Wednesday, August 20, 2008

အိမ်မဲ့ယာမဲ့ ဂျပန်လူတန်းစား

Thesis ရေးစရာရှိလို့ Postမရေးတော့ဘူးဆိုပြီး (ဝမ်းနည်းစွာဖြင့် အကြောင်းကြားခြင်း )ဆိုတဲ့ Postနဲ့တောင် နှုတ်ဆက်ခဲ့ပါသေးတယ်။ :x အဲဒါနဲ့၊ စာမှစာ ဆိုပြီး စာလေးဘာလေးကို (1)ရက်(2)ရက်တော့ ဟုတ်တိပတ်တိ ကြိုးစားနေတဲ့ အချိန်ကိုက်မှာ Myanmar Blogger Society ဆိုတာကြီးက ပေါ်လာပါလေရော။အစကတော့ ကိုယ့်ကိုကို အားတင်းပြီး Memberမဝင်ဖို့ ဆုံးဖြတ်လိုက်သေးတယ်သိလား။ ;) Blogspot ကိုတောင် မနည်း သံယောဇဉ် ဖြတ်ထားရတာဆိုတော့။ဒါပေမယ့်၊သူငယ်ချင်းတွေကလည်း (1)ယောက်ပြီး (1)ယောက် လာဖိတ်တာ ငြင်းရတာကြာလာတော့ အားတောင်နာလာကော။ဒါနဲ့ပဲ၊အားနာပါးနာနဲ့ Myanmar Blogger Societyကို ဝင်မိတာ အခုတော့ သံယောဇဉ်ဖြစ်မိသွားပြီး အားရင် Blogspot ကိုတောင် မဝင်မိပဲ၊ Myanmar Blogger Societyမှာပဲ ဟိုလူ့နှုတ်ဆက် ဒီလူ့နှုတ်ဆက်နဲ့ ပျော်စရာကောင်းနေလိုက်တာများ။အဲလို ဟိုအိမ်လည် ဒီအိမ်လည် ဟိုPostဖတ် ဒီPostဖတ်နဲ့လည်းလုပ်ရော၊ မနည်းချိုးနှိမ်ထားရတဲ့ Postရေးချင်တဲ့ ရောဂါကြီးက ပြန်ပေါ်လာတော့တာပေါ့။Thesisကလည်း တဖြေးဖြေးနဲ့ ထပ်ရတော့မယ်ဆိုတာကို သိသိကြီးနဲ့ကို မိတ်ဆွေတွေ၊မောင်နှမတွေဆီကို မသွားရရင်မနေနိုင်၊ Postမရေးရရင် မနေနိုင်နဲ့ ကျမကတော့ တော်တော့ကို ပေပေတေတေမှ ပေပေတေတေပါပဲရှင်။ညညဆိုလည်း စာလုပ်နေရင်းနဲ့ စိတ်က Postရေးဖို့ပဲ စဉ်းစားနေမိတယ်။ဪ၊မတည်မြဲတဲ့ လောကကြီးရဲ့ သဘောတရားတွေကို သိသိကြီးနဲ့ကို စွဲလမ်းနေမိတတ်တဲ့ လောကသဘာဝအရ (ကြီးကြီးကျယ်ကျယ်တွေ ပြောကြည့်တာ ;) )ကျမလည်းပဲ ဒီBlog ၊ဒီ Postရေးဖို့ပဲ စဉ်းစားနေမိတော့တယ်။မတတ်နိုင်၊ဘယ်လိုမှ မတတ်နိုင်။ဒီလောက်တောင် Blogကို သံယောဇဉ်ရှိမှတော့ Postမရေးပဲလည်း မနေနိုင်မှတော့ အိပ်ချိန်ကိုပဲ ဖဲ့ပြီး စာရေးဖို့ ဆုံးဖြတ်လိုက်ပြီ။(ဖြစ်ချင်ရာဖြစ် မယ်ဂုမိပေါ့။) :p
အခုချိန်ကစပြီး ၊ အရင်ကလောက် မဟုတ်တောင် Postပြန်ရေးပါတော့မည်။
ကဲ၊စပါပြီရှင်။ :z
ဂျပန်ဟာ အရမ်းကို တိုးတက်တဲ့ နိုင်ငံဖြစ်လို့ သူတောင်းစားတို့ အိမ်မဲ့ယာမဲ့ တွေ မရှိလောက်ဘူးလို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ကျမလည်း မရှိလောက်ဘူးလို့ ထင်ခဲ့မိပါတယ်။ဒါပေမယ့်၊တကယ်တမ်းက ဂျပန်မှာ (သူတောင်းစားလိုမျိုးတော့ အခုချိန်ထိ ကျမမတွေ့ဘူးပေမယ့်)အိမ်မဲ့ယာမဲ့တွေ အများကြီးပါ။
များသောအားဖြင့် အိမ်မဲ့ယာမဲ့တွေဟာ ဘူတာမှာရှိတာ များပါတယ်။နေ့ဆိုရင်တော့ ဘူတာအဝင်ဝလို နေရာတွေ၊ လမ်းမပေါ် လျှောက်သွားနေတတ်ပေမယ့် ညဆိုရင်တော့ ဘူတာမှာရှိတဲ့ နေရာ ကွက်လပ်တွေမှာ ကဒ်ထူစက္ကုကို အိပ်ယာပုံစံ ခင်းပြီး အိပ်နေကြတာကို ခဏခဏ တွေ့ဘူးပါတယ်။ဟိုတနေ့ကတော့ Komaရုပ်ရှင်ရုံ အရှေ့ရဲ့ မျက်နှာစာ ကွက်လပ်ပြင် ကြီးမှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ အိမ်မဲ့ယာမဲ့တွေကို တွေ့လို့ သူတို့ မသိအောင် ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ကျမတို့ မြန်မာနိုင်ငံကို လာလည်တဲ့ နိုင်ငံခြားဧည့်သည် တော်တော်များများ သူတောင်းစားတို့ အိမ်မဲ့ယာမဲ့ တို့ ဓာတ်ပုံ ရိုက်ယူသလိုမျိုး ကျမလည်း အားကျမခံ ပြန်လည်ရိုက်ယူခဲ့ပါတယ်။ :d မြန်မာနိုင်ငံ တနိုင်ငံတည်း အဲဒီလို လူတန်းစားတွေရှိတာ မဟုတ်ကြောင်း အောက်ကဓာတ်ပုံတွေ က သက်သေပြနေပါတယ်။

