Wednesday, October 15, 2008

အဘွားအိုနှင့် ကလေးငယ်လေး

အစစအရာရာ ဆန့်ကျင်ဘက်အနေအထားတွင် ရှိနေသောအဘွားအိုတစ်ယောက်နှင့် ကလေးငယ်လေးတစ်ယောက် တွဲရိုက်ထားတဲ့ ကြေငြာပိုစတာလေးတစ်ခု တွေ့လိုက်တာ အရမ်းသဘောကျလွန်းလို့ ဓာတ်ပုံရိုက်ယူလာပါတယ်။
Photobucket


အနီးကပ်ကြည့်ကြည့်လိုက်တော့ အဘွားအိုရဲ့ မျက်နှာမှာ တည်ငြိမ်မှု၊ ရင့်ကျက်မှုတွေနဲ့အတူ တွေ့ကြုံလာတဲ့ လောကဒဏ်ကို ကြံ့ကြံ့ခံခဲ့တဲ့ သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ဘဝကို မြင်တွေ့လိုက်ရသလိုပဲ။ အေးချမ်းမှုတွေလည်း ပါဝင်နေသလိုလိုပဲ။


အသားအရည်တွေရဲ့ သွေ့ခြောက်ခန်းနေမှုကတော့ လူတိုင်းကြုံတွေ့ရမယ့် "ဇရာ"ဆိုသောလောကဓမ္မတာကို ဖော်ပြနေသလိုပဲ။
Photobucket



အဘွားအိုကြီးနဲ့ ဆန့်ကျင်စွာပဲ ကလေးငယ်လေးရဲ့ မျက်နှာ(အထူးသဖြင့် မျက်လုံး)မှာ စူးစမ်းမှု၊ လေ့လာမှု၊ တက်ကြွမှုတွေနဲ့အတူ ဖြစ်လာသမျှ အရာတွေကို ရင်ဆိုင်ချင်တဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ကို ဖော်ပြနေသလိုပဲ။


အသားအရည်ရဲ့ လတ်ဆတ်ရှင်းသန့်မှုကတော့ ဘဝကို အစပျိုးတော့မယ့် လူတစ်ယောက်ရဲ့ လန်းဆန်းတက်ကြွနေတဲ့ အနေအထားကို ဖော်ပြနေသလိုပဲ။

Photobucket

စာဖတ်သူတွေကော ဘယ်လိုထင်ပါသလဲရှင်။

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

Anonymous said...

သယ်ရင်း အရမ်းကျေးဇူး တင်ပါတယ် ဒီပုံလေးတွေ
ရိုက်ပြီး တင်ပေးတဲ့ အတွက်ပေါ့ ..
အနုပညာမြောက်ပြီး တွေးရင် တွေးသလောက် အဓိပ္ပာယ်တွေ အများကြီး ထွက်နေတဲ့ ဓါတ်ပုံလေးပါ ..
ဒီပုံလေးနဲ့ ပတ်သက်ပြီး ၁၀ တန်းတုန်းက သင်ခဲ့ရတဲ့
English poem လေးကို သတိရမိတယ် ..
အရမ်းကြိုက်လွန်းလို့ အခုချိန်ထိ မှတ်မိနေတာပါ ..
မှတ်မိသလောက်လေး ပြန်ရေးပေးလိုက်တယ်နော် ..

As a white candle in a holy place .
So is a beauty of an peacefully face .
As the spent radian of the winter sun .
So is a woman with her travel done .
Her born gone from her .
And her thoughts as still
as the water under a ruin mill.

စာလုံးလေး တစ်လုံးက စာလုံးပေါင်းမေ့နေတယ် .. အဲ့ဒါနဲ့ အဓိပ္ပာယ်တူတဲ့ တစ်ခြား တစ်လုံးကို ထည့်ပေးလိုက်တယ် ပိုင်တယ်နော် အဟီး :P
သယ်ရင်းအတွက် သီတင်းကျွတ် လက်ဆောင် :P

thihanyein said...

