Thursday, August 21, 2008

အတိတ်ကို ပြန်ပြောင်း အောက်မေ့ခြင်း

ခရီးသွားဧည့်လမ်းညွှန်သင်တန်းတက်ခဲ့စဉ်ကပေါ့။
ဆရာမနဲ့အတူ ကျမတို့ခရီးသွားဧည့်လမ်းညွှန်သင်တန်းသားတွေ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့နေရာဒေသ တော်တော်များများကို လေ့လာရေးခရီး ထွက်ဖူးပါတယ်။ :z အထူးသဖြင့် ပုဂံ၊ ညောင်ဦး၊ အင်းလေး၊ ပင်းတယ၊ တောင်ကြီး၊ ကက္ကု၊ မန္တလေး၊ မေမြို့၊ ပဲခူးမြို့တဝိုက်၊ ပုပ္ပါး၊ ရန်ကုန်မြို့တဝိုက်၊ ပြည် စသည့် နာမည်ကြီးတဲ့ နေရာတွေ ကိုပေါ့။ အဲ့ဒီလိုနေရာတွေ အပြင် လမ်းခရီးမှာ ရှိတဲ့ မထင်ရှားပေမယ့် နိုင်ငံခြားသားခရီးသည်တွေ သဘောကျတဲ့ နေရာ(အင်းလေးက မြန်မာခရီးသည်တွေတောင် သိပ်သွားလေ့ မရှိတဲ့ ရှေးဟောင်း ဘုရား၊ ရန်ကုန်ကနေ နေရာဒေသစုံ ကို သွားတဲ့ အခါမှာ တွေ့ရတဲ့ နေရာတွေ အများကြီး) ကို ခရီးသွားဧည့်လမ်းညွှန်တစ်ယောက်အနေနဲ့ လိုက်လံရှင်းပြနိုင်အောင် လေ့လာရေးခရီးသွားရင်း စာသင်ခဲ့ဖူးပါတယ်။ :d နိုင်ငံခြားသားခရီးသည်တွေ သွားတဲ့ နေရာတွေက မြန်မာခရီးသည်တွေ သွားတဲ့နေရာ တွေနဲ့ အတူတူပဲ ဆိုစေဦးတော့၊ သူတို့တွေ လေ့လာတဲ့ နေရာတွေက မတူပါ။ ဥပမာ၊ နိုင်ငံခြားသားခရီးသည် နဲ့ မြန်မာခရီးသည် ပုဂံကို သွားတယ်ဆိုပါစို့။ နိုင်ငံခြားသားခရီးသည် နဲ့ မြန်မာခရီးသည် သွားတဲ့ ဘုရားက တူတာတောင် မြန်မာခရီးသည်က အရင်ဆုံး ဘုရားဖူးပါတယ်။ ပြီးမှ ဘုရားတဝိုက်ကို ပတ်ကြည့်၊ ဘုရားသမိုင်း ကို သေချာမသိတဲ့ မြန်မာခရီးသည်ဆိုရင် ကလေးတွေ ရှင်းပြတဲ့ ဘုရားသမိုင်း ကို နားထောင်၊ ဘုရားမှာ အမှတ်တရ ဓာတ်ပ၊ုံVIDEO ရိုက်တဲ့ လူကရိုက်၊ ဈေးတန်းကို ကြည့်ပြီး ပြန်ကြတာ များပါတယ်။ နိုင်ငံခြားသားခရီးသည်ကြတော့ မြန်မာခရီးသည်နဲ့ မတူပါဘူး။ အရင်ဆုံး ဘုရားသမိုင်း ကို မေးတယ်၊ ဘယ်မင်း၊ ဘယ်ပြည်သူပြည်သား က ဘာကြောင့် ဒီဘုရားကို တည်ထားကိုးကွယ်သလဲ၊ ပန်းဆယ်မျိုးထဲက ဘာအမျိုးအစားနဲ့ ပြုလုပ်ထားပါသလဲ၊ ဆိုတဲ့ မေးခွန်း တွေကို မေးရင်း ၊ ရှင်းပြတာကို နားထောင်ရင်း နဲ့ဘုရားတွေကို လေ့လာတာ များပါတယ်။ ဓာတ်ပုံ၊VIDEOရိုက်လို့ ရတဲ့ နေရာဆိုရင်တော့လည်း ဓာတ်ပုံတွေ၊ VIDEO တွေ ရိုက်လေ့ရှိပါတယ်။ [စကားချပ်၊ ပုဂံမှာ ဘုရားတိုင်းဓာတ်ပုံ၊VIDEO ရိုက်လို့မရတော့တာ သတိထားမိကြပါလား။ နိုင်ငံခြားသားခရီးသည် တချို့ကြောင့် ပုဂံမှာရှိတဲ့ ရှေးဟောင်းအနုပညာတွေ အခိုးခံခဲ့ရလို့ အခုအခါမှာ ရှားပါးတဲ့ ရှေးဟောင်းအနုပညာ လက်ရာရှိတဲ့ ဘုရားစေတီ တချို့ကို ဓာတ်ပုံ၊VIDEO ရိုက်ခွင့်မရှိတော့ပါ။ အထူးသဖြင့် အတွင်းပိုင်းကို ဓာတ်ပုံ၊VIDEO ရိုက်ခွင့်မပြုတော့ပါ။]နိုင်ငံခြားသားခရီးသည်တော်တော်များများဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့အတွက်ကြောင့် သူတို့တွေက ဘုရားဖူးဖို့ထက် သူတို့နိုင်ငံမှာ မရှိတဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အနုပညာတွေ ကို လာလေ့လာပြီး ဓာတ်ပုံ၊ VIDEO ရိုက်ပြီး မှတ်တမ်းတင်ပြီး ကိုယ့်နိုင်ငံကို ပြန်ကြတာ များပါတယ်။
အဲဒီလို ဓာတ်ပုံ၊ VIDEO ရိုက် မှတ်တမ်းတင်တဲ့အခါမှာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့အနုပညာတွေ အပြင် မြန်မာ့လူနေမှုစရိုက် တွေကိုပါ အတူ ဓာတ်ပုံ၊ VIDEO ရိုက် မှတ်တမ်းတင်သွားကြလေ့ ရှိပါတယ်။သူတို့ နိုင်ငံနဲ့ မတူတဲ့ မြန်မာ့လူနေမှုစရိုက်ဟာ သူတို့အတွက်တော့ အထူးအဆန်းလို ဖြစ်နေမှာ အမှန်ပါပဲ။(ဘယ်သူမဆို ကိုယ့်နိုင်ငံမဟုတ်တဲ့ တိုင်းပြည်တခုကို ရောက်သွားတဲ့ အခါမှာ ခံစားရတဲ့ ခံစားချက်တခုလို့ ကျမက ထင်ပါတယ်။ကျမ ဂျပန်ကို စရောက်တုန်းကလည်း မြင်မြင်သမျှဟာ အထူးအဆန်းတွေ ချည်းပါပဲ။ ;) နောက်ကြမှ အသေးစိတ် ရေးပေးပါမယ်ရှင်။)မမြင်ဖူး မတွေ့ဖူးလို့ ဓာတ်ပုံ၊ VIDEO ရိုက် တာ သူတို့ အပြစ်မဟုတ်ပါ။ ဒါပေမယ့်၊ တရားလွန်ကြီး တမင်တကာ ကြံစည်မှုကြီးနဲ့ ဓာတ်ပုံ၊ VIDEO ရိုက်ယူနေတာဆိုရင်တော့ ခရီးသွားဧည့်လမ်းညွှန်က တားမြစ်ရလေ့ ရှိပါတယ်။သွားရင်းလာရင်း နဲ့ တွေ့နေရတဲ့ မြင်ကွင်းမဟုတ်ပဲနဲ့ တမင်တကာ ကြံစည်ပြီး လုပ်ကြံ ဓာတ်ပုံ၊ VIDEO ရိုက်တဲ့ နိုင်ငံခြားသား ခရီးသည်တွေလည်း ရှိတဲ့ အတွက်ကြောင့် အဲဒီလို လူမျိုး တွေကို အဲဒီလို လုပ်ရပ်တွေ မလုပ်အောင် တားမြစ်ရတာဟာ ခရီးသွားဧည့်လမ်းညွှန်(1)ယောက်ရဲ့ တာဝန် ဝတ္တရားပါ။ မြန်မာနိုင်ငံသားကောင်း (1)ယောက်ရဲ့ တာဝန် ဝတ္တရားဆိုလည်း မမှားပါဘူး။ မြင်နေတွေ့နေရလို့ ဓာတ်ပုံ၊ VIDEO ရိုက် ကို တားခွင့်မရှိပေမယ့် တမင်လိုက်ရှာတာကိုတော့ ခွင့်မပြုသင့်ပါ။ မတားမြစ်ခဲ့တဲ့ ခရီးသွားဧည့်လမ်းညွှန်တချို့ကြောင့် အခုဆို မြန်မာဟာ ကမ္ဘာမှာ မျက်နှာပန်း မလှပါဘူး။
ကိုယ့်အကျိုး ကိုယ်ရှာတဲ့ ခရီးသွားဧည့်လမ်းညွှန်တချို့ဟာ ဆိုးဝါးစုတ်ပြတ်တဲ့ မြန်မာ့လူနေမှူ့ တွေကို တမင်တကာ လိုက်လံပြသပြီး ခရီးသွားဧည့်လမ်းညွှန်(1)ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ ပိုက်ဆံထက် အဆပေါင်းများစွာ ရရှိနေပါတယ်တဲ့။ တချို့ ခရီးသွားဧည့်လမ်းညွှန်တွေ ဆို သူတောင်းစား ရပ်ကွက်လိုနေရာမျိုး၊ သူတောင်းစားတွေ အလွယ်တကူ ရှာမတွေ့ရင် သူတောင်းစားယောင်ဆောင်ပြီး ဓာတ်ပုံအရိုက်ခံဖို့ လူရှာတာမျိုးတောင် လုပ်ပါတယ်တဲ့။
အဲဒီ ကိစ္စနဲ့ ပတ်သတ်ပြီး ဆရာမ ရှင်းပြတဲ့ အချိန်မှာ သင်တန်းသား(1)ယောက်က ဒီလို မေးခဲ့ဖူးပါတယ်။
ကျောင်းသား ဆရာမ၊တမင်တကာ လိုက်ရှာကြံပြီး ရိုက်သွားတဲ့ နိုင်ငံခြားသားခရီးသည် ကို အရေးယူလို့ ရပါသလား?
ဆရာမ နိုင်ငံခြားသားခရီးသည်ဟာ မြန်မာနိုင်ငံတွင်းမှာ ရှိနေသရွေ့တော့ သူ့ရဲ့ လုံခြုံရေးကို ထိခိုက်တဲ့ ဘာကိစ္စကို မှ လုပ်ပိုင်ခွင့်မရှိပါဘူး။ဒီတော့၊ အဲလို အဖြစ်မျိုး အတတ်နိုင်ဆုံး မကြုံရအောင် ခရီးသွားဧည့်လမ်းညွှန်ကသာ လိုက်လံရှင်းပြတဲ့အခါမှာ သတိထားသင့်ပါတယ်။
ဆရာမပြောသလိုပါပဲ။ခရီးသွားဧည့်လမ်းညွှန်တိုင်းဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ချစ်ပြီး၊ နိုင်ငံသားကောင်း ပီသနိုင်ရင် အရမ်းကောင်းမှာပဲလို့ တွေးမိပါတော့တယ်။ :d


