Credit Card အား အသုံးပြုရာဝယ်
တန်ဆေး လွန်ဘေး...............................................တဲ့။
သင့်တော်ရုံ သုံးလျှင် အကျိုးရှိသော်လည်း လွန်ကဲစွာသုံးလျှင် ဒုက္ခရောက်တတ်သော အရာများတွင် Credit Card (အကြွေးကဒ်)လည်းပါသည်။ Credit Card (အကြွေးကဒ်)သည် စနစ်ကျကျ သုံးတတ်လျှင် အရမ်းအသုံးဝင်ပါသည်။ ငွေအများကြီးသယ်သွားစရာမလိုပဲ Credit Card (အကြွေးကဒ်)တစ်ကဒ် ရှိရုံဖြင့် နိုင်ငံရပ်ခြားခရီးသွားလျှင်လည်း အဆင်ပြေလှသည်။ Credit Card (အကြွေးကဒ်)ဆိုသည့်အတိုင်း အကြွေးဖြင့် ဝယ်လို့ရသဖြင့် လက်တလော လက်ငင်းငွေမရှိသောသူများအနေနှင့်လည်း အကြိုက်တွေ့ကြသည်။ သို့သော်၊ Credit Card (အကြွေးကဒ်)ကို လုပ်ဖို့ ကိုတော့ လူတွေ လက်တွန့်ကြသည်။ "တော်ကြာ၊ ငါ့Credit Card (အကြွေးကဒ်) ကနေ ငွေတွေ ထုတ်သွားရင် ဘယ်လိုလုပ်ရမလဲ "ဟု စိုးရိမ်ပူပန်တတ်ကြသူများလည်း မနည်းလှပါ။ ဂျပန်မှာ ရှိသော သူငယ်ချင်းများထဲတွင် Credit Card (အကြွေးကဒ်)မရှိသောသူများ၊ လုပ်ရန် မစဉ်းစားသောသူများကိုလည်း ခဏခဏတွေ့ဖူးသည်။ ထိုသို့သော သူများသည် Credit Card (အကြွေးကဒ်)အကြောင်းကို နားမလည်သောကြောင့်ဖြစ်ပါသည်။ ကျမသိသလောက် ပြောရလျှင် Credit Card (အကြွေးကဒ်)ကို ပိုင်ရှင်မသိအောင် ခိုးသုံးရန် အချက်(3)ချက်သိရန်လိုပါသည်။ ကဒ်နံပါတ်၊ ကုန်ဆုံးမည့် ရက်စွဲ၊ Sign ဘေးမှာပါသော နောက်ဆုံးဂဏန်းနံပါတ်(3)လုံး(သို့)(Security code)ဆိုသော အချက်တွေပါ။
ပုံနှင့်တကွ ပြထားပါသည်။ကြည့်ကြည့်ပါရှင်။
(NO.4) မှာ ပြထားတဲ့ ကဒ်နံပါတ်၊
ဒါကတော့ Bank Card နဲ့ အတူတူပင် ဖြစ်သည်။ ဥပမာပြထားသော ပုံတွင် တွေ့ရသည့်အတိုင်း ဂဏန်း(16) လုံးမှာ Credit Card (အကြွေးကဒ်) ရဲ့ ကဒ်နံပါတ်များပင် ဖြစ်တော့သည်။ ဂဏန်းအားလုံးပါမှ အသုံးပြုလို့ ရသဖြင့် ပိုက်ဆံအိတ်ထဲတွင် တစွန်းတစ ထွက်နေရုံဖြင့် "ကဒ်ကိုမြင်သွားမလား ၊ အသုံးပြုလို့ ရသွားပြီလား " ဟူသော အကြောင်းမဲ့စိုးရိမ်ခြင်းများ မလိုအပ်ပါ။
(NO. 6) မှာ ပြထားတဲ့ သုံးစွဲခွင့်ကုန်ဆုံးမည့် ရက်စွဲ၊
ဒါလည်း အရေးကြီးလှပေသည်။ သုံးစွဲခွင့်ကုန်ဆုံးမည့် (လနှင့် နှစ် )မသိလျှင် ကဒ်ကို သုံးစွဲလို့ မရပါ။ ဂျပန်မှ တစ်ချို့Credit Card (အကြွေးကဒ်) များသည် "လ၊ နှစ်" ဟု စာမရေးထားပါ။ ဂဏန်းလေးပဲ ဖော်ပြတတ်တာတွေ့ဖူးပါသည်။ အဝေးက ကြည့်ရုံဖြင့် နားမလည်စေရန် ရည်ရွယ်သည်ဟု ထင်ပါသည်။
(NO.10) မှာ ပြထားတဲ့ Authorized Signature ဘေးမှာပါသော ဂဏန်းနံပါတ်(3)လုံး(သို့)(Security code)ပါ။
