Sunday, November 16, 2008

ဗမာပြည်

"ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ပြည်ကို ချစ်ပါ
တို့စာကို မြတ်နိုးပါ
တို့စကားကို လေးစားပါ"

စကားလုံးနည်းနည်းလေးနဲ့ မျိုးချစ်စိတ်ဓာတ်ကို နိုးဆော်နိုင်တဲ့ သခင်ဘသောင်းရဲ့ ကဗျာ(ဆောင်ပုဒ်)ပါ။ အရမ်းကြိုက်လို့ အခုထိ အလွတ်မှတ်မိနေပါတယ်။ အဲဒီ ကဗျာဖတ်လိုက်တိုင်း ဇာတိသွေး၊ ဇာတိမာန် တွေ တက်ကြွလာလေ့ရှိပါတယ်။ အခု၊ ထိုကဗျာကို ဂျပန်လို ဘာသာပြန်လိုက်ပါတယ်။

『ミャンマーは 我々の国
ミャンマー語は 我々の言語
ミャンマー字は 我々の文字
我々の国を 愛して
我々の文章を 守って
我々の言葉を 大事にして』

အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်လို့ ကျမထက် ပိုမို ကောင်းမွန်စွာ ဘာသာပြန်ပေးမယ့်လူရှိရင် ကူညီပါအုန်းရှင်။ :y ဒီ ဂျပန်ဘာသာပြန်က ဂျပန်မူလတန်းကျောင်းသူ၊ ကျောင်းသားလေးတွေကို လက်ဆောင် အဖြစ် Print ထုတ်ပြီး ပေးဖို့ ရည်ရွယ်ထားလို့ပါ။

" ဟိ ဟိ၊ ဒီကောင်မလေး၊ ဟိုရောက်ဒီပေါက် ဘာတွေပြောနေတာပါလိမ့်"လို့ ထင်နေကြပါသလား။ :z ဒီလိုရှင့်။ ဒီဇင်ဘာလမှာ မူလတန်းကျောင်း တစ်ကျောင်းမှာ ဆရာမတစ်ယောက်အနေနဲ့ မြန်မာအကြောင်း သွားရောက်ရှင်းပြရပါမယ်။   :z ဟိုတစ်ခါ အလယ်တန်းကျောင်းသွားတုန်းက ကလေးတွေကို အတွေ့အကြုံ၊ ဗဟုသုတတွေ အများကြီး ပေးခဲ့လို့ ကျောင်းမှာ အမှတ်ပြည့် အထင်ကြီးခံရပြီး အခုတစ်ခါလည်း By nameနဲ့ တောင်းဆိုခံရပါတယ်။ :p {ဟိ ဟိ၊ မြန်မာတွေ အများကြီးထဲမှာမှ ဆရာမက လာပြီးတော့ကို အကူအညီတောင်းတာပါ။} ;) ဟိုတစ်ခါ အလယ်တန်းကျောင်းကို တူတူသွားတဲ့ ဂျုနီယာကောင်လေးလည်း တောင်းဆိုခံရပါတယ်။ သူက တစ်ခြားကျောင်းကို သွားရောက်မှာ ဖြစ်တဲ့အတွက် ဒီကျောင်းကို ကျမတစ်ယောက်တည်း သွားရမှာပါ။ :z

အပေါ်က ကဗျာက ကလေးတွေကို မြန်မာ့အကြောင်းသင်ကြားရာမှာ ကျမပြောပြချင်တဲ့ အကြောင်းအရာတွေထဲက တစ်ခုပါ။ ဂျပန်လူမျိုးတွေ ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကို ချစ်သလိုမျိုး မြန်မာလူမျိုးတွေလည်း ကိုယ့်တိုင်းပြည်၊ကိုယ့်လူမျိုးကို ချစ်ပါတယ်ဆိုတာကို ဒီကဗျာနဲ့ ရှင်းဖို့ ရည်ရွယ်ထားပါတယ်။ တစ်ခြား ပြောပြချင်တာတွေ၊ ပြသချင်တာတွေ အများကြီးမှ အများကြီး ရှိပါတယ်။ အချိန်ကန့်သတ်ထားလို့ အချိန်တိုလေးအတွင်းမှာ ထိထိရောက်ရောက် သင်ကြားချင်ပါတယ်။ :p တစ်ယောက်အားထက် အများအားက ပိုပြီး ပြည့်စုံမှာဖြစ်လို့ စာဖတ်သူတွေကို အကူအညီတောင်းချင်ပါတယ်။ :y "ဘယ်လို အကြောင်းအရာတွေ ရှင်းပြရင်ကောင်းမလဲ။ ဘာတွေကို ပြသရင်ကောင်းမလဲ။ ဘယ်လို အချက်အလက်တွေကို ရှာရလွယ်မလဲ......" စသဖြင့်ကို အကြံဉာဏ်ပေးစေချင်ပါတယ်။ :y

ကလေးတွေ သဘောလည်း ပေါက်အောင် ၊ မြန်မာဆိုတာ ဘာလည်းကို သေချာသိအောင် ပြောပြချင်ပါတယ်ရှင်။ :z

17 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:

မိုးပြေး said...

