူတိုင်းလိုလိုပဲ ခံစားဖုးမှာပါ သူငယ်ချင်းတွေနဲ့ စိတ်ဆိုးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မခေါ်ကြဘူး...ဟော တစ်ယောက်က လှမ်းပြီးနုတ်ဆက်လိုက်ရင် ကျန်တစ်ယောက်လည်း ပျော်သွားတာပါပဲ..အဓိကတော့ မိမိရဲ့ မကျေနပ်ချက်တွေကို ရင်ထဲမှာသိမ်းမထားပဲ တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းစွာပြောဆိုဖို့လိုပါတယ်..ဒါ့ကြောင့်
နှစ်ဦးနှစ်ဖက်တွေ့ဆုံပြီး သူ့လည်းမသာ ကိုယ်လည်းမသာတဲ့ Equation တစ်ခုကိုဖော်ထုတ်သင့်ပါတယ်ဗျာ :D

စိုင်းစိုင်းလားရှိုး said...

မယ်ကုမိရေ.....
ပြောရမယ်ဆိုရင် ဘလော့ဂ်လောက
တင်မဟုတ်ဘူး တစ်ခြားအပြင်လောက
ကြီးမှာပါ ထပ်တူကြခြင်းဆိုတာ
အင်မတန်ရှားပါတယ်.....
ကလောင်ကိုင်တာခြင်းတူပေမဲ့
ကလောင်ရဲ့ ခြစ်ရာကတစ်ဆင့် ပေါ်လာတဲ့
ခံစားမှု့ ထင်မြင်မှု့ ဖတ်ရှု့ခြင်းကနေ
ရလာတဲ့ နားလည်မှု့ ...... အဲဒီလို မှု့များစွာ
ဟာ ဘယ်လိုထပ်တူကြ နိုင်မှာလည်း
မဟုတ်ဘူးလား...... အဲဒီတော့
ကျနော့ အနေနဲ့ ထင်မြင်တာပေါ့နော်
ကလောင်ရှင်တွေအားလုံးဟာ
အပြန်အလှန်လေးစားခြင်း၊
နားလည်မှု့ သဘောထားကြီးခြင်း၊
ဖေးမကူညီခြင်း တွေနဲ့ ရှေ့လျှောက်
လှမ်းနိုင်ကြပါစေလို့

Anonymous said...

Misunderstanding. See this post

http://wesheme.blogspot.com/2008/08/reply-to-megumi.html

Regards,

Myo Kyaw Htun

www.myokyawhtun.com

မြရွက်ဝေ said...

နားလည်မှု လွဲကြတာပါ ညီမရယ်။ တခြားဘလော့ပို့စ်ကို စာလေးနဲ့ ဘေးမှာလင့်ပေးထားတဲ့ ဘလော့တွေရောက်ရင် ဪဒီစာလေးသွားဖတ်ဦးမှ ဆိုပြီး ကိုယ်မသိသေးတဲ့ ဘလော့အသစ်တွေကို သိရတယ်လေ။ မြန်မာဘလော့တွေ အများကြီးထဲ ဒီလိုညွှန်းပေးတာရှိတော့ စာလိုက်ဖတ်ရတာ အဆင်ပြေသွားတယ်။ ကိုယ့်စာလေး မျှပေးထားတာ တွေ့ရတဲ့ အခါမျိုးဆို ပျော်ရတာလဲရှိပါတယ်။ မျက်ခုံးလှုပ်တာလဲ ရှိတယ်။ ကိုယ်က ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ရေးထားတာမဟုတ်တော့ စာကောင်းပေကောင်းတွေကြား ညှပ်ပါနေရင်လေ။ အဲလို လင့်တွေကနေ ကိုယ့်ဆီ လာဖတ်တော့လည်း နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ ဟုတ်လား နော်
気にしないでね。楽しく 気楽に続けてね。

Anonymous said...

ညီမရေ့ ဒါမျိုးကဖြစ်တက်ပါတယ် စိတ်ထဲမထားပါနဲ့  အစမို့ နောက်ဆို ဘလော့သက်လေးရင့်လာရင် ဒါတွေခံနိုင်ရည်ရှိသွားမယ် အဓိက က ကိုယ်စာရေးနေဖို့ ပဲမဟုတ်လားး လင့်တာမလင့်တာတွေက အရေးမကြီးပါဘူးနော့် ပျော်ပျော်ပါးပါးသာ ဘလော့ပါ ။ ( ကျနော်တောင် အသစ်မတင်ဖြစ်တဲ့ ဘလော့တွေကို လင့်ဖြုတ်မိတာ ကြက်သီးတောင်ထတယ် :P)

Pinkgold said...

အမရေ..

ဘလောဂ့်လောကမှာ editorial မရှိတဲ့အတွက် ပက်ပက် စက်စက် စော်ကား တာကလွဲရင် ဘာမှ ပြောစရာ မလိုဘူး ထင်ပါတယ် .. လင့်တယ်ဆိုတာကလည်း ကိုယ်ကြိုက်မှ ကိုယ်လင့်မှာပေါ့ရှင့်.... blog address ကို လင့်တာလည်း ဖြစ်နိုင်သလို.. ကိုယ်ကြိုက်မိတဲ့ ပိုစ့်ကို အများသူငါလည်း ဖတ်စေချင်လို့ လင့်ပေးတာမျိုးလည်း ရှိနိုင်ပါတယ်... ကိုယ့်ရဲ့ ပိုစ့်ကို သူကြိုက်လား မကြိုက်လား.. သူ လင့်မလား မလင့်ဘူးလား ဆိုတာလည်း ကိုယ်ပြောလို့ မရနိုင်တဲ့ အရာ တစ်ခုပါရှင်.. စိတ်လျှော့နော်

Taungoo said...