Credit Card (အကြွေးကဒ်) ၏ အနောက်ဘက် မျက်နှာစာတွင် Authorized Signature ထိုးရသောနေရာရှိပါသည်။ ထို Authorized Signature ထိုးရသောနေရာကွတ်လပ်၏ အပေါ်ထောင့်စွန်းတွင် ဂဏန်းလေးများပါပါသည်။ ထုတ်လုပ်သော Card Company ၊ ကဒ်အမျိုးအစားကိုလိုက်၍ ပါဝင်သော ဂဏန်းအရေအတွက်မတူပါ။ အရေးကြီးသည်မှာ နောက်ဆုံးဂဏန်း(3)လုံးဖြစ်သည်။ ထိုနောက်ဆုံးဂဏန်း(3)လုံး များကို မသိခဲ့ပါလျှင် ကျန်သောအချက်(2)ခုကို သိလျှင်တောင်မှ အသုံးပြုလို့မရပါ။
ထိုနည်းတူ နောက်ဆုံးဂဏန်း(3)လုံး နှင့်ကဒ်နံပါတ် အချက်(2)ချက်ထဲ သိရုံဖြင့် မည်သို့မှအသုံးပြုလို့မရပါ။ ဆိုလိုချင်သည်မှာ အထက်ပါ ဖော်ပြထားသော အချက်သုံးချက်စလုံးသိမှ အသုံးပြုလို့ရပါသည်။
အထူးသတိပြုသင့်သည်မှာ Online (Chatting)ထဲတွင် ထိုအချက်(3)ချက်ကို တတ်နိုင်သလောက် မရေးရန်ဖြစ်ပါသည်။ Online ဈေးဝယ်သောအခါတွင်လည်း အခြေခိုင်မာမည်ထင်သော Websiteများမှ ဝယ်သင့်ပါသည်။ အဆိုပါ အချက်(3)ချက်ကို ခိုးသော လူများလည်း Online ထဲတွင်အများအပြားရှိသည်ဟု ကြားဖူးပါသည်။ Credit Card (အကြွေးကဒ်) သုံးစွဲခြင်းမကျွမ်းကျင်လျှင် Online တွင် ဈေးမဝယ်တာအကောင်းဆုံးဖြစ်မည်ဟု အကြံပေးချင်ပါသည်။
အပြင်မှာ Credit Card (အကြွေးကဒ်) ကို အသုံးပြုသောအခါတွင် စက်ထဲ ထည့်၊ Authorized Signature ထိုးခြင်း(သို့ )လျှို့ဝှက်နံပါတ် ကို ရိုက်ထည့်ခြင်းဖြင့် အလွယ်တကူ အသုံးပြုလို့ ရနေပါသဖြင့် အပြင်မှာ အသုံးပြုခြင်းသည် Online ထဲတွင်အသုံးပြုခြင်းထက် အန္တရာယ်ကင်း၊ဘေးရှင်းသည်ဟု ထင်ပါသည်။
မတော်တဆ မှားပြီး အဆိုပါ အချက်(3)ချက်ကို တပါးသူသိသွားခဲ့သည်ဆိုပါစို့။
Credit Card (အကြွေးကဒ်)ကို ပိတ်ဖြစ်လို့ ရပါသည်။ ဂျပန်နိုင်ငံတွင် Credit Card (အကြွေးကဒ်)နှင့်ပတ်သတ်၍ 24 Hours Service System ရှိပါသဖြင့် သုံးစွဲခွင့်ကို ချက်ချင်းပိတ်ဖြစ်လို့ ရပါသည်။ (တခြားနိုင်ငံများတွင် မည်သို့သော System သုံးသည်ကား မသိပါ။)
သုံးစွဲခွင့် ပိတ်လိုက်ပါသော်လည်း မသမာသောသူမှာ ပိုင်ရှင်မသိအောင် သုံးစွဲသွားပြီဆိုပါစို့။
Credit Card Company ကို အကျိုးအကြောင်းပြောပြပြီး တိုင်ကြားလို့ရပါသည်။ ထိုသို့တိုင်ကြားရာတွင် မှန်ကန်ဖို့တော့ လိုပါသည်။ကိုယ် သုံးစွဲခဲ့သော ငွေပမာဏမှာ မည်မျှရှိကြောင်း၊ ကျန်သော ငွေပမာဏမှာ ကိုယ်နှင့်မဆိုင်၊ တခြားသူမှ ခိုးယူသုံးစွဲသွားခြင်းဖြစ်ကြောင်း အသေးစိတ် ရှင်းပြရန် လိုအပ်ပါသည်။ ကိုယ်ပေးသော အချက်အလက်မှန်ကန်ပါလျှင်၊ ပိုင်ရှင် အမှန်အကန် သုံးစွဲထားခြင်းမရှိပါလျှင် Credit Card Company မှ အလျော်ပေးပါသည်။ ပထမ စစချင်းတော့ ကိုယ့်ကဒ်ဖြစ်နေသဖြင့် ငွေချေရမည့်အချိန်ရောက်လာသော် ငွေချေပေးရပါမည်။ သို့သော်၊ ထိုငွေများကို နောက်ထပ်(1)လ(သို့)(2)လအကြာတွင် ပြန်လည်ရရှိမည်ဖြစ်ပါသည်။ Bank Companyနှင့် ချိတ်ထားသော Credit Card Company ဆိုလျှင် Bank account မှ တဆင့် ပြန်လည်ရရှိနိုင်သော်လည်း၊ Credit Card Company သီးသန့်ဆိုလျှင် ကိုယ့်မသုံးစွဲခဲ့ပဲ ပေးချေခဲ့ရသော ငွေပမာဏပြည့်သည်တိုင်အောင် နောက်လ၊ နောက်လများတွင် ငွေထပ်ပေးချေစရာမလိုပဲ သုံးစွဲခွင့်ရကြပါသည်။
ထိုသို့သော Security များလည်းရှိပါသဖြင့် Credit Card သုံးစွဲခြင်းသည် သုံးတတ်လျှင် အရမ်းကောင်းပါသည်ဟု ပြောကြားချင်ပါသည်။ မသုံးတတ်ခဲ့လျှင်တော့ အကြွေးသံသရာထဲတွင် လက်ပစ်ကူးနေနိုင်ပါသည်။
ဂျပန်တွင် ရှိသော Credit Card (အကြွေးကဒ်)များ နမူနာဖြစ်ပါသည်။
ကျောမျက်နှာစာဖြစ်ပါသည်။
မှတ်ချက်၊ တစ်ချို့ပုံများကို Google Search မှ ရယူပါသည်။
ကျမရှင်းပြထားသောအချက်အလက်များထက် ပိုမိုကောင်းမွန်ပြည့်စုံစွာရှင်းပြနိုင်မည့်သူများ ရှိခဲ့ပါလျှင် Commentတွင် သော်လည်းကောင်း၊ Cboxတွင် သော်လည်းကောင်း ပြောပြပေးစေချင်ပါသည်။ :y
ဒီ Post သည် Credit Card (အကြွေးကဒ်)အကြောင်းနားမလည်၍ သုံးစွဲရန်အခက်အခဲဖြစ်နေသော လူများအား Credit Card (အကြွေးကဒ်) အကြောင်းနားလည်စေရန် Website မှာရှာ၊ ကိုယ့်အတွေ့အကြုံတွေကို မှီငြမ်းကာ (5)နာရီခန့် ရေးသားထားခဲ့ရပါသည်။ ဒီ Post ကို ဖတ်ခြင်းဖြင့် Credit Card (အကြွေးကဒ်) နှင့်ပတ်သတ်၍ အနည်းငယ်မျှသော ဗဟုသုတလေး ရရှိကြပါလျှင် ရေးရကျိုးနပ်မည်ဟု ယူဆပါသည်။
ကျေးဇူးပြု၍ ဗဟုသုတ မျှဝေစရာ ကဏ္ဍ တွင် လာရောက်နောက်ပြောင်ခြင်းများ မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက်၊ ဓာတ်ပုံကို Search Engine မှ ရယူသည်။ ;)

12 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ကာဒ့်နဲ့ တူတာဆိုလို့  ကျောင်းသားကာဒ့်၊အဆောင်ကာဒ့်၊ရထားကာဒ့်
ပဲရှိတယ်။တစ်ခါတစ်လေ သက်တမ်းကုန်နေတဲ့ ကားကာဒ့်လေးလည်း
ရှိတယ်ဗျ၊အိပ်ထဲမှာတော့ ... :D တော်တော်ကို ချမ်းသာတာဗျ။ကာဒ့်
နဲ့ ဈေးဝယ်ဘူးတာကလည်း အချစ်ဆုံး သူငယ်ချင်းနဲ့ ဈေးသွားဝယ်မှ
တွေ့ ဘူးတာလေ၊တောသားမြို့ ရောက်ပုံစံနဲ့  သူဝယ်တာကို ကြည့်နေ
ဘူးပါတယ်။ အခုလိုသိရတော့လည်း ကိုယ့်မှာမရှိလည်း ဗဟုသုတရ
တာပေါ့ဗျာ။ ကျွန်တော် ကာဒ့်လုပ်မယ်ဆိုရင် ပြောမယ်ဗျာ။ အခုတော့
မဟုတ်ဘူးနော်... ;)
မက်မက်မှာလည်း ကဒ်တွေရှိတယ်။။ ဟဲဟဲ... ခရက်တစ်ကဒ်တော့ ဟုတ်ဖူး..