အမျိုးဂုဏ်၊ဇာတိဂုဏ် အတွက်တော့ လေးစားတယ်ဗျို့ ။ ကျွန်တော်တို့  မြန်မာမှာလည်း လေးစားစရာ တွေရှိတယ်ဆိုတာကို နိုင်ငံခြားက ကျောင်းသားတွေ၊ကျောင်းသူတွေကို ပြောပြမယ် ရှင်းပြမယ်ဆိုတာကိုတော့ အားကျမိတယ်။ မြန်မာဆိုတာ ဘာလည်း။ ဘယ်လို ယဉ်ကျေးမှုတွေရှိတယ်ဆိုတာကို ပြောပြပေးပါဗျာ။ မြန်မာဖြစ်ရတာကို ကျွန်တော်တို့  ဂုဏ်ယူရအောင်ဗျာ။

khin oo may said...

လူမှိုးကြိးမျှား။ ယဉ်ကျေးမှူ ။ သဘာဝ ရှူခင်း

စိုင်းစိုင်းလားရှိုး said...

တိုင်းပြည်ချစ်တဲ့စိတ်ကို လေးစားပါတယ်။ တိုင်းတပါးမှာ ဒီလိုအခွင့်အရေးတွေ ပြသခွင့်ရတဲ့ ညီမငယ်ကိုလည်း ဂုဏ်ယူပါတယ်။

aa said...

ဘာအကြံပေးရမလဲမသိဘူးဗျာ စိတ်ဓာတ်ကိုတော့ လေးစားတယ်

mgngal said...

ထိုးကွင်း မင်ကြောင်တွေ ထိုးထားတဲ့ မြန်မာ ရှေးယောင်္ကျား ဓါတ်ပုံတွေ ပြပါလား။
ဟီး ။ လေးစာဂုဏ်ယူပါတယ် မဂုရေ ။ မဂု က အတွေ့ အကြုံရှိပြီးသားပဲ ။ ကောင်း
နိုးရာရာလေးတွေ တင်ဆက်ပြသပေါ့ ။ စိတ်ကူးကောင်းတွေ မဂုမှာ ရှိမှန်း သိပြီး
သားပါ ။ :D

Welcome said...

ဂျပန်မလေး
မူလတန်းကလေးတွေလည်းဖြစ်တယ်၊ အချိန်ကန့်သတ်ထား တာလည်း ရှိတယ်ဆိုတော့-
တည်နေရာ၊အကွာအဝေး(ဂျပန်-မြန်မာ)၊ လူမျိုးစုများ အရေအတွက်၊ ခရီးသွားလုပ်ငန်းမှာ ထင်ရှားတဲ့ နေရာတွေ ဆို လုံလောက်မယ်ထင်ပါတယ်။ သိပ်တော့နားမလည်ပေမယ့် အဆင်ပြေချောမွေ့စေဖို့ ဆုတောင်းပေးပါတယ်။
မြန်မာလူငယ်တွေကိုယ်စားဂုဏ်ယူကြောင်း ပြောချင်ပါတယ်။

http://winzaw-mdy.blogspot.com

တားမြစ် ထားသော... said...

သခင်ဘသောင်းရဲ့ ကဗျာ(ဆောင်ပုဒ်)လေးကို ရွေးလိုက်တာ သဘောကျပါတယ်။ ကျွန်တော် တစ်ခြားဘာကောင်းမလဲ စဉ်းစားကြည့်သေးတယ်။ မျိုးချစ်စိတ်အကြောင်း ပြောမှာဆိုတော့ ဒါအကောင်းဆုံးပါပဲ။ အဲဒီ့ခေတ်အကြောင်းနဲ့ ပြောမှာဆိုရင်တော့ “သခင်”ထည့်ရတဲ့ အကြောင်းလေးကိုပါ ထည့်ပြောပါလားလို့ အကြံပြုချင်တယ်။ အချိန်နည်းနည်းနဲ့ သင်ပေးရမှာဆိုတော့ ချန်ခဲ့လည်း ဘာမှတော့ မဖြစ်ပါ။

ပျော်ရွှင်အဆင်ပြေပါစေ။

စိုင်းနောင့် said...