အမမီ
ကျွန်တော့် ကွန်မန့်ကို ဘေးလူတစ်ယောက်က ဝင်ဖတ်သလိုသာ သဘောထားပြီး ဖတ်ပေးပါလို့ ဦးစွာပြောပါရစေ။ အပြုသဘောင်ဆောင်တဲ့ အကြံပြုခြင်းပါ။

အမမီ ဒီပို့စ်ရေးလိုက်တာ စိတ်မြန်သွားတယ်ထင်ပါတယ်
ဘလော့ဂ်ဂါအသိုင်းအဝန်းမှာ ပို့စ်လင့်ခြင်း ဘလော့ဂ်လင့်ခြင်း လုပ်လေ့ရှိတာဟာ မဆန်းတော့ပါဘူး။ ခွင့်မတောင်းပဲ လင့်ခဲ့ရင် စိတ်ဆိုးကြေးဆိုရင် ကျွန်တော့်ကို စိတ်ဆိုးမဲ့သူတွေအပုံကြီးပါပဲ။ များပြားလှတဲ့ မြန်မာဘလော့ဂ်ဂါတွေကြားမှာ အားလုံးကို လိုက်ဖတ်ဖြစ်ဖို့ မပြောနဲ့ ဖွင့်ဖြစ်ဖို့တောင်မှ မလွယ်ကူပါဘူး။ ပြည်တွင်းအနေနဲ့ဆိုရင် အခု ၄၄၀၀ကျော် စာရင်းရှိနေပါပြီ။ ပြည်ပရောက် မြန်မာဘလော့ဂါတွေပါ ပေါင်းကြည့်ရင် အတော်ကို များပြားလှပါတယ်။

ဘယ်ဘလော့ဂ်ကမှ တင်တဲ့ပို့စ်တိုင်း ပြီးပြည့်စုံအောင် ကောင်းမွန်တယ်ဆိုတာ မရှိနိုင်ပါဘူး
ကိုယ့်ပို့စ်တွေထဲက တစ်ခုလေးပဲဖြစ်ဖြစ် တစ်ကြောင်းလေးပဲ ဖြစ်ဖြစ် အခြားတစ်ယောက်က သတိပြုမိသွားတယ် ဖတ်ညွှန်းလေးပြုလိုက်တယ် ဆိုရင်ကိုပဲ ကျေနပ်ဖွယ်ရာပါ။

အခု အမြင်မတူကြတဲ့အဖြစ်မှာ အမမီမြင်မိသလိုမျိုး ဘလော့ဂ်ရေးသူတိုင်းမြင်နေကြ စိတ်တွေခုကြပြီး ပို့စ်လင့်တွေ ဘလော့ဂ်လင့်တွေလည်း ဘာမှမထည့်ကြတော့ဘူး ကွန်မန့်ပေးဖို့ဝေးစွ စီပုံးတောင်ဝင်မအော်ကြတော့ဘူး ဆိုတဲ့အခြေအနေမျိုးအထိ ဖြစ်လာခဲ့ရင် ဘလော့ဂ်ရေးသားခြင်းဟာ ဘယ်လောက်များ ပျင်းစရာကောင်းလိုက်မလဲဗျာ

ကျွန်တော်တို့အဝန်းအဝိုင်းလေးဟာ တကယ်တော့ လက်မှတ်တစ်စောင်နဲ့ ကမ္ဘာတစ်ပတ် ပတ်ခွင့်ရသလိုပါပဲ။ နေရာဒေသစုံက သုတ၊ ရသ၊ နည်းပညာ၊ အတွေ့အကြုံတွေကို မြန်မာလို အားပါးတရ ဖလှယ်ရာ ကွန်းခိုရာ အစုအဝေးလေးတစ်ခုပါ။ အမြင်မတူမှုတွေကို လျှော့ချပြီး မြန်မာဘလော့ဂ်ဂါအသိုက်အမြုံလေး သာယာအောင် လျှောက်လှမ်းကြပါစို့ဗျာ

မေတ္တာဖြင့်

အောင်ဦး said...

ညီမလေး..
ဘာဘဲဖြစ်ဖြစ်ဒေါသ မပါမိရဘူး။ အားလုံးက အမျိုးတော်စပ်ခဲ့ဖူးတာဘဲလေ။ နောက်တခုက ဘလော့ရေးတဲ့သူ့ အချင်းချင်း မောင်ရင်းနှမလိုဘဲ ပျော်စရာကောင်းပါတယ်။ သူက ညီမလေး မကြိုက်တာလုပ်ခဲ့မိတယ် ဆိုပါစို့။ သူမသိလို့ လုပ်မိသွားတာ ဆိုတဲ့ အသိစိတ်လေးနဲ့ ခွင့်လွတ်ပေးရမယ်နော်။ အေးချမ်းပါစေ ညီမလေး။

megumi said...

ကျမရဲ့ Postနဲ့ပတ်သတ်ပြီး လာရောက် ပြောကြားအကြံပေးကြသောသူများကို အထူးကျေးဇူးတင်ပါတယ်ရှင်။

KO WAI said...

ဘာတွေဘဲ ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့လေ သူ့ခံစားချက်ကိုတော့နားလည်ပါတယ်။ ကိုယ်ကိုတိုင် ကြိုးစားရေးခဲ့ရတာကိုး။ ဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ပေါ့ လေ ဘလောက်ခရီးမှာ အမတစ်ယောက် ကြံကြံခံလျှောက်လှမ်းနိုင်ပါစေ

 

Design By:
SkinCorner