MRT card ... ရထားနဲ့ကား စီးရင်တော့ အသုံးဝင်တယ်.. ဟဲဟဲ..
မက်မက်ရဲ့ ကဒ်ပျောက်သွားပါတယ် ဆိုပြီး ရှာနေတာ.. အခုမှ တွေ့တယ်
တီတီဂုရုကြီးဆီရောက်နေတာကိုး... ဟိဟိ.. :P :P :P
မမ....
ဝေလေးကဒ်တွေ.. ဟိဟိ
နောက်တာ.. ကဒ်ဆိုလို့ မက်မက်ပြောသလို MRT ကဒ်ပဲရှိတယ်.. အဟီးး..
ဗဟုသုတရတာပေါ့ ကောင်းတယ်မမ :P
ဟုတ်တယ်နော် ဒီအကြွေးဝယ်ယူခွင့် ကဒ်ပြားက
ဒေါသနဲ့ အများကြီး ၀ယ်ယူသုံးစွဲပြီး ပြန်မဆင်နိုင်ရင်
ဒုက္ခပဲနော် မသုံးရဲပါဘူး ( ပြန်မဆပ်နိုင်မှာကြောက်လို့)
လက်ငင်းပဲသုံးတော့မယ်။
ကဒ်ဆိုလို့ နေထိုင်ခွင့်ကဒ် ဘဏ်ကဒ် ကားရထားကဒ်
လုပ်ငန်းခွင်ကဒ် ၄ကဒ် ရှိတယ်ကွ။
အမလေး...
Credit CarDDDDD...
မီးမီးကြောက်ကြောက်...
ကဒ်တွေ တော်တော်များများရှိပေမယ့်
အဲ့ဒီ ကဒ်တော့ မရှိဘူး ဟီးဟီး
ဒိုမိန်းလေး ၀ယ်တာတောင် တစ်ခြားသူရဲ့ ကဒ်ကို ငှားသုံးရတယ် .
အခုလို သယ်ရင်း ရှင်းပြတော့လည်း ပြည့်ပြည့်စုံစုံ
ပိုသိသွားတာပေါ့ ..ကျေးဇူးကမ္ဘာ သယ်ရင်းရေ ..
နောက်ရဘူးဆိုတော့လည်း အတည်ပေါ့ :P :P
ကျတော်တို့ စလုံးက ကောင်တွေက ဆင်းရဲတယ်ဗျ။ ခရက်ဒစ်ကတ်တွေဘာတွေ ရှိဘူး။ မရှိမဖြစ် mrt ကတ်တစ်ခုလောက်နဲ့ ဘဏ်ကတ်တစ်ခုလောက်ပဲရှိတယ။ အခုလိုရှင်းပြပေးတော့လဲ ကျေးဇူးတင်ပါတယ်။ သုံးနိုင်တဲ့ အချိန်ကျရင် မကြောင်တော့ဘူးပေါ့။
ဒါနဲ့ ကျတော်လည်း လာလည်တာ အများကြီးပါ။ မနက်က လာလည်ပြီး အောက်ကပို့စ်(ဒီပို့စ် မတင်ရသေး) ကွန်မန့်ပေးမယ်လုပ်တော့ ကျတော့ စက်က ကီးဘုတ် အင်စတော်လာ ဒေါင်းနေကော။ ဒါနဲ့ ရီစတက်ပြန်ဆွဲ..ဘာလုပ်ညာလုပ်နဲ့ မရေးဖြစ်တော့တာပါ။ ခွင့်လွှတ်ပါဗျာ။ တကယ်အမှန်ပြောတာဗျ။
ဒီပိုစ့်လေးက credit Card အကြောင်းကောင်းကောင်းနားမလည်ပဲ သုံးရမှာကြောက်နေတဲ့သူတွေကို ကောင်းကောင်း မီးမောင်းထိုးရှင်းပြသွားနိုင်ပါတယ်..
