အမေးကမ္ဘာ ဖြေစရာ(12)
ဂျပန်နိုင်ငံ၏ လည်ပတ်စရာ နေရာများ Post နှင့် ပတ်သက်၍
HAKONE Free Pass ဆိုတာက ဘာလဲတော့သေချာနားမလည်ဘူး... အဲမှာရှိတဲ့ ယာဉ်အကုန်စီးလို့ရတာပေါ့.. Odakyu Sightseeing Service Center ဆိုတာက အဲဒိနားတဝိုက်မှာပဲရှိတာလား.. အဲမှာ ဝယ်ရမှာပေါ့??..
ဟုတ်ကဲ့၊ HAKONE Free Pass က HAKONE မှာ ရှိသမျှ ယာဉ်အကုန်စီးလို့ရပါတယ်။ Odakyu Sightseeing Service Center ဆိုတာက Odakyu Line ရှိတဲ့ ဘူတာကြီးတွေမှာ ရှိပါတယ်ရှင့်။ သေချာတာကတော့ Shinjuku မှာ ဝယ်တာကောင်းမယ်ထင်ပါတယ်။
Hakone အကြောင်းက သိပ်နားမလည်ဘူး.. မရောက်ဖူးတော့ မျက်စိထဲမပေါ်ဘူး.. unlimited လဲပြောသေးတယ်.. one round trip လို့လဲပြောသေးတယ်.. ပြီးတော့ departure station ပေါ်မူတည်ပြီး ပိုက်ဆံကကွာသေးတယ်.. departure station ဆိုတာကရော ဘာကိုဆိုလိုတာလဲ.. ပြီးတော့ 2days 3days ဆိုတာတွေ့တယ်. အဲဒိနေရာက တိုကျိုကနေ နေ့ချင်းပြန်သွားလို့မရဘူးလား.. ဒါမှမဟုတ်အဲမှာ ညအိပ်ညနေသွားရတာလား... အဲဒါလေးတော့ သိချင်သား.. သူတို့ system ကဘယ်လိုမှန်း နားမလည်ဘူးဖြစ်နေတယ်...
အင်း၊ ဟုတ်တယ်နော်။ ဒီလို မဗေဒါရဲ့။ က တစ်ညအိပ် နှစ်ရက်ခရီး၊ နှစ်ညအိပ် သုံးရက်ခရီးလည်း ရှိတယ်ရှင့်။ HAKONE က သွားစရာနေရာတွေ များတော့ တစ်ညအိပ် နှစ်ရက်ခရီးလောက် ထွက်နိုင်ရင် အဆင်အပြေဆုံးပဲလေ။ နေ့ချင်းပြန်ဆိုရင် ဘယ်မှ ရောက်မှာမဟုတ်ဘူး။ ကျမသွားတုန်းက တစ်ညအိပ် နှစ်ရက်ခရီးတောင် နေရာစုံမရောက်ခဲ့ဘူးသိလား။ departure station ပေါ်မူတည်ပြီး လက်မှတ်ခကွာတယ်ဆိုတာက HAKONE ထိ သွားရမယ့် အနီးအဝေးပမာဏ ကွာသွားလို့ပါ။ departure station က မဗေဒါ စစီးမယ့် ဘူတာကို ပြောချင်တာပါ။ ကိုယ်နေတဲ့နေရာနဲ့ အနီးဆုံး ဘူတာကနေ HAKONE သွားမယ့် ရထားလိုင်းကို ပြောင်းစီးလို့ ရပါတယ်။
JR YAMANOTE LINE ဆိုတာရှိပါတယ်။ အဝိုင်းကြီးပတ်နေတဲ့ ရထားလိုင်းပါ။ အဲ့ဒီ JR YAMANOTE LINE က ဘူတာတိုင်းမှာ ရပ်ပြီး ရပ်တဲ့ဘူတာတော်တော်များများမှာ တစ်ခြား LINE ကို ပြောင်းစီးလို့ရပါတယ်။JR YAMANOTE LINE ကို စီးပြီး HAKONEကို သွားလို့ ရမယ့် ဘူတာမှာ ဆင်း၊ ရထားပြောင်းစီးပြီး သွားလို့ရပါတယ်။မဗေဒါ တည်းမဲ့နေရာ သိရရင် HAKONE ထိ ဘယ်လိုသွားရတယ်ဆိုတာကို ကျမရှာပေးနိုင်ပါတယ်။

1 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
စိတ်ဝင်စားလာပြီ .. ကျနော်ပါ လာလည်ရင် ကောင်းမလား မသိဘူး :P :P
သယ်ရင်း အေးဆေးနေတာ မကြည့်ရက်လို့ Tag ထားတယ်နော် လာကြည့်လှဲ့ဦး :P :P
အချိန်ရရင်ရေးပေးဦး :D
Post a Comment