Friday, August 1, 2008

ဘယ်သူ့အပြစ်လဲ။

ငယ်ရွယ်စဉ်က အမြဲတမ်း အပြစ်ပြောခံရတဲ့ ကလေးဟာ
အရွယ်ရောက်လာတဲ့အခါမှာ သူတပါးကိုအကောင်းမမြင်တတ်တော့တာ ဘယ်သူ့အပြစ်လဲ။
ငယ်ရွယ်စဉ်က အမြဲတမ်း အနိုင်ကျင့်ခံရတဲ့ ကလေးဟာ
အရွယ်ရောက်လာတဲ့အခါမှာ သူတပါးကိုအနိုင်ကျင့်တတ်လာတော့တာ ဘယ်သူ့အပြစ်လဲ။
ငယ်ရွယ်စဉ်က အမြဲတမ်း အချစ်မခံရတဲ့ ကလေးဟာ
အရွယ်ရောက်လာတဲ့အခါမှာ သူတပါးကိုမချစ်တတ်တော့တာ ဘယ်သူ့အပြစ်လဲ။
ငယ်ရွယ်စဉ်က အမြဲတမ်း ဦးစားပေးမခံရတဲ့ ကလေးဟာ
တကိုယ်ကောင်းဆန်လာတတ်တော့တာ ဘယ်သူ့အပြစ်လဲ။

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

မမရေ...
ဘယ်သူ့အပြစ်လဲ..
မေးနေဖို့တော့မလိုဖူးထင်ပါတယ်နော်..
ကောင်းတယ်မမ..အဲဒါလေး..
:D

မြရွက်ဝေ said...

လူကြီးတွေလည်း ကလေးတွေခံစားချက်ကို နားလည်ပေးသင့်ပါတယ်နော်

Welcome said...

ဂျပန်မလေး
ကျွန်တော့်အဖြစ်နဲ့ဆင်တယ်ဗျ..
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်မြင်မိပါတယ်..

WWKM said...

Good idea..
ညီမလေး ဂုဂု..
ညီမလေးကပြောလို့ မမ ပိုနားလည်သွားပြီး ၊ကောင်းတယ်သိလား၊မမ ရဲ့ သမီးလေးကို ပိုပြီးဂရုစိုက်ချစ်ခင်တော့မယ်..အစကတည်းကလည်း မမရဲ့ သမီးလေးကို မမ တအားချစ်ပါတယ်ကွယ်..

ဒါပဲနော်..ချစ်မမ

စိုင်းစိုင်းလားရှိုး said...

ဘယ်သူ့အပြစ်ပါလိမ့်နော်

MisteR said...

ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး
ဖတ်မိတဲ့ ကျွန်တော့်အပြစ်ပါ
နားမလည်ပဲဖတ်မိလို့လေ
ဟဲ.....ဟဲ...ဟဲ

 

Design By:
SkinCorner