မဗေဒါလဲ အရင်က credit Card လုပ်ရမှာကြောက်လို့မလုပ်ထားဘူး.. ခုတော့ သူငယ်ချင်းတွေရော.. မဗေဒါ အစ်မရောကသုံးတတ်ရင်အသုံးဝင်တယ်လို့ရှင်းပြတော့ နားလည်လာလို့လျှောက်ထားတယ်..
အရင်က အလုပ်က လခနည်းလို့လဲ ကဒ်လျှောက်လို့မရတာ..
စလုံးမှာက credit card လုပ်မယ်ဆိုရင် ၁နှစ်ဝင်ငွေ အနည်းဆုံး ၃၀၀၀၀ ရှိရတယ်.. မဟုတ်ရင် လုပ်လို့မရဘူး.. ဂျပန်မှာတော့ ၀င်ငွေပြစရာမလိုပဲ လုပ်လို့ရတယ်ထင်တယ်..
ပြီးတော့ maximun limit ရှိတယ်.. ကိုယ်ရတဲ့ လခရဲ့ ၃ဆထိပဲသုံးလို့ရတယ်.. အပိုသုံးလို့မရဘူး..
ဂျပန်မှာရော unlimited သုံးလို့ရလား တော့မသိဘူး.. ပြီးတော့ ကောင်းတာတစ်ခုက တခြားနိုင်ငံတွေသွားလို့ ရုတ်တရက် ပိုက်ဆံပျက်သွားရင် အဲဒါရှိရင် အရေးပေါ်သုံးလို့ရတာပေါ့.. ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတော့. မယ်ဂုမိပြောသလိုပဲ.. အသုံးမလွန်ဖို့နဲ့.. ဘယ်လောက်သုံးပြီးပြီလဲ.. ဘေလ်မှန်မှန်ဆောင်ဖို့ အဲဒါတွေသတိရှိနေဖို့တော့လိုတာပေါ့နော်... ကျေးဇူးပဲ မယ်ဂုမီရေ ဘယ်အချက်တွေသတိထားရမယ်ဆိုတာ ခုမှပဲသိတော့တယ်..
မဗေဒါလဲ.. ခုပဲလျှောက်ထားတာ ဂျပန်ရောက်ရင်သုံးဖို့.. ဂျပန်မလာခင် ကျပါစေပဲဆုတောင်းရမှာပဲ..
ပြောရအုံးမယ်.. ဒီနေ့ပဲ ဗီဇာရပြီ.. လေယာဉ်လက်မှတ်လဲ ၀ယ်လိုက်ပြီ.. ၂၄ရက်နေ့... ရောက်ရင်တွေ့တာပေါ့နော်...
ညီမလေး.. အကိုကတော့ ဘာကဒ်မှ မရှိတော့ ဗဟုသုတ ရရုံဘဲဖတ်သွားတယ်။ သူများကို အသိတရားတွေဖြန့်ဝေပေးတာကလည်း ကောင်းတဲ့ အလုပ်ပါ။ ဆက်ရေးနိုင်ပါစေ ညီမလေး..
တို့ထင်တာကတော. ကိုယ့်ကဒ်ပြားကို သူများသုံးသွားတာ ကိုယ်ဘဲ လျှော်ရမယ် လို့ထင်ပါတယ်။ term and condition ကို သိတ်နားမလည်ပါဘူး။ ကိုယ်တာဝန်ခံပြီး ယူထားတာ မဟုတ်လား။
ဟုတ်ကဲ့၊ အရင်လျော်ရပါတယ်။ ပြီးရင် ပြန်ရပါတယ်ရှင်။ Post ထဲမှာလည်း သေချာရေးထားပါတယ်။ ကျမကိုယ်တွေ့မလို့ပါ။ ဂျပန်မှာတော့ ပြန်ရပါတယ်ရှင်။ :p ;)
ဂျပန်မလေး
အခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ။ ရှိလို့၊
နားလည်လွန်းလို့တော့မဟုတ်ပါဘူး၊ ဗဟုသုတအတွက်ပါ
ခင်မင်လျက် - ဝင်းဇော်
Post a Comment