Thursday, November 13, 2008

စောင်းမြောင်းပြောဆိုခြင်း

စောင်းမြောင်းပြောဆိုခြင်း..............တဲ့။
သဘောထားသေးတဲ့ လူတစ်ချို့ မှာ တွေ့ရတတ်တဲ့ စိတ်ဓာတ်ပါ။ ;) ဥပမာ၊ ရန်ဖြစ်တယ်၊ တစ်နည်းအားဖြင့် သဘောထားမတိုက်ဆိုင်ဘူးဆိုပါစို့။ သူနိုင် ကိုယ်နိုင် ငြင်းခုန်ဆွေးနွေးကြပါလေရော။cha cha အဲ၊ အဲဒီမှာ ကိုယ်က မနိုင်ခဲ့ပေမယ့် တစ်ဖက်လူကို အလျှော့လည်း မပေးချင်၊ ပြန်လည်ချေပချင်၊ ဒါပေမယ့် နောက်ထပ်တစ်ခေါက် ထိပ်တိုက်ရင်ဆိုင်ရမှာလည်း ကြောက်ခဲ့ရင် စောင်းမြောင်းပြောဆိုတတ်ကြပါတယ်။ :z ယေဘူယျအားဖြင့် မိန်းကလေး အများစု လုပ်လေ့လုပ်ထရှိတဲ့ လုပ်ရပ်ပါ။ (မိန်းကလေးတိုင်းကို မဆိုလိုပါ။ :y )

ယောင်္ကျားလေး တော်တော်များများတော့ စောင်းမြောင်းပြောဆိုခြင်း ကို လုပ်လေ့ လုပ်ထမရှိပါဘူး။ ယောင်္ကျားပီပီ ပွင့်ပွင့်လင်းလင်း ဖြေရှင်းကြတာပဲ တွေ့ဖူးပါတယ်။ နောက်ကွယ်ကနေ အတင်းပြောသလို စောင်းမြောင်းခြင်းကတော့ ယောင်္ကျားစစ်စစ်ဆို မလုပ်ဘူးလို့ ထင်တာပဲလေ။ :p ကုန်ကုန်ပြောမယ်ရှင်၊ မိန်းကလေးပဲ ဖြစ်နေအုန်းတော့၊ စိတ်ထားရင့်ကျက်ပြီး သဘောထားကြီးမားတဲ့လူဆိုရင်တော့ မလုပ်လောက်ဘူးထင်တာပဲ။ အခုတော့ ယောင်္ကျားကြီးတန်မဲ့နဲ့ စောင်းမြောင်းပြောဆိုနေတာဟာ စဉ်းစားကြည့်တာနဲ့ စိတ်ကုန်တယ်။ :( ဟိ ဟိ၊ ယောင်္ကျားကြီးတန်မဲ့ မိန်းမစိတ်ကြီးနဲ့ ။ ;) ရှက်တတ်ရင် သေဖို့ပဲ ရှိတော့သည်။ :p

ဟောတော့၊ :y သူများကို ပြောချင်ဇောနဲ့ ကိုယ်ပါ စောင်းမြောင်းပြောခြင်း ဂိုဏ်းဝင်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားပြီ။ :c ရှက်စရာကောင်းလိုက်တာနော်။ :c ထိပ်တိုက်ပြောလိုက်ရင် ကောင်းမလားပဲ။ :d တတ်နိုင်ဘူးလေ။ ဘူးခံငြင်းမှာကို သိနေလေတော့ ရှက်ရှက်နဲ့ပဲ ပြန်လည်စောင်းမြောင်းပြောဆိုရတာပေါ့နော်။ :p ဟိ ဟိ။ micky

မသိလို့ မေးမယ်နော်။ :d သူ့လို ယောင်္ကျားမျိုးတွေရှိနေတာ ယောင်္ကျားကောင်းတွေ သိက္ခာကျရာ ရောက်မနေဘူးလား။ ;) ;) ;) :p :p :p :) :) :)

13 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

khin oo may said...

kom: ဘယ်သှူုကိုများပြောချင်တာပါလိမ့်။ အစ်မကိုများလားမသိ ဟိ ။:P

ကိုဥာဏ်(စက်မှု) said...

