"Golden week"
ဂျပန်တွေရဲ့ "Golden week"က (၄)လပိုင်းကုန်ကနေ (၅)လပိုင်း အစအတွင်းမှာ ရတဲ့ နားရက်ရှည်ကြီးပါ။
တကယ်တမ်း ရက်ကြီးရက်မြတ် ပိတ်ရက်တွေကတော့----
April 29 >Showa Day (Showa no hi)
May 3 >Constitution Day (Kenpo kinenbi)
May 4>Greenery Day (Midori no hi)
May 5>Children's Day (Kodomo no hi) တွေပါ။
( May 6>Substitute holiday(Furikae kyuujitsu) က အနီရက်ထဲမှာ ပါပေမယ့် ရက်ကြီးရက်မြက်ထဲမှာတော့ မပါပါဘူး။ )
မြန်မာတွေကတော့ ရက်ကြီးရက်မြတ်တွေအပါအဝင် တရားဝင် ပိတ်ရက်တွေကို အနီရက်လို့ ခေါ်ပါတယ်။ ပြက္ခဒိန်မှာ အနီရောင်နဲ့ ရေးထားလို့ပါ။ :p ဒီနှစ်အတွက် "Golden week" က ဒီနေ့ စပါတယ်ရှင်။ ၅လပိုင်း ၁၀ရက်နေ့ထိ ဆိုတော့ စုစုပေါင်း (၁၆)ရက် ။ ပျော်စရာကြီးနော်။ အခုန TVမှာကြည့်တာ (၁၆) ရက်ရက်ဆက် နားရက်ရလို့ နိုင်ငံခြားထွက်တဲ့လူတွေ အများကြီးပဲ။ နာရီတာလေဆိပ်မှာ ဒီနေ့အတွက် ပြည်ပသွားကြတဲ့ ခရီးသည်တွေ လေးသောင်းကျော်ပါတယ်တဲ့။ တကယ်တမ်း လူကြပ်မယ့်နေ့က ၅လပိုင်း ၂ရက်နေ့တဲ့။ ပြည်ပထွက် ခရီးသည် လေးသောင်းခုနှစ်ထောင်လောက် ရှိမယ်လို့ သတင်းရထားပါတယ်တဲ့။ ကျောင်းသားတွေတော့ သနားပါတယ်။ ဟိ ဟိ၊ ပိတ်တဲ့ကျောင်းလည်း ပိတ်ပေမယ့် မပိတ်တဲ့ကျောင်းလည်း ပိတ်ဘူးလေ။ ဘာလိုပဲပြောပြော (၁၆)ရက်မရမှာတော့ သေချာတယ်။ :z
"Golden week" ကကောင်းပေမယ့် တစ်ခုမကောင်းဘူးရှင့်။ ဘာလို့လဲဆိုတော့"Golden week" ပြီးရင် Gogatsu byou (五月病)ဖြစ်တဲ့လူတွေ များလို့ပါ။ Gogatsu byou (五月病)ဆိုတာ တိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင် ငါးလပိုင်းရောဂါပါ။ ဂျပန်မှာ ကျောင်းကော၊ အလုပ်ကော ၄လပိုင်း ၁ရက်နေ့မှာ စပါတယ်။ ဒီတော့ ကျောင်းသားသစ်တွေ၊ ဝန်ထမ်းသစ်တွေဟာ အသားမကျသေးတဲ့ နယ်ပယ်သစ်ကို ဝင်ပြီး နေသားမကျခင်မှာပဲ "Golden week"ကို ရောက်သွားပါတယ်။ ရက်ရှည်ကြီး ပိတ်ရက်ဝင်သွားတဲ့အခါ သူတို့အဖို့ ပျင်းသွားပါတော့တယ်။
ဟာ..................... နေသားကျမယ်မှ ကြံကာရှိသေး၊ "Golden week"တဲ့။ အစကနေ ပြန်စရတော့မယ်။ :cစသဖြင့် Stressတွေ ဖြစ်လာပါတယ်။ Stress တွေများပြီး Depression ဝင်လာပါတယ်။ လုပ်ချင်ကိုင်ချင်စိတ် လျော့ပါးလာပါတယ်။ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်လာပါတယ်။ နေသားမကျတဲ့ ပတ်ဝန်းကျင်မှာ စိုးရိမ်ပူပန်မှုတွေများပြီး အိပ်ရေးပျက်လာပါတယ်။ အဲလို ရောဂါအခြေအနေကို Gogatsu byou (五月病) လို့ ခေါ်ပါတယ်။ ရောဂါလို့ ပြောပေးမယ့် အဓိကက Stress ကြောင့်ဖြစ်တာမလို့ Stress မရှိအောင် နေလိုက်ရင် အဆင်ပြေသွားမှာပါ။
ပြောတာ ပြောတာပါ၊ ဂျပန်တွေကတော့ Gogatsu byou (五月病)ဖြစ်ကာမှဖြစ်ရော၊ ရှားရှားပါးပါး ရတဲ့ ရက်ရှည်နားရက်ကြီးမှာ ပြည်ပထွက်သူက ထွက်၊ ကိုယ့်အိမ်ကိုယ်ပြန်တဲ့လူက ပြန်နဲ့"Golden week" ကြီးကို ပျော်ပျော်ရွှင်ရွှင်ကြီး ကြိုဆိုနေပါတယ်။
စကားမစပ်၊ ကျမလည်း ခရီးထွက်မလားလို့ စဉ်းစားနေပါတယ်။ ပြည်ပဖြစ်မလား၊ ပြည်တွင်းဖြစ်မလားတော့ သိသေးဘူး။ :z

10 ဦး မှတ်တမ်းမှတ်ရာ ရေးပေးခဲ့ပါသည်။:
ဟင် ပျော်နေတယ်ပေါ့ ခရီးထွက်ရမယ်ဆိုတော့
ပျော်စရာ ရွှေရောင်နေ့တွေပါလား၊
ခရီးသွားပြီးရင် အတွေ့အကြုံတွေရေးပြအုံးနော်။
မိဂုရေ..
Golden week မှာ Golden days တွေဖြစ်ပါစေ..
すげー!
自分この病気なったことあります!
でもこの五月病って知らなかったっす!
4月に入社し、会社の寮に引越して4ヶ月くらい毎日寝れなかったっす。
その時のゴールデンウィークもしんどかったです。
こういう病気があるって全く知らなかったです。勉強になりました。
ပျော်ရွှင်ဖွယ် ပိတ်ရက်ကြီးပေါ့နော့် မိုက်တယ်ဗျာ.. ခရီးထွက်ရင် ပြန်လာရင် ပိုစ့်လေး တင်ပေးနော့် ပျော်ရွှင်ဖွယ် ခရီးလေး ဖြစ်ပါစေ
လေးစားလျက်
တောင်ပေါ်သား
ပျော်စရာ ကောင်းတဲ့ Golden Week ဖြစ်ပါစေ။
ပြည်ပဆို ဒီဘက်လာခဲ့ပါလား။ နေဖို့စားဖို့
မပူနဲ့ လည်တာပါတ်တာလဲ လိုက်ပို့ပေးမယ်။
လာပြီး ပြန်မလွှတ