တွေးမိတွေးရာ
အခုတလော အရမ်းချုချာတယ်သိလား။ တိတိကျကျပြောရရင်တော့ Hokkaido က ပြန်လာပြီးကတည်းကပဲ။မနှစ်က ဖေဖော်ဝါရီ က သွားခဲ့တာလေ။ :z အရမ်းအေးတဲ့အချိန်မှာ နှင်းမမြင်ဘူးတဲ့ ကျမက နှင်းတွေနဲ့ နေ့စဉ် ရက်ဆက် ထိတွေ့ခဲ့တယ်။ ;) Hokkaido ကလည်း ပြန်လာရော၊ ဖျားပါလေရော။ :( ဖျားတာမှ အကြီးအကျယ်ပဲ။ ချောင်းတွေကလည်း ဆိုးလွန်းလို့ နံရိုးတွေတောင် ယောင်တဲ့ အထိ။ အစကတော့ ဆေးသောက်ရမှာ၊ ဆေးခန်းသွားရမှာ ကြောက်တဲ့ အတွက် ကြိတ်မှိတ်ပြီး နေသေးတယ်။ အိမ်မှာ ရှိတဲ့ ဆေးတွေပဲ သောက်ပြီး နေနေတာ နောက်ဆုံး အိပ်လို့တောင် မရလောက်အောင် နံရိုးတွေက နာလာတယ်သိလား။ ထိုင်လို့လည်း မရ၊ အိပ်လို့ လည်း မရအောင် အခြေအနေဆိုးလာတော့မှ တစ်ယောက်တည်း ဆေးရုံသွားရတော့တယ်။ ကြောက်လိုက်တာ။ :y
ရင်ဘတ်ကို တစ်ခါ၊ ကျောကို တစ်ခါ၊ ဘေးတိုက်အနေအထားနဲ့ တစ်ခါ ၊ သုံးနေရာတောင် ဓာတ်မှန် ရိုက်ခံခဲ့ရတယ်။ အဲလောက်တောင် ဓာတ်မှန်တွေ ရိုက်နေရတော့ လန့်လာတာပေါ့နော်။ ဘာများ ဖြစ်ပါလိမ့်ဆိုပြီး။ :c အဆုတ်ပဲ တစ်ခုခုဖြစ်လား၊ ဘာလားနဲ့ ဆေးရုံမှာ တစ်ယောက်တည်း ငိုလိုက်ရတာ။ :c Result ထွက်လာတော့ အရမ်း အေးလွန်းတဲ့ နေရာကို တစ်ခါမှ မရောက်ဖူးပဲ သွားတဲ့အတွက် အအေးပက်သွားတာပါတဲ့။ ချောင်းတွေလည်း ဆိုးလာတော့ အထဲက နံရိုးတွေက ယောင်လာတာတဲ့။ ချောင်းဆိုးပျောက်ရင် အဲဒီ နံရိုးနာတာတွေလည်း ပျောက်သွားမယ်တဲ့။ တော်ပါသေးရဲ့။ :y ရောဂါ ထွေထွေထူးထူးမရှိလို့။ ;) ဒါပေမယ့် ၊ နှစ်လလောက် ခံလိုက်ရတယ်။ သေသေချာချာ အဖျားပျောက်ဖို့ကိုလေ။ :p
ဆိုင်မဆိုင်တော့မသိဘူး။ အဲဒီတစ်ခေါက် ဖျားပြီးကတည်းက ခဏခဏ ဖျားတော့တာပဲ။ ဖျားရင်လည်း ခဏနဲ့ မပျောက်။ အဖျားပျောက်ဖို့ အနည်းဆုံး၊ သုံးရက်ကြာတယ်။ ကိုယ့်ကို ကိုယ် ဂရုမစိုက်တာလည်းပါတယ်။ အဖျားက နာတာရှည်တာလည်းပါတယ်။ ပြုစုမယ့် လူမရှိတာလည်း ပါတယ်။ အဲလို အချိန်ဆို အိမ်ပြန်ချင်လိုက်တာ။ မေမေ့ကို ပိုလွမ်းတယ်သိလား။ :z မိသားစုကိုလည်း လွမ်းတယ်။ အကြောင်းအမျိုးမျိုးကြောင့် အိမ်မပြန်ရတာ နှစ်နှစ်ရှိတော့မယ်။ ရေးနေရင်းနဲ့ အိမ်ပြန်ချင်စိတ်တွေ ပိုပြီး ဖြစ်လာပြီ။ :c