“ တိုက်ဆိုင်မှု ရှိပါက တိုက်ဆိုင်သူကိုသာ ရည်ညွှန်းပါသည် ”ဆိုတာ ဒီလိုစာမျိုးပေါ့နော .. ဒေါသတွေလျှော့ ဒေါသတွေလျှော့ .. အသက်က ပုခုံးပေါ် တဘက်တင်ရတော့မယ် အရွယ်ရောက်နေပြီ … :P

Anonymous said...

အဲဒီလို ပြောရတာ ကိုက ကောင်းလို့နေမှာပေါ့နော် :P
ပျော်ရွှင်ပါစေဗျာ

Anonymous said...

အိမ်တို့ကတော့ ဒဲ့ဆော်တာဗျား မကျေနပ်ရင် ပေါ်တင်ကိုပြောတာ
အဲဒါကြောင့်လာတော့ မသိဘူး အရင်းတုန်းက ဆိုကောင်စီရုံးခန်းနဲ့ ရဲစခန်းဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လိုပဲ အောင်မယ်ရဲတွေနဲ့တောင်ဘော်ဘော်တွေ
ဖြစ်လိုက်သေးသဗျ ခေါင်းမှာလဲ သေရာပါချုပ်ရိုးတွေဆိုတာ အပြည့်ပဲ။
မှတ်မိသေးတယ် တခါဘုန်းကြိးဝတ်တော့ ဘုန်းကြီးတပါးကဆံချရင်းခေါင်းကို
ကြည့်ပြီးလန့်သွားသဗျ။ မေးလဲမေးသေး မင်းဦးနှောက်မှ ကောင်းသေးရဲ့လားတဲ့

arkerhtet said...

စောင်းမြောင်းပြောဆိုတယ်ဆိုတာ ....လူတစ်ယောက်ကနေပြီးတော့ ဟုတ်ပါတယ်၊မှန်ပါတယ် ဆိုပြီး အထောက်အထား နဲ့ ပြောပြီဆိုပါတော့ဗျာ။ နောက်တစ်ယောက်ကတော့ သူမှန်တယ်ဆိုတာကို သက်သေသာဓကနဲ့  မပြနိုင်တော့၊
သူပြောချင်တဲ့ အကြောင်းအရာပါအောင် ပထမလူကို သွယ်ဝိုက်ပြီး တိုက်ခိုက်မယ်၊ အဲဒါကို လူကြီးလူကောင်းပါဆိုပြီး ဂုဏ်ယူနေတဲ့ သူတစ်ယောက်က လုပ်ပြီဆိုရင်တော့ အဲဒီလူကြီးလူကောင်းကြီး ကို ပြန်စဉ်းစားစေချင်တယ်။ယောင်္ကျား မဆန်ဘူးလို့ ပြောရမှာတော့မှာပဲဗျာ။ ပညာတက်တစ်ယောက်က ကိုယ်တက်လှပါပြီဆိုပြီး မပြောတက်ဘူးဗျ။ " ငါသာတက်သိ ပညာရှိဟု မိမိကိုယ်သာ မမှတ်ရာဟု" ဆိုတဲ့ ဆုံးမစကားလည်းရှိတယ်လေ။

Anonymous said...

ယောက်ကျားမိန်းမရယ် မဟုတ်ပါဘူး အတွေးအခေါ်နဲ့ စိတ်ဓါတ်ရင့်ကျက်မှု အနု အရင့်အပေါ် မူတည်တယ်လို့ ထင်မိတာပါပဲ ညီမ။

ခင်မင်လေးစားစွာဖြင့်

Welcome said...