အရှေ့မှာရှိတဲ့ TVကြီးကို ကြည့်နေတဲ့လူ (2)ယောက်ရှိပါတယ်။
သတင်းစာ ဖတ်နေတဲ့ လူလည်း ရှိတယ်ရှင့်။

ခေါင်းချင်းဆိုင်ပြီး အိပ်နေကြတာများ

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

အခုလို သိရတာကောင်းတယ်ဗျာ။ဘယ်နိုင်ငံမဆို
ဒီလိုလူတွေက ရှိကြစမြဲပဲလေ။မြန်မာနိုင်ငံမှ သူတောင်းစားရှိတာမဟုတ်ဘူးဗျ။ရုရှားမှာလည်းရှိတာပဲ။
ဘာလို့ လဲဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ လူတန်းစားပေါင်းစုံ ရှိတယ်ဆိုတာကိုပါ။ ဒါပေမယ့် အဲဒီလိုတောင်းစားတာတွေ၊အိမ်ယာမဲ့တွေ ရှိတဲ့ အရေအတွက်ကတော့ အနည်းအများတော့ ကွာတာပေါ့ဗျာ။ဒါပေမယ့် မြန်မာနိုင်ငံကိုပဲ အထင်သေးပြီး ကြည့်နေတဲ့ သူတွေအတွက် အခုလို တိုးတက်ပါတယ်တိုတဲ့ နိုင်ငံမှာတောင် ဒီလိုအခြေနေမျိုးတွေ ရှိနေတယ် ဆိုတာသိရင်ကောင်းမယ်ဗျာ။
အားလုံးကိုလေးစားလျက်။

Welcome said...

ရဲလာဖမ်းအုန်းမယ် ..
www.mewin.f1.cc

RePublic said...

ဓာတ်ပုံ ဆရာမကြီး မယ်ဂုမိ .. သတိထားအုံး ၊၊ တော်ကြာ ကွိ နေဦးမယ်ဗျာ ၊၊
စာကို ဖြည်းဖြည်းလုပ်ပါ ၊၊တော်ပီးသားပဲ ၊၊ ဟုတ်တယ် ဟုတ် ၊၊

Welcome said...

ဂျပန်မလေး .. ..
အနောက်နိုင်ငံကြီးသားတွေ မြန်မာနိုင်ငံကို ရောက်လာရင် အထင်ကရဖြစ်တဲ့ ရွှေတိဂုံ၊ စိန်ဖူးတော်၊ ကရ၀ိတ်ဖောင်၊ မဟာမုနိပုံတော်၊ ပုဂံဘုရားအစုံစုံ တွေကို ကောင်းပေ့ဆိုတဲ့ ကင်မရာနဲ့ မှတ်တမ်းတင်ကြပြီး စီးပွားရှာသွား ကြတာကို ကြုံတွေ့၊ ရှိခဲ့ပါတယ်။ ဒါက တစ်ကဏ္ဍပါ နောက်ပြီး မြန်မာနိုင်ငံရဲ့ လူနေမှု ဘ၀ဆိုပြီး စုတ်ပေ့၊ ပျက်ပေ့၊ သုံးစား မရတဲ့ အနေစုတ်ချာတဲ့ သူဆင်းရဲများရဲ့ ဘ၀ကို တကူးတက မှတ်တမ်းတင်ပြီး အပုတ်ချ တာတွေလည်း ကြုံခဲ့ဖူးပါတယ်။ အထင်ကြီးစရာတော့ မဟုတ်ပေမယ့် ရင်နာစရာတွေပါ။ သူတို့ဘ၀ သူတို့ကံမို့ မုဒိတာပွားပြီး တင်ပြတာကိုတော့ စိတ်မကောင်းမိတာ အမှန်ပါ။ ပျော်ရွှင်စွာ Blogging နိုင်ပါစေ .. ..