ကလေးတွေကို တစ်ခုခု အမှတ်ရနေစေဖို့ အားထုတ်ခဲ့ပါ။ အားလုံးက မျှော်လင့်နေပါတယ်

ရွှေပြည်သူ (ShwePyiThu) said...

အရမ်းကို ဂုဏ်ယူပါတယ် megumi လေးရေ။ တိုင်းတပါးမှာ မြန်မာပြည်ကို ကိုယ်စားပြုပြီး မြန်မာ့ဂုဏ်ကို ဖော်ထုတ်ခွင့်ရတာ ဘယ်လောက်များ ဂုဏ်ယူဖို့ကောင်းလိုက်သလဲနော်။ မူလတန်းကလေးတွေဆိုတော့ မြန်မာ့အခြေခံယဉ်ကျေးမှုလေးတွေ (ဥပမာ လူကြီးတွေရှေ့မှာ ကိုယ်ကိုကိုင်းပြီး သွားရတာမျိုးက သူတို့ဆီက အမူအကျင့်နဲ့လည်း ဆင်တယ်လေ) နောက် မြန်မာနိုင်ငံရဲ့ ထူးဆန်းထင်ရှားတဲ့နေရာတွေ (ဥပမာ ကျိုက်ထီးရိုးဘုရားလိုမျိုး) တွေကို ပြောပြရင် ကောင်းမယ်ထင်တာပါပဲ။ အစ်မ စဉ်းစားလို့ ရသလောက် အကြံပေးကြည့်တာပါ။ နောင်လည်း မြန်မာ့ဂုဏ်ကိုအကြိမ်ပေါင်းများစွာ ဆောင်နိုင်ပါစေ ညီမလေး...

အောင်ဦး said...

ညီမလေး..
အမျိုးသားရေး စိတ်ဓာတ်အပြည့်ရှိတယ် ဆိုတာ သိလိုက်ရတော့ ၀မ်းသာမိတယ်။ အခုလိုသင်ပေးတော့ သူတို့လေးတွေလည်း မြန်မာတွေရဲ့ စိတ်ကို သိရှိကြမှာပါ။ ဘာပဲဖြစ်ဖြစ်.. အမျိုးဂုဏ်ဆိုတာ ဆောင်တတ်ရမယ်။ ဒါတွေက အမျိုးကပေးတဲ့ အမျိုးသားရေး တာဝန်ပါပဲ။

စာပေကောင်းများ ဆက်လက်ရေးသားနိုင်ပါစေ .. ညီမလေး

:P said...

လေးစားပါတယ်ညီမလေးရေ..
ရွေးထားတဲ့ စာလေးကလည်းတော်တော်လေးကောင်းပါတယ်

thihanyein said...

မွန်မြတ်တဲ့စိတ်ဓါတ်လေးပါပဲကွယ်

ဗီလိန် said...

ဒါပဲ။ ဒီလိုပဲဖြစ်နေရမယ်။ ဂုဏ်ယူမိတယ်ဗျာ။
おめてとございました。

Unknown said...