ဂျပန်မလေး
တက္ကသိုလ်ကျောင်းသားတုန်းက ရေနီမြောင်းဘေးကနေ အဆောင်သူတွေကို သီချင်းနဲ့ စောင်းမြောင်းဆိုခဲ့ဖူးတယ်ဗျ။
ကျွန်တော်လည်း သယ်ချင်းပြောသလိုများ ဖြစ်နေမလားပဲ။ နစ်နာအောင် လုပ်တာတော့ မဟုတ်ပါဘူး။ ရင်ထဲကလာတဲ့ အတိုင်း သွားဆိုခဲ့မိပါတယ်။ ဒီသဘောလားမသိဘူး။
စောင်းမြောင်းဂိုဏ်းဝင်တစ်ယောက်
http://winzaw-mdy.blogspot.com

စိုင်းနောင့် said...

အစ်မ
တစ်မျိုးကြီးပဲဖတ်ရတာ။ တစ်ယောက်ယောက်ကိုများ မတည့် ဖြစ်နေလားတော့မသိဘူး၊ ကျွန်တော်တို့ကိုပါ သိမ်းကြုံး ပြောသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ ရွာက အစ်မတစ်ယောက် ကို သီချင်းနဲ့ စောင်းဆိုဖူးလို့ပါ။ အဟီး၊ ဆိုင်လားတော့မသိဘူး။

Dream said...

အဒူကိုပေါဒါယဲဟေ့.. :P :P
လောကမှာ အဲလိုအောက်တန်းကျတဲ့ယောင်္ကျားတွေလဲရှိသလို
စိတ်ဓာတ်ရေးရာ မြင့်မားတဲ့ ယောကျာင်္းတွေလည်း ရှိတယ်...
စိတ်ဓာတ်အောက်တန်းကျရင် ဘာမှ သုံးစားလို့မရတော့ဘူး..

mgngal said...

ဘူနဲ့ ဘာတွေဖြစ်နေတာလည်း ။ဘာမှမသိပဲ ဖတ်ရတာ နောက်ကျောမလုံဘူး ။:D
မကျေနပ်ရင် အသေတာသတ်ပစ် ။ မြှောက်ပေးတာ ။ :P

မသက်ဇင် said...

မယ်ဂုလေး ကို ဘယ်သူကများစောင်းမြောင်းပြောဆိုနေတာလဲ---
ဗုဒ္ဓဘာသာ အမျိုးသမီးကောင်းလေးပဲကွယ်---
ကိုယ်လုပ်စရာရှိတာသာဆက်လုပ်ပါ----
အချိန်က အဖြေပေးလာပါလိမ့်မယ်---

မသက်ဇင် said...

မယ်ဂုလေး ကို ဘယ်သူကများစောင်းမြောင်းပြောဆိုနေတာလဲ---
ဗုဒ္ဓဘာသာ အမျိုးသမီးကောင်းလေးပဲကွယ်---
ကိုယ်လုပ်စရာရှိတာသာဆက်လုပ်ပါ----
အချိန်က အဖြေပေးလာပါလိမ့်မယ်---

Anonymous said...

ဝေး သယ်ရင်းရေ နာရောက်လာပြီကွ :P
အမယ် အန်တီ ဒွင်း က လောကမှာ စိတ်ဓါတ် ရေးရာ မြင့်မားတဲ့ ယောက်ကျားတွေလည်း ရှိတယ်ဆိုပဲ .. နာ့ကို စောင်းပြောနေတာ နာ့ကို :P :P ( နောက်တာနော် အန်တီဒွင်း :P )
ဒီလိုပါပဲကွာ .. အခြေအနေမျိုးစုံ ရှုထောင့်မျိုးစုံကနေ အမြင်တွေဘယ်တူ နိုင်ပါ့မလဲ ..အဲ့ဒီတော့ ဘေးဘီကို အရမ်းကြီးလည်း မကြည့်နဲ့ ..
ကိုယ့်လမ်းကိုယ်လျှောက် ..ဂွတ်တယ်ထင်ရင် ဒူးသာဒူး သယ်ရင်းရေ ..
အချိန်တွေက အဆုံးအဖြတ်ပေးမှာပေါ့ ဟုတ်ဘူးလား ..

 

Design By:
SkinCorner