Wednesday, November 12, 2008

စိတ်




လူရဲ့စိတ်ဟာ လေထီးတစ်လက်နဲ့ တူပါတယ်။
ပွင့်နေမှသာ အလုပ်ဖြစ်တာပါ။


ဟိ ဟိ၊ ဆားချက်တယ်ပြောလည်း ခံရမှာပဲ။ စာဖတ်သူတွေကို ရသမျိုးစုံပေးချင်ပေမယ့် ကျမက ကဗျာမရေးတတ်ဘူးလေ။ ;) ဒီတော့၊ ကိုယ့်မောင်လေးကိုပဲ အားကိုးရတာပေါ့နော်။ :z မောင်လေးက ကဗျာရေးတာ ဝါသနာပါတယ်ရှင့်။ သူရေးထားတဲ့ ကဗျာတွေကို Blog မှာတင်ချင်တယ်လို့ သူ့ကို ခွင့်တောင်းတော့ ခွင့်ပြုစွာနဲ့ ကဗျာစာအုပ်တစ်အုပ်ပို့ပေးလာတယ်သိလား။ (19)နှစ် ပြည့်တုန်းက အမှတ်တရ ထုတ်ထားတယ်ဆိုပဲ။ :p သူ့သူငယ်ချင်းတွေ တောင် အဆစ်ပါသေး။ ;)

ဆေးထိုးအပ် မကိုင်ချင်ပဲ ကလောင်ကိုင်ချင်တဲ့ ကောင်ရှုပ်လေးတစ်စုလေ။ :z တစ်ကယ်။ သူတို့များ ရေးလည်းရေးတတ်တယ်သိလား။ တစ်ချို့ကဗျာတွေဆို မြင့်လွန်းလို့ ကျမအနေနဲ့ လိုက်တောင်မမှီ။ ဟိ ဟိ။

အမြည်းအနေနဲ့ ဒီနေ့ တစ်ပုဒ်တင်ပေးလိုက်တယ်နော်။ နောက်လည်း တင်အုန်းမယ်သိလား။ မှတ်ထားကြနော်။ ကဗျာဆို ကျမရေးတာဟုတ်ဘူး။ ;)မောင်လေးကဗျာနဲ့ ဆားချက်တာ။ :z

ဟိုတစ်ခါ တင်တဲ့ငှက်ကလေး ကျွန်တော်ပို့စ်လည်း သူ့ကဗျာပဲလေ။

8 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

ဟန်လင်းထွန်း said...

လူရဲ့စိတ်ဟာ လေထီးတစ်လက်နဲ့ တူပါတယ်။
ပွင့်နေမှသာ အလုပ်ဖြစ်တာပါ။


ဒီစာသားက ထောက်ပြ ခံရနိုင်တယ်လို့ ခံစားမိတယ်။ တွေးမယ်ဆိုရင်လည်း ကျယ်ကျယ်တွေးလို့ရတယ်နော်။ :)

Anonymous said...

လူရဲ့စိတ်ဟာ လေထီးတစ်လက်နဲ့ တူပါတယ်။
ပွင့်နေမှသာ အလုပ်ဖြစ်တာပါ။

မှန်ပါ့ဗျာ
ဒေါင်ကနဲတောင် နေသေးတယ် :P

Unknown said...

လေထီးစီးထူးလားဟင်? စီးဖူးရင်ဘယ်လိုနေလည်းဟင်? လူရဲ့စိတ်ဟာ အမျိုးမျိုးနဲ့ တင်စား ပြသလို့ရပါတယ်၊ လေထီးနဲ့လည်း နှိုင်းယှဉ်နိုင်ပါတယ်၊ ခံစားနေသူရဲ့ စိတ်နဲ့သာ ပိုသက်ဆိုင်ပါလိမ့်မယ်။

khin oo may said...

ုkom: လေထီးနဲ့ အတူခုန်ချလိုက်တယ်။ ပွင့်သွားလို့တော်သေးရဲ့။

Anonymous said...

ဗျိုး..... ဂျီးဒေါ်မယ်ဘုရေ အခုမှအချောင်ခိုထားမှန်းသိတော့တယ်ဗျိုး
ဟိဟိ ဘာဖြစ်ဖြစ် အခုလို ကြိုတင်ဝန်ခံတာလေးစားစရာပါ

Anonymous said...

ဟုတ်ပါရဲ့ဗျာ ...။

ခင်မင်လေးစားစွာဖြင့်

စိုင်းနောင့် said...

အစ်မမွေးနေ့က ဘယ်နှနှစ်မြောက်လဲ၊ မှန်းကြည့်မယ် (၁၉)၊ (၂၀)၊ (၂၁) တစ်ခုခုပေါ့။ အရောက်လာခဲ့ပါမယ်ဗျာ။ ဖိတ်ခဲ့ရင်ပေါ့။

အရုပ်ကလေး said...

လူရဲ့စိတ်ဟာ လေထီးတစ်လက်နဲ့ တူပါတယ်။
ပွင့်နေမှသာ အလုပ်ဖြစ်တာပါ။

တန်ဘိုး ရှိတဲ့ စာသားလေးတွေပါ
မှတ်သားသွားပါသည်

 

Design By:
SkinCorner