ဟိုးအရင်တုန်းကတော့ လူမျိုးတစ်မျိုး က ကလေးတစ်ယောက်မွေးဖွားလာကြရင်ငိုကြွေးကြတယ် ဘာလို့လည်းဆိုတော့ အဲဒီကလေး လောကဓံတရားတွေကို ခံရတော့မယ်ဆိုပြီးတော့လေ
လူတစ်ယောက်သေဆုံးရင်တော့ပျော်ကြတယ်တဲ့
အဲဒီလူ လောကဓံတရားတွေကို ခံစားစရာမလိုတော့လို့တဲ့
အဲ အကိုကဘယ်လိုထင်မြင်ပေးရမလဲမသိတော့ဘူး အဟီး ညီမလေးတင်ပြထားတဲ့ပို့စ်လေးကတော့ မိုက်တယ် အတွေးအခေါ်လေးတွေပါပါတယ်လို့ အကိုတော့မြင်တယ် ကြိုက်တယ်ညီမလေးရေ များများရေးနိုင်ပါစေကွယ်

မိုးပြေး said...

အသက်အရွယ်ရလာတာနဲ့ အမျှ တည်ငြိမ်မှုတွေ၊ရင်ကျက်မှုတွေ၊အရာရာကို ရင်ဆိုင်မယ်ဆိုတဲ့
ပုံစံတွေက အလိုလို ဖြစ်လာတက်ပါတယ်။အကုန်လုံးကို မဆိုလိုပါ။လူတစ်ကိုယ် စိတ်တစ်မျိုးဖြစ်တယ်ဆိုတာကို အားလုံးသိကြမှာပါ။အသားအရည်တွေရဲ့ သွေ့ခြောက်ခန်းနေမှုကတော့ လူတိုင်းကြုံတွေ့ရမယ့် "ဇရာ"ဆိုသောလောကဓမ္မတာကို ဖော်ပြနေသလိုပဲ။မှန်ပါတယ်ခင်ဗျာ။မြတ်စွာဘုရားလောင်းတော် တောထွက်ခါနီးမှာ နိမိတ်ကြီးလေးပါကို တွေ့ ရှိသွားတယ်နော်။အိုခြင်း၊နာခြင်း၊သေခြင်း၊ရဟန်းဆိုတာပါပဲ။
လူငယ်တစ်ယောက်ရဲ့ စူးစမ်းမယ်ဆိုတဲ့ စိတ်ကတော့ ကောင်းတယ်ဗျာ။ကောင်းသောအရာများကိုပေါ့။
ကျွန်တော်ကတော့ ဂျပန်မလေးတင်ပေးထားတဲ့ ဓတ်ပုံမှာလောကကြီးမှာ မရှောင်လွှဲနိုင်တဲ့ အိုမင်းခြင်း၊လူ့ လောကကို စတင်ပြီး ၀င်ရောက်တော့မယ့် ကလေးငယ်လေးရဲ့ လောကကြီးဆိုတာ ဘာလဲဆိုတဲ့ အကြည့်လေးတွေပါနေတယ်လို့ ထင်ပါတယ် ခင်ဗျာ။
လွတ်လပ်စွာ အတွေးအမြင် ခြားနားခွင့်ရှိပါတယ်။

Apprenticeship said...

အင်ပါရာတစ်ခုရဲ့နေ၀င်ချိန်မှာ မွေးဖွားလာတဲ့ ကလေးငယ်အတွက် တွေးပူနေပုံရတယ်။

Dream said...

ဓာတ်ပုံလေးကြည့်ပြီး အတွေးပေါင်းမြောက်များစွာ တွေးသွားတယ်။
အဲဒီဓာတ်ပုံလေးမှာ မြောက်မြားစွာသော အတွေးလေးတွေရှိတယ်နော်...
အခုလိုထူးထူးချားချားလေးဖော်ပြပေးတာ ကျေးဇူးပါ.. :)

ကိုဥာဏ်(စက်မှု) said...

