ဒီလောက်တော့ ရပါတယ်ပို့စ်၏ အဆက်
ဒီလောက်တော့ ရပါတယ်ပို့စ် ၏ အဆက် :z :z :z
မမမြတ်နိုးကလေ ဟင်းချိုလေးပါထည့်ပေး စားရတာခြောက်ကပ်ကပ်ကြီးဖြစ်နေတယ်............ တဲ့။
တကယ်ဆို၊ ကျမက ရေပဲကြိုက်တာဆိုတော့ ရေရှိရင် ရပြီ။ ကျန်တဲ့အရည်မလိုဘူးသိလား။ (ကိုယ့်အတွက်ကို ပြောတာနော်။ ) :p ;) ဒါပေမယ့် မမမြတ်နိုးက တောင်းဆိုလာမှတော့ လုပ်ပေးရမှာပေါ့နော်။ ကိုယ့်မမပဲဟာ နော်။ :p
ဆားနဲ့ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ပေါင်းထားတဲ့ ကြက်ဥပေါင်းဟင်းရည်လေးပါရှင့်။ အရည်လေးသောက်လိုက်၊ ကြက်ဥဖတ်လေးစားလိုက်နဲ့ ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့တဲ့၊ အခုလည်း ကြိုက်ဆဲပဲ ဖြစ်တဲ့ အစားအစာလေးပါ။ အစိမ်းရွက်လေးက စားလို့မရဘူးနော်။ ဂျပန်စတိုင်အလှထည့်ထားတာ။ :z
နောက်တစ်မျိုးက ကြက်ဥပြုတ်ကြော်ခရမ်းချဉ်သီးချက်။ အရင်ဆုံးကြက်ဥကို ပြုတ်လိုက်ပါတယ်။ ပြီးတော့ ဒီကိရိယာလေးထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ (5)မိနစ်ခန့်
အအေးခံလိုက်ပါတယ်။ :zအချိန်ပြည့်သွားရင် အလယ်ကနေ လှီးလိုက်တာပေါ့နော်။ ဒီလိုမျိုးလည်း ဖြစ်သွားတယ်သိလား။ တစ်လုံးက ကြယ်ပုံ၊ နောက်တစ်လုံးက အသဲပုံလုပ်ထားတာ။ :z
အဲဒီကြက်ဥပြုတ်ကို ဆီနည်းနည်းနဲ့ ပြန်ကြော်လိုက်တော့ ဒါမျိုးလည်းဖြစ်သွားရော။ :zခရမ်းချဉ်သီးချက်ကိုလည်း တတ်သလောက်မှတ်သလောက်နည်းပညာနဲ့ ချက်လိုက်သေးတယ်။ ကျက်ခါနီးမှ စောစောကကြော်ထားတဲ့ ကြက်ဥလေးတွေကို ထည့်လိုက်ပြီး ခဏ နှပ်ထားလိုက်တယ်။ ကြည့်ကြည့်ပါရှင့်။ ခရမ်းချဉ်သီးကြက်ဥပြုတ်ကြော်ချက်လေးပါ။ :z
ထမင်းနဲ့ နယ်ပြီး အပီအပြင် စားတော့မယ်နော်။ ;) ရောက်လာသူအပေါင်းလည်း အားမနာတမ်း သုံးဆောင်ကြပါရှင့်။ :z
ဟိုလူဆိုး ကိုရှင်ရဲထွတ်ကြီးကို အမြင်ကပ်ကပ်နဲ့ ပညာစွမ်းပြရတာ တော်တော်ပင်ပန်းသွားပြီသိလား။ ကျောင်းကလည်း တက်ရသေး၊ Thesis ကလည်း ရေးရသေး။ အားတဲ့အချိန်လေးကို အလုပ်လေးလည်း သွားလုပ်လိုက်သေး။ အိမ်ချိန်လေးကို ဖဲ့ပြီး Postလေးရေးလိုက် ၊ Blogလေး လည်လိုက်လည်း လုပ်ရသေး။ ဒီလောက် အလုပ်ရှုပ်တဲ့ ကျမကို ဟင်းမချက်လို့တဲ့၊ ဘာဖြစ်တယ် ညာဖြစ်တယ်................တဲ့။ ကိုယ်ချင်းမစာပဲ လှောင်ပြောင်ရက်တယ်နော်။ အဲဒီလူဆိုး ကိုရှင်ရဲထွတ်ကြီးက။ တော်တော်ဆိုးတဲ့လူကြီး။ :c
သူ့ကြောင့် ၊သူ လိုက်စလို့ ဟင်းမျိုးစုံ ချက်ပြရတာ ကြက်ဥတွေလည်း အများကြီး ကုန်သွားပြီ။ ဟင့် ဟင့်။ :c :c

19 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဂျပန်မလေး
