(4)နှစ်ပြည့်ပြီပေါ့။
(4)ရက် (4)လ ရောက်ပြီဆိုတော့ (4)နှစ်ပြည့်ပြီပေါ့။ လွန်ခဲ့တဲ့ လေးနှစ်တိတိက ကောင်မလေးတစ်ယောက်ဟာ အဆွေအမျိုးမရှိ၊ အသိမရှိ၊ သူငယ်ချင်းမရှိ၊ အင်မတန်ကို သူစိမ်းသာသာရှိတဲ့ နိုင်ငံတစ်ခုကို အဖော်မပါ တစ်ယောက်တည်း လာခဲ့မိတယ်။ မကြောက်မရွံ့နဲ့ပေါ့။ မသိမတတ်တာတွေ အများကြီး ကြုံခဲ့၊ တွေ့ခဲ့ရပေမယ့် ကိုယ့်အားကိုယ်ကိုး ကိုယ့်ဉာဏ်စွမ်းနဲ့ ဖြေရှင်းခဲ့ရတယ်။ တစ်ခါတစ်လေတော့လည်း မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကူအညီကို ယူရင်းနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မိမိဒုက္ခရောက်တဲ့အခါမှာ စေတနာသန့်သန့်နဲ့ ကူညီပေးတဲ့လူတွေ အများကြီး တွေ့ခဲ့ရသလို ကိုယ့်လူမျိုးအချင်းချင်း မစာမနာ၊ ကြီးနိုင်ငဲညှင်းလုပ်တဲ့လူတွေလည်း အများကြီး ကြုံခဲ့ရတယ်။ အင်မတန်မှကို စက်ရုပ်ဆန်တဲ့ နိုင်ငံမှာ စက်ရုပ်ဆန်ဆန် နေ့ရက်တွေကိုလည်း ဖြတ်သန်းခဲ့ဖူးတယ်။ ရောမရောက်ပေမယ့် ရောမလိုမကျင့်တတ်တဲ့ ကောင်မလေးဟာ လူတကာတွေ အပန်းဖြေလေ့ရှိတဲ့ ကာရာအိုကေနဲ့လည်း မရင်းနှီးခဲ့ဘူး။ အနောက်တိုင်းဆန်ဆန် ပေါင်းသင်းဆက်ဆံရတဲ့ မိန်းမ-ယောက်ကျား ဆက်သွယ်ရေးကိုလည်း မနှစ်မြို့ခဲ့ဘူး။ ဒီလိုနဲ့ အပေါင်းအသင်းတွေ နည်းပါးခဲ့ဖူးတယ်။ ဒါပေမယ့် ကောင်မလေးကတော့ မမှုခဲ့ပါဘူး။ သူမကို အားပေးတဲ့ မိသားစုကြီးတစ်စုလုံးရယ်၊ အရမ်းခင်တဲ့ သူငယ်ချင်းတွေရယ်၊ သူရယ် ရှိခဲ့တယ်လေ။ အနီးကပ် ရှိမနေကြပေမယ့် သူတို့တွေရှိနေတယ်ဆိုတဲ့ အသိနဲ့တင် သူမဘဝဟာ မခြောက်သွေ့ခဲ့ပါဘူး။
ကောင်မလေးဟာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက်နဲ့ ငိုကြွေးတတ်လေ့ရှိပေမယ့် တစ်ခါတစ်ခါကြတော့လည်း သူမတူအောင် ခေါင်းမာတတ်ပြန်လွန်းတယ်။ တစ်ခါတစ်လေ မှာ တွေဝေတတ်ပေမယ့် တစ်ခါတစ်ခါကြတော့ ပြတ်သားတတ်ပြန်တယ်။ တစ်ခါတလေမှာ အားငယ်တတ်ပေမယ့် တစ်ခါတစ်ခါကြတော့ ရဲရင့်တတ်ပြန်တယ်။ အဲလို ဆန့်ကျင်ဘက်အကျင့်တွေကို ပိုင်ဆိုင်ထားလို့ပဲ သူတပါးတိုင်းပြည်မှာ အချိန်တော်တော်ကြာ နေနိုင်ခဲ့တာလား မသိပါဘူး။
(4)နှစ်ကြာ ရပ်တည်နေနိုင်ခဲ့တဲ့ သူမအတွက် ပြောမပြတတ်တဲ့ ခံစားချက်တွေကို စကားလုံးနဲ့ မဖော်ပြနိုင်ပါဘူး။ ခံစားချက်ပေါင်းစုတစ်ခုအနေနဲ့ပဲ အမှတ်တရ သိမ်းဆည်းပေးထားလိုက်ပါတော့မယ်။

ဘာပဲပြောပြော အရာအားလုံးဟာ အမှတ်တရအဖြစ် ကျန်ရစ်နေမှာပါ။
6 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
အေးလေ အနောက်က လူတွေလိုနေလို့ကတော့ နင့်သူငယ်ချင်းငါကလည်း နင့်ကိုဆူမှာပေါ့ ။နင်ကလည်း ဒါကိုမကြိုက်တာငါသိပါတယ်။ အပေါင်းအသင်းနည်းတော့ရော ဘာဖြစ်လဲ။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲ ဆက်လျှောက်..