စိုင်းစိုင်းလားရှိုး said...

အင်း................................
သက်ပြင်းချသံ...................
ကြားရမြင်ရ သက်ပြင်းချ
ထိုထိုလူလူ နေရာစုံ၌
ကြားရမြင်ရ တွေ့ရဦးမည်
ဘယ့်ကြောင့်ဆိုသော်
ဤနေရာသည်
လူ့ဘုံမည်၏
အိုမယ်ကုမိ..............

စူး said...

ကော်မန့်ဝင်ပွတ်မှ ဖြစ်တော့မယ်..
ဟုတ်ပ ရောက်စက မဲဂူမိ ထင်တဲ့ အတိုင်းပဲ။
ပုံအရတော့ မြိုံ့ကြီးမှာထင်တယ်။ ဒီမှာကတော့ အဲလောက်များများ မတွေ့ဘူး။ အထူးသဖြင့် တံတားအောက်မှာ ရှိတယ်။ တနေ့တော့ မဖျက်ကနဲ ရိုက်မှ။
သူတောင်းစားလဲ တွေ့ဖူးတယိ။ မြို့သေးသေးလေးကို သွားတော့။ အဲနားက အိမ်တွေက တကဲ့ကို ဟိုးတုန်းက အိမ်တွေ ပြိုကျပျက်ဆီးလုပဲ။ သူတောင်းစားလိုမျိုးတွေ့ခဲ့တယ် ဓာတ်ပုံရိုက်ဖို့နေနေသာသာ ကိုယ့်အနားကပ်လာမှာ ကြောက်လို့ ထွက်ပြေးခဲ့တာပေါ့။ အဲတုန်းကများ လမ်းကကျဉ်းကျဉ်းလေး..။ နောင်တချိန်ကျမှ မှတ်တမ်းတင်ရဦးမယ်

မြရွက်ဝေ said...

ဒီမှာက အခွန်အခတွေ မတတ်နိုင်လို့ အိမ်ခြေမဲ့ လုပ်နေကြတာများတယ်။ တချို့လဲ သက်သာရာရှာနေကြတာ။ တချို့လူတွေကကြတော့ အကြွေးတွေတင်လို့ အိမ်ကထွက်ပြေးနေကြတာ။ TVမှာ သူတို့တွေအကြောင်း မကြာမကြာ လွှင့်ပေးတယ်။ ဒီမှာ ဗိုလန်တီယာအဖွဲ့တွေက အိမ်ခြေယာမဲ့တွေကို တပတ် ၂ခါလား ၃ခါလားတော့မသိဘူး အလှူလုပ်ပေးတယ်။ သူတို့ဘာသာတော့ ဟုတ်နေကြတာဘဲ။

ဝေလေး said...

အင်းး.. ခုလိုသိရတာကောင်းပါတယ်..
ဟဲ ဟဲ.. သူများပြောသလိုလိုက်ပြောကြည့်တာ..
တစ်ကယ်မထင်မိတာ..
မမကြည့်လည်းလုပ်အုံးနော်..သတိထား
:P

megumi said...

လမ်းတွေမှာ ခဏခဏ မြင်နေရတော့ ကျမရဲ့ မိတ်ဆွေတွေကို ပြချင်လာမိပါတယ်။ ဂျပန်မှာလည်း ဒီလိုလူတန်းစားမျိုးတွေ ရှိတယ်ဆိုတာကို။ သူတို့ကို အပုတ်ချချင်လို့ မဟုတ်ပါဘူး။ရှိတာကို အရှိအတိုင်း မြင်စေချင်တာပါ။ ဒါပေမယ့်၊ သူတို့နား ရောက်တာနဲ့တင် လူက ကြောက်လို့ တုန်နေပြီ။ဓာတ်ပုံ ရိုက်ဖို့ဆို ဝေလာဝေး။ ဒီကြားထဲ၊ ဖုန်းကင်မရာက ဓာတ်ပုံရိုက်တာနဲ့ အသံထွက်တော့ ဖုန်းနဲ့တော့ လုံးဝ မရိုက်ရဲဘူး။ Digitalကင်မရာနဲ့ အသံပိတ်ပြီး ရိုက်တာတောင် သူတို့ လစ်တာကို စောင့်ရတာရယ်၊ ကြောက်လို့ အားယူရတာရယ်ကြောင့် ဒီဓာတ်ပုံလေး(3)ပုံ ကို(2) ရက် ရိုက်ယူခဲ့ရတယ်သိလား။ဒါတောင် အဝေးကြီးကနေ Zoom ဆွဲပြီး ရိုက်ထားရတာ။ :p
ဪ၊ မေ့လို့ အဲဒီလို လူတွေ က ပန်းခြံတွေမှာလည်း ညဆို အိပ်အိပ်နေကြသေးတာကို အဝေးကမြင်ဖူးပါသေးတယ်။

 

Design By:
SkinCorner