ဒီဟင်းလေးတွေလည်း မဆိုးပါဘူး၊ ကြယ်ပုံ၊ အသည်းပုံနဲ့ဆိုတော့ စားရတာ ကြက်ဥဟင်းလို့ မထင်ရတော့ဘူးပေါ့။ ကွန့်လိုက်တဲ့ဥာဏ်၊ ဒါပေမယ့် ကြက်ဥအရသာပျောက်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ အီလာပြီဗျ...ဒါပေမယ့် အမြင်ဆန်းတာတော့ ကြိုက်တယ်
ခင်မင်လျက် - ဝင်းဇော်
အင်းအင်း မဆိုးပါဘူး ။စားကောင်းမယ် သဘောမှာရှိတယ်။
BESc လို့ ပြောတာမလွန်ပါဘူးနော်။ :P
မမဂုဂု.... အသည်းပုံကြက်ဥနဲ့ ဟင်းချိုလေး လာသောက်သွားပြီ
ရှယ်ပဲ.... ကောင်းမှကောင်း... ရှလွတ် ..... :P
Bachelor of Egg (B.E) ဟုတ်ဘူးလား ကိုမောင်ငယ်ရဲ့။ :p ;) :z
ကြက်ဥ ကြော်ချက်လေးက စားချင်စရာလေးပဲ
မကြိုက်လို့ လုပ်မစားခဲ့တာ။
ချက်စားဦးမှပဲ.
အခုတော့ ဘာစားစား လက်တဆုပ်၂ဆုပ်ထကပ်ပိုစားလို့မရသေးဘူး။
း(
ကျောင်းကတက် အလုပ်တစ်ဖက်နှင့်
အိပ်ချိန်ကိုဖဲ့ပေး မီဂူးအတွေး
အပြောအဆိုမခံ ဥကိုစတေးခံလို့
လုပ်ပြလိုက်တဲ့ ပုံစံမျိုးစုံ
လာလည်သူအပေါင်း
ပါးစပ်အဟောင်းနှင့်
ဆာပြီးပြန်သွား ဘလော့ဂါများ....
ကလု ကလု...
ဒီတခှါုငပိကြော်် မထည်.တော.ဘူးလား။
သယ်ရင်း အလည်လာတယ် ကွန်မန့်လေးရေးခဲ့တာ အရမ်းကို ကျေးဇူးတင်တဲ့ အကြောင်းလာပြောတာပါ
သူများချစ်ခြင်းကို ခွဲခဲ့လို့လား မသိဘူး
အခုခေါင်းတွေ မှုးနေတယ် နောက်မှ ထပ်လာဖတ်တော့မယ် တာ့တာ သယ်ရင်း
ကြက်ဥချက်ကော..
ကြက်ဥကျော်ကောစားချင်စရာလေးတွေ...
လာလည်မယ်...ကျွေးနော်...
(မယ်)
ဟုတ်ပါ့ မလား မဂလုတု ခေါ် မ ဂုမိ ရဲ့ ..အချိန်မရလို့ နေ့တိုင်း ကြက်ဥနဲ့များ နှစ်ပါးသွားနေသာလားလို့..:D
ကြက်ဥ ဟင်းရော။ ဟင်းချိုပါ စားသွားပါ၏။ ဒါပေမဲ မ၀ပါ။ သွားရည်သာ မျိုချနေရပါသည်။ အဘယ်ကြောင့်ဆိုသော် ပုံသာမြင်ရပြီး တကယ်မစားရသောကြောင့် ဖြစ်ပါသည်။
ဟိ ဟိ၊ ဂျပန်ကိုလာခဲ့လေ။ ;) ချက်ကျွေးမယ်။ :z အခုလောလောဆယ်တော့ ကိုယ့်ဟာကို ချက်စားကြည့်ပါလား။ :p
အပေါ်က ကြက်ဥပေါင်းဟင်းက မစားဖူးဘူး.. ဒါပေမဲ့ စာထဲမှာရေးထားတဲ့အတိုင်းပဲ.. စိတ်ကူးနဲ့ ဆားလေးနဲနဲ အချိုမှုန့်လေးနဲနဲနဲ့ စားသွားတယ်.. အပြင်မှာစားရမယ်ဆိုရင်တော့ စိတ်ကူးထဲကနဲ့တူမတူမသိဝူး... အောက်က ကြက်ဥဟင်းကလဲ ကောင်းမဲ့ပုံပဲ.. ထမင်းစားချိန်တည့်တည့် ဒီပိုစ့်သွားဖတ်မိတော့ ခုအလုပ်ထဲကနေ ဗိုက်က တဂွီဂွီမြည်နေပြီ.. ဒီဟင်းချက်တာ အချိန်ဘယ်လောက်ကြာသွားလဲ မယ်ဂုမိရေ... ချက်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ အလုပ်ကိုရှုပ်နေမှာပဲနော်.. ဟီး.. လာလည်ရင်ချက်ကြွေး ကြက်ဥဝယ်ပေးမယ်.. ဟား.. ဟား..