လေးနှစ်နေခဲ့တဲ့ သတ္တိ အစွမ်း.. မလွယ်ဘူး။
(ငါ့ညီမက ဘယ်ဆိုးလို့လဲ။ ငါ့ခြေရာနင်းမဲ့ ကလေးမ:P)
ကောင်မလေးဟာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုအတွက်နဲ့ ငိုကြွေးတတ်လေ့ရှိပေမယ့် တစ်ခါတစ်ခါကြတော့လည်း သူမတူအောင် ခေါင်းမာတတ်ပြန်လွန်းတယ်။ တစ်ခါတစ်လေ မှာ တွေဝေတတ်ပေမယ့် တစ်ခါတစ်ခါကြတော့ ပြတ်သားတတ်ပြန်တယ်။ တစ်ခါတလေမှာ အားငယ်တတ်ပေမယ့် တစ်ခါတစ်ခါကြတော့ ရဲရင့်တတ်ပြန်တယ်။ အဲလို ဆန့်ကျင်ဘက်အကျင့်တွေကို ပိုင်ဆိုင်ထားလို့ပဲ သူတပါးတိုင်းပြည်မှာ အချိန်တော်တော်ကြာ နေနိုင်ခဲ့တာလား မသိပါဘူး။
မိန်းခလေးရေ----
ချီးကျူးပါတယ်---
တောင့်ထားနော်---
ချစ်ခင်လျက်---
ဘယ်လိုမှ လုပ်ယူလို့ မရတဲ့ ဘ၀အတွေ့ အကြုံတွေပေါ့ ဂုဂုရာ။
မမရေ.. ဆက်အားတင်းထားနော်! :)
ညီမငယ်..
ဘာလိုလိုနဲ့ ပြန်ရတော့မှာပဲ။ ဘလော့မှာ အပင်ပန်းခံပြီး ရေးသားတင်ပြခဲ့တဲ့ မှတ်တမ်းပုံတွေ အတွက် ကျေးဇူးတင်ပါတယ်။
ကျန်းမာပျော်ရွှင်စွာနဲ့ ဘ၀တလျောက်လုံး ဖြစ်သန်းနိုင်ပါစေ...
ဘာရယ်ညာရယ်မဟုတ်ဘူးလူရှိန်တာပေါ့ဗျာ အဟစ်ဟစ်ဟစ်။ အင်းလေ ..ဘာပြောပြော
အမှတ်တရပေါ့ဗျာ။ဆက်လက်ကြိုးစားပါ
တနေ့ ပန်းတိုင်တော့ ရောက်မှာပါ။ ပန်းတိုင်လဲ
မှားမယ်နော် သေမင်းပန်းတိုင်နဲ့ အောင်မြင်မှုပန်းတိုင် အဲဒီ၂ ခုတော့ မလွဲစေနဲ့
ဗျို့ အဟီး
Post a Comment