မယ်ဂုကရော ဘယ်ဘက်ကို ပိုနီးစပ်လဲ .. အဘွားကြီးဘက်လား .. ကလေးလေးဘက်လား .. ကလေးလေးဘက်တော့ တယ် မထင် ..

စိုင်းစိုင်းလားရှိုး said...

ဒီဓါတ်ပုံလေးကို ကြည့်ပြီး ကျုပ်အတွေးလေးတွေ အများကြီးဝင်လာတယ်ဗျာ ပြီးတော့ သိမ်းထားတဲ့
ငယ်တုန်းက ဓါတ်ပုံအဲယ်ဘမ်ကို ထုတ်ပြီး ကြည့်မှန်တစ်ချပ်နဲ့ အလုပ်ရှုပ်ကြည့်တာပေါ့
ငယ်တုန်းက ဓါတ်ပုံကြည့်လိုက် မှန်ကြည့်လိုက်နဲ့
ဓါတ်ပုံထဲက မျက်လုံးနဲ့ အခုမျက်လုံးကို သေချာ ခွဲခြား
ကြည့်တော့ ဘုရားဘုရား ကျုပ်တော်တော် တုန်လှုပ်မိတယ်
ကျုပ်ပြောချင်တာများနေတော့ မယ်ဂုမိ ဘလော့ကို အားနာ
လို့ ကျုပ်ဘလော့မှာပဲ စိတ်တိုင်းကြ ရေးပါတော့မယ်

Unknown said...

ညီမလေး..
အမြင်တွေကတော့ အမျိုးမျိုးပေါ့။ ခံစာတက်တဲ့ စိတ်တွေမှ မတူညီကြတာ။ အကိုကတော့ အဖွားအိုကတော့ ဇရာ နဲ့တွေကြုံနေရပြီပေါ့။ ဇာတိဖြစ်လာရတာဆိုတော့ ဇရာ၊ မရဏကတော့ ဖြစ်ရတော့မှာဘဲလေ။ ကလေးလေးကတော့ “နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား၊ အိုခြင်းနောက်ဆုံးရှိချေ၏” ဆိုသလိုပေါ့။ တနေ့ကျရင် သူလည်း အိုရမှာပါ။ ဒါက မမြဲတဲ့ သဘော အနိစ္စပေါ့။
ဒါကို သိတာ သမ္မာဒိဋ္ဌိ ဖြစ်ပါတယ်။ အကို ထင်မြင်တာတော့ ရေးခဲ့တယ် ညီမလေး။

Dr Phyo Wai Kyaw said...

အဲ ကိုအောင်ဦးကပိုရေးတတ်တယ်ဗျ
ကျနော်လည်း အဲလို ခံစားရတယ်ဗျ
ဘာကြော်ညာလဲ မသိဘူးနော်

Anonymous said...

ကြိုက်တယ်ဗျာ တင်ပြထားတဲ့ ပုံလေးနဲ့ အတွေးအခေါ်
လေးက ကောင်းတယ်ဗျ

စန္ဒီမိုးမြင့် said...

ပို့စ်လဲ ဆုံးရော
ညီမလေး ရင်ထဲမှာ တစ်ခုခု တော့ကျန်ခဲ့တယ် မမ
အဲဒါ မမ စာရေးတာတော်လို့
အားပေးလျက်
စန္ဒီမိုးမြင့်

Welcome said...

ဂျပန်မလေး
တွေးမယ်ဆို တွေးစရာတွေတော့ အများသားပါ၊
လူတစ်ကိုယ် စိတ်တစ်ခုမို့
ကိုယ့်ယူဆချက်က သူတစ်ပါးကိုနစ်နာသလိုဖြစ်ရင် စိတ်မကောင်းစေတာဖြစ်တတ်တယ်။ တင်ပြပုံကတော့ ကောင်းတယ်၊ မမြဲခြင်းပေါ့နော်....

 

Design By:
SkinCorner