အိုဘယ့် မယ်ဂုမိ ကျွန်ုပ် ရှင်ရဲထွတ်သည် နဂိုက
ကြက်ဥဟင်းအား ကြိုက်နှစ်သက်ခဲ့ခြင်း မရှိခဲ့ပါ
လွန်ခဲ့သော မိနစ်အနည်းငယ် အချိန်ထိ စိတ်မ၀င်စားခဲ့ပါ
သို့သော် အခုအချိန်မှစ၍ ကြက်ဥအား ပုံစံမျိုးစုံ အရသာ
မျိုးစုံအား ကျွမ်းကျင် ပိုင်နိုင်စွာ
ချက်ပြုတ်တတ်သော အရည်အချင်း ရှိသောသူ အမှန်အကန် ဖြစ်နေလေသောကြောင့် ကျွန်ုပ်သည်လည်း
ကြက်ဥဟင်းမျိုးစုံအား စိတ်ဝင်စားမိခဲ့ကြောင်း ၀န်ခံအပ်ပါသည်။
သို့သော် ကျွန်ုပ်သည် စိတ်ဝင်စားရုံ အဆင့်သာရှိသေးသည်
မို့ အသင် မယ်ဂုမိ၏ ကြက်ဥ ပဒေသာပင် ဟင်းစုံလင်အား ကိုယ်တိုင် စားသုံးခွင့်ရရှိမှသာ ကျွန်ုပ်သည် ကောင်း၏မကောင်း၏ကို မှတ်ချက် အနေဖြင့် ပေးနိုင်မည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
ကြက်ဥဟင်းကို လာကျွေးပါမှ သိမ်းထားသော ကဗျာသည် လုံခြုံမှု ရှိမည်ဖြစ်သည့် အကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။
ပုံ..... ရှင်ရဲထွတ်
ညီမ..
တော်တော်ချက်တက်တာဘဲ..တော်တယ် ညီမလေး။
အကိုတို့က တော့ ပြုတ်တယ်။ ကြော်တာ လောက်ဘဲတက်တယ်။း)
ကြံကြံဖန်ဖန် ရေးသားတင်ပြတက်တာလည်း လေးစားပါတယ်။
အဟဲ ကြက်ဥ စပယ်ရှယ်လစ်ကြီး ရဲ့လက်ရာကို လာရောက်စပ်စု သွားတယ်။ တမင်းက ပုံကြည့်ပြီး စာချင့်စဖွယ်လေးမို့  ပါဆယ်ထုပ်ပြီး မသွားပါပြီ။ အင်း လာလည်တိုင်း ကြက်ဥပဲ ကြွေးလွှတ်တာမို့  အနော်လည်း တဖြည်းဖြည်း ၀လုံးကာ ကြက်ဥပုံ ပေါက်လာပါပြီ။ နောက်တခါ လာလည်ရင် အွန်လိုင်းမှ မလာတော့ပဲ ကြက်ဥလိုပဲ လှိမ့်ပြီး လာပါတော့မည်။ ၀ရော..၀ရော. ၀ရော.... ပလုံ စွပ် ( လိမ့်တာ အရှိန်လွန်ပြီး ရေထဲပြုတ်ကျ သွားသောအသံ )။ အဟဲ အမှတ်မရှိလို့  နောက်တကြိမ်လာစသွားပါသည်။ :)
စားချင်စရာလေးတွေ လုပ်ပြထားတာပဲ ..
ချစ်စရာ လဲကောင်းတယ်
စားချင်စရာ လဲကောင်းတယ်
အသည်းပုံလုပ်တာကလွဲရင် ကျနော့ ချက်တာနဲ့ တစ်ပုံစံတည်းပဲဗျ။ ဒါမျိုးမှ ကြိုက်တာ။ :)
ဂျပန်မလေး
မအားလပ်တဲ့ကြားက ဟင်းတွေ အဖုံဖုံ ချက်နေတာ့ တော်၂ကိုပင်ပန်းမှာပဲ(ကြက်ဥတစ်လုံးကို အမျိုး ၂၀ ခွဲ ချက်ရတာ) မြည်းသွားပါတယ်
ခင်လျက်
ဝင်းဇော်
Post a Comment