နောက်ပြီး မွေးနေ့လည်းရောက်တော့မယ်လေ။ :z မွေးနေ့မှာ မိသားစုနဲ့ ခွဲနေရတာ ဒီတစ်ခါနဲ့ဆို လေးခေါက်မြောက်ပေါ့။ တစ်ယောက်တည်း မွေးနေ့ လုပ်ရတဲ့ အခြေအနေကြီးကို မရောက်ချင်ဘူး။ မွေးနေ့ရောက်ရမှာတောင် ကြောက်လာပြီ။ မနှစ်ကကော၊ တစ်နှစ်ကကော အိမ်ကို လွမ်းလွန်းလို့ လွမ်းဖျားဖျားပြီး မွေးနေ့တိုင်း ဆေးခန်းသွားရတယ်။ အစကတည်းက ဖျားမှာ ကြောက်ရတဲ့ ကြားထဲ မွေးနေ့လို နေ့မျိုးမှာ ဆေးခန်းဆိုတော့ ဟင့် ဟင့်။ ဒီတစ်ခါ မွေးနေ့ကျရင်တော့ မဖျားအောင် နေမှပဲ။ ဒါပေမယ့်၊ အခုထိ အဖျားက ကောင်းကောင်း မပျောက်သေးတော့ စိတ်ညစ်တယ်သိလား။

9 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
အင်း တစ်ယောက်တည်း နေရတာ ဆိုတော့ ကျန်းမာရေး ဂရုစိုက်ပေါ့ဟာ
ပြီးတော့ ဆေးလေးဘာလေး ဆောင်ထား ..
လွယ်လွယ်ကူကူ ချက်ပြုတ်စားသောက်လို့ရတဲ့ ဟာတွေ ဆောင်ထားပေါ့ .. ကြက်ဥချည်းပဲလည်း ချက်စားမနေနဲ့ဦး :P
အအေးနဲ့ မတည့်တဲ့ သူတွေ ရှိတယ်ဟ .. ငါတို့ဆီက လူတွေတောင် ခဏ ခဏ ပြန်ကြတယ် အဆုတ်နဲ့ ပတ်သက်လို့ ..
ကျန်မာရေးထက်တော့ ဘာမှ အရေးမကြီးပါဘူးဟာ ..
ကျန်းမာရေးဂရုစိုက်ပါ။
ဂုဂုရေ မဖျားအောင်နေပေါ့ မပေနဲ့ မတေနဲ့နော်၊ မွေးနေ့မှာ ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင် ဂစ်တာလာတီးပေးမယ်။
ဂုဂုကလည်း ပြုစုမယ့်သူမရှိရင် ဗီဗီကိုခေါ်လိုက်ရောပေါ့ ပြုစုပေးမပေါ့ ဟုတ်ဘူးလား။ :D

ညီမလေး တစ်ယောက်
အဖျားပျောက်လို့ စိတ်ကြည်လင်ခြင်းတွေ
ရရှိပါစေလို့ ဆုတောင်းရင်း ...
ဂျပန်မလေး
ကျန်းမာရေးကအဓိကကျပါတယ်၊ လူရော စိတ်ပါ ကျန်းမာပါမှ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ပျော်၂ ရွှင်၂ နဲ့လုပ်နိုင်မှာ မဟုတ်လား။ ပတ်ဝန်းကျင်က တော့ နေကောင်းဖို့ ဆုတောင်းပေးယုံကလွဲပြီး ပိုမတတ်နိုင်ပါဘူး၊ ကိုယ့်ဖာသာကိုယ် ဂရုစိုက်ပါမှ ဒေါင်၂မြည်ဖြစ်မှာပါ၊ မွေးနေ့လည်း နီးလာပီ ဆိုတော့ သူငယ်ချင်းတွေအတူ ဆင်နွှဲနိုင်အောင် ကျန်းမာရေးဂရုစိုက်ပါလို့ .. ..
http://winzaw-mdy.blogspot.com
Cerebrate လုပ်လေ။ ဝိုင်းပြီး ဆု တောင်းပေးမှာပေါ့။ တခါတည်း နေကောင်းသွားမယ်။
တူတူပါပဲ အဖေအမေနဲ့ ဝေးလို့ သတိရ၊ လွမ်း၊ အားငယ်တဲ့စိတ်တွေက နေမကောင်းဖြစ်တဲ့အခါ ခါတိုင်းထက် ရာခိုင်နှုန်းပိုတိုးတတ်တယ်။ ကိုယ်ချင်းစာမိပါတယ်။
ခင်မင်စွာနဲ့
Post a Comment