ဝန်ခံချက် : အထက်က ပြောခဲ့တာတွေဟာ လွန်ခဲ့တဲ့ (4)နှစ် ကျမ ခရီးသွားဧည့်လမ်းညွှန်သင်တန်း တက်ခဲ့တုန်းက အခြေအနေတွေ ဖြစ်လို့ မှားယွင်းခဲ့တဲ့ အချက်အလက်များရှိခဲ့ပါလျှင် ထောက်ပြပေးကြပါရှင်။
ကျမက သင်တန်းပြီးပြီးချင်း ဂျပန်ရောက်လာခဲ့လို့ ခရီးသွားဧည့်လမ်းညွှန်အနေနဲ့တော့ အသက်မွေးဝမ်းကြောင်းမပြုခဲ့ဖူးပါ။ :p

6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Welcome said...

ဂျပန်မလေး
တွေးမိတွေးရာကွိစိကွစ ကဏ္ဍကို နှစ်သက်တယ်။ တတ်ထားတဲ့ ပညာနဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ခုလို စိတ်ဝင်တစားမျှဝေပေးတဲ့အတွက်
အတိုင်းမသိ ၀မ်းသာတယ်..
ခင်မင်လျက်
ဝင်းဇော်

Taungoo said...

်မမီရေ
ဧည့်လမ်းညွှန်လုပ်ခဲ့ဖူးလားဗျ
လုပ်ခဲ့ဖူးရင် အတွေ့အကြုံလေးတွေ
ရယ်စရာဖြစ်ရပ်လေးတွေ ရေးပါဦးလား
အားတဲ့အခိုက်လေးမှာ

မေတ္တာဖြင့်

စိုင်းစိုင်းလားရှိုး said...

အင်းနော်...........
ဧည့်သည်ကလည်း
ဧည့်ကျင့်ဝတ်ဆိုတာရှိတယ်
အိမ်ရှင်ကလည်း
အိမ်ရှင်ကျင့်ဝတ်ဆိုတာရှိတယ်
ကိုယ့်ဆီလာလည်တဲ့ဧည့်သည်ကို
ဧည့်ဝတ်ကျေပွန်ပြီး
အိမ်တွင်းရေးတွေ လှို့ဝှက်ချက်တွေ
မသိစေလေကောင်းလေပါပဲ
မဟော်သဓါ ကျင့်ထုံး
လှို့ဝှက်အပ်သောအမှုသည်
မိမိမှလွဲ၍ မည်သူမျှ
မသိစေအပ်......

ဝေလေး said...

အဲလိုကြီးရိုက်တာတော့မကောင်းပါဘူးနော်...

Dr. Nyan said...

မြန်မာသွားလည်ဖူးတဲ့ကျွန်တော့်မိတ်ဆွေဂျပန်တစ်
ယောက်က ဘာပြောလည်းဆိုတော့၊ မင်းတို့ဆီမှာ ဘယ်နေရာမဆိုရှူရှူးပေါက်လို့ရတယ်နော့်..တဲ့။ သူ့ရဲ့လမ်းညွှန်ကောင်လေးက ပြောပြတာဆိုဘဲ..ပုဆိုး
ဝတ်သင်ပေးပြီး လမ်းမှာလက်တွေ့သွားပြတယ်တဲ့..အတော်အဆင်ပြေဆိုဘဲ.. High Way မှာပေါက်တောသွားကြတာကိုပြောတာနေမှာပေါ့။ မနည်းပြန်ရှင်းပြရတယ်။

ရွှန်းမီ said...

ခရီးသွား အတွေ့အကြုံတွေ မျှဝေပေးတာ ကျေးဇူးပါ မယ်ဂုမိရေ .. =)
မီကတော့ သိပ် မရောက်ဖူးဘူး..။ ရောက်ဖူးတာတွေလည်း သိပ်မမှတ်မိဘူး ..။

 

Design By:
SkinCorner