Thursday, November 6, 2008

ခဏလေးမှ

ခဏလေးမှ တစ်ခဏလေးပါပဲ။
ဒါပေမယ့်၊ ပြောင်းလဲခြင်းတွေက မယုံနိုင်စရာကောင်းလောက်အောင်............
"ရှင်ခြင်း၊ သေခြင်း"ဆိုတဲ့ အရာတွေဟာ ဒီလောက်မြန်ဆန်ရသလား..............

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

စိုင်းစိုင်းလားရှိုး said...

ဒီရက်ပိုင်း ဒီကောင်မလေး ဘာတွေဖြစ်နေလည်း? ဘယ်သူတွေသိကြလည်း? တခုတခုတော့ ဖြစ်နေတယ်ထင်တယ်။

Welcome said...

ဆန့်သောလက် မကွေးမီ၊ ကွေးသောလက် မဆန့်မီ ဆိုသလိုပါပဲ သယ်ချင်း။ ခုခေတ်က လွန်းပျံခေတ်၊ အိုင်တီ ခေတ်လေ၊ မြန်သမျှ သိပ်မြန်ပါတယ်။... ပြောင်းလဲခြင်းတွေ ... ပြောင်းလဲမှုတွေ .... စဉ်ဆက်မပြတ်ပေါ့

http://winzaw-mdy.blogspot.com

Anonymous said...

မင်္ဂလာပါ ညီမ

ကွေးသောလက် မဆန့်မှီ။ ဆန့်သောလက် မကွေးမှီ ဟု ကြားဖူးတယ် သေခြင်းနှင့် ရှင်ခြင်း အကြားပေါ့။ တခါတလေ ဒီထက်တောင် မြန်တယ်။
အကောင်းဆုံး သေခြင်းတရားသည် မြဲ၏ ဟု နေ့တိုင်း ဆင်ခြင်နေရင် ကုသိုလ်ရတယ် ဆိုပဲ

ရွှင်လန်းချမ်းမြေ့ပါစေ...

စိုင်းနောင့် said...

အစ်မ
ပြောင်းလွယ် ပြင်လွယ်တဲ့ ကမ္ဘာကြီးပေါ် ဖင်ခု ထိုင်နေရတာမို့၊ အလိုက်အထိုက်လေး လိုက်ပြောင်းယုံပဲပေါ့နော်။ စိတ်ညစ်ငြီးငြူ မနေဘဲ ပျော်ပျော်သာနေထိုင်သွားမယ်ဆိုရင် ဒီကမ္ဘာကြီးက နေပျော်ပါတယ်...

Unknown said...

အင်း သူတောင် တရားတွေတောင်ပေါက်လို့..မယ်သီလရှင် ၀တ်တော့မှာလားဟင် :D

Anonymous said...

သယ်ရင်း နေမကောင်းဖြစ်တုန်းက ဆေးတွေ ဟဲဗီးသောက်ပြီး တရားရသွားတာလားဟင် ...
အဟား နောက်တာပါ ..
ပြောင်းလဲခြင်းတွေက မြန်တာပေါ့ ..
စာအုပ်ထဲမှာ ဖတ်ဖူးတာတော့
မျက်စိလေး တစ်မှိတ်အတွင်းမှာ လူ့ကိုယ်ခန္တာပေါ်မှာ
ရှင်သန်ရပ်တည်နေကြတဲ့ ပိုးတွေဟာ မရေတွက်နိုင်အောင် မွေးဖွားပြီး မရေတွက်နိုင်အောင် သေဆုံးကြတယ်တဲ့ ..
လူတွေက သတိမထားမိကြလို့သာ မိမိကိုယ်မိမိ အသားအရေလေးက လှလိုက်တာ ..၀င်းနေတာပဲ အဲ့လို ထင်နေကြတာတဲ့ .. အမှန်တော့ လူ့ခန္တာကိုယ်က သင်္ချိုင်းနဲ့ တူတယ်တဲ့ ..
သတ္တ၀ါတွေရဲ့ အသွေးအသားတွေ အသက်တွေကိုလည်း ဗိုက်ထဲကို မရေတွက်နိုင်အောင် ထည့်ကြတယ် .. ပြီးတော့ ကိုယ်ပေါ်မှာလည်း ပိုးမွှားတွေ အများကြီး သေဆုံးနေကြတယ် ..အဲ့ဒါကြောင့် လူ့ခန္တာကိုယ်ဟာ သင်္ချိုင်းအစစ်အမှန်ကြီးပါဆိုတာ ပြောရင်းနဲ့ သယ်ရင်းပြောတဲ့ ရှင်ခြင်း သေခြင်းဆိုတာ အရမ်းမြန်တယ်ဆိုတဲ့ အချက်ကို ထောက်ခံပါတယ် ခင်ဗျ
ဖြောင်း ဖြောင်း ဖြောင်း :P :P

Anonymous said...

မြန်တာပေါ့
မယ်ဂုမီလေးရယ်
အခုတလော ခံစားချက်တွေပြင်းရှနေတယ်နော်
အဆင်ပြေပါစေ
ဒီလို ပြောင်းလဲမှုတွေမြန်ဆန်တဲ့ကြားမှာနေရတာ
လူဘ၀ပဲလေ ..ကြာကြာနေရတာနဲ့
ခဏလေးနေရတာပဲကွာခြားပါတယ်

အဆင်ပြေပါစေနော်

Anonymous said...

ဒါက အနိစ္စသဘော ထင်မိတာပါပဲ အကိုတော့။

ဆောင်း said...

ဟုတ်တယ် ညီမလေးရေ. မမ တော့ ပထမဆုံး သူငယ်ချင်း တစ်ဦးဆုံးသွားတာ တကယ်တုန်လှုပ်မိတယ်။ အသက်ငယ်ငယ်ဘဲရှိသေးတာ။ ကြောက်တာမှ ဘယ်အရာ မှ မမြဲပါလားဆိုပြီး သူငယ်ချင်းအတွက် အမ ဘ၀ရဲ့ ပထမဦးဆုံး အနေနဲ့ သူငယ်ချင်းအတွက် ကဗျာ စဖွဲ့မိတယ်။ တကယ်ကို တုန်လှုပ်ခြောက်ခြားမိတာ ၂လနီးပါးလောက်ပါ။ သူငယ်ချင်းကို ကြောက်တာ မဟုတ်ဘူး။ အနိစ္စသဘော ကိုကြောက်တာ

 

Design By:
SkinCorner