ကလေးတွေ အတွက်ပေါ့နော်..ကလေးတွေ သင်ပေးရမှာဆိုတော့ လူကြီးတွေထက် အရေးကြီးတယ်ဗျ..ဘာလို့လည်း ဆိုတော့ လူတွေရဲ့ ဦးနှောက်ဟာ ငယ်ရွယ်စဉ်မှာ ပိုပြီးတော့ မှတ်ညာဏ်ပိုကောင်းတယ်လေ..ဆိုတော့ ကလေးတွေ ရဲ့ ရင်ထဲမှာ အမြဲတမ်းကိန်းအောင်းနေအောင် မြန်မာဆိုတာ ဘာလဲဆိုတာ သိဖို့နဲ့ မြန်မာ နဲ့ ဂျပန်ဟာ ဟိုးအရင်ကတည်းက ဘယ်လိုပတ်သတ်ဆက်နွယ်နေတယ် ..မြန်မာလူမျိုးနဲ့ ဂျပန်လူမျိုးတွေဟာ ဘယ်လိုတူညီမှု့တွေရှိတယ် အယူအဆတွေက အစပေါ့...အဓိကတော့ ရှည်လျားထွေပြောစွာနဲ့ အကြောင်းရာ တစ်ခုတည်းကိုပဲ ဦးတည်မပြောပဲ ဘက်ပေါင်းစုံ ပါဝင်အောင် သူတို့ရဲ့ ရင်ထဲမှာ အမြဲတမ်း ကိန်းဝပ်ရင်းနှီးနေအောင် ပြောပြတတ်ဖို့လိုတာပေါ့နော်..အချိန်ကန့်သတ်ထားတာ ဖြစ်တဲ့ အတွက်ကြောင့်မို့ အချိန်တိုတွင်းမှာ ထိရောက်စွာနဲ့ ပြောဖို့လိုလိမ့်မယ်..ကလေးတွေဆိုပြီး အထင်သေးလို့မရပါ..ကလေးတွေဟာ နောင်တစ်ချိန်မှာ လူကြီးတွေ ဖြစ်တဲ့အတွက် သူတို့က ပိုအရေးကြီးတယ်..အခု မဂလုတု ငယ်ငယ်က သင်ခဲ့တဲ့ ဆောင်ပုဒ်လေးကို အခုချိန်ထိ မှတ်မိနေအောင် ကလေးတွေကိုလည်း အဲဒီလိုမှတ်မိနေအောင် ထိရောက်အောင် သင်ပေးဖို့လိုမယ်...ဘာဖြစ်လို့လည်း ဆိုတော့ နောင်တစ်ချိန်မှာလည်း ကိုယ့်မြန်မာလူမျိုးတွေ နဲ့ ဂျပန်လူမျိုးတွေဟာ အင်မတန်မှ ရင်းနှီးဖော်ရွေကြတဲ့သူတွေ တစ်ဦးနဲ့ တစ်ဦးချစ်ချစ်ခင်ခင်ရှိကြတဲ့ မောင်နှမရင်းတွေလို ရင်းနှီးနေအောင် မြန်မာရဲ့ ယဉ်ကျေးမှု့ ဓလေ့စရိုက်တွေ အကုန်လုံးကိုပါအောင် သရုပ်ဖော်ပြဖို့လိုမယ်..မြန်မာလူမျိုးတွေရဲ့ အားကျဂုဏ်ယူစရာကောင်းတွေ စံပြနမှုနာလေးတွေကိုလည်းထည့်သွင်းဖော်ပြသင့်ပါတယ်...
မြန်မာဆိုတဲ့ အသံကြားတာနဲ့ သူတို့ရဲ့ မျက်စိထဲ ရင်ထဲမှာ ဘယ်လိုဆိုတာသိအောင် ပေါ်လွင်အောင်သင်ပေးရမှာပေါ့ မ ဂလုတု..စောစောကပြောသလိုပါပဲ အချိန်ကန့်သတ်တဲ့ အတွက် အရေးကြီးဆုံး အကြောင်းအရာတွေကို ပထမဦးဆုံး ပြောဖို့လိုလိမ့်မယ်..ဘာလို့လည်းဆိုတော့ အဲဒီအချိန်မှာ သူတို့ ရဲ့ စိတ်တွေဟာ လန်းဆန်းတက်ကြွနေတဲ့ အချိန်မိုလို့ပါ..ကြာလာရင် ငြီးငွေ့နိုင်ပါတယ်..ဒါကြောင့်မို့ အရေးကြီးဆုံးစကားကို နိဒါန်းနဲ့ နိဂုံးမှာ ထည့်သွင်းပြောပြရင်ကောင်းပါလိမ့်မယ်..နောင်လာနောင်သား
တွေ
ကောင်းဖို့ အတွက် ရှေးကလူတွေက ကောင်းတာတွေ ပြုလုပ်ပျိုးထောင်ပေးခဲ့ဖို့တာဝန်ရှိပါတယ်။။။

မြန်မာနိုင်ငံအတွက် ပါးစပ်နဲ့အလုပ်မလုပ်ပဲ လက်တွေ့ပါလုပ်ဆောင်ပေးနေတဲ့သူအနေနဲ့ ဂုဏ်ယူပါတယ်..ဆက်လက်ပြီးတော့ အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နိုင်ပါစေဗျာ

ဟန်လင်းထွန်း said...

အကောင်းဆုံးကတော့ ကိုယ်ပြောမယ့် တော့ပစ်ကိုပဲ အသေအချာရွေးထားစေချင်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ ပြောရခက်သား။ နိုင်ငံရေး အကြောင်းလည်းပြောသင့်သလို ငတ်နေတယ့် အကြောင်းလည်း ပြောသင့်တယ်။ အားလုံးကို ချုံပြီး အမ ပြောနိုင်လိမ့်မယ်လို့ မျှောလင့်ပါတယ်

Heart Breaker said...

ကြုံတော့ကြုံခဲ အခွင့်ရေးလေးမို့ အကောင်းဆုံး စွမ်းဆောင် နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Anonymous said...

ဂုဏ်ယူပါ၏ဗျား ...။

 

Design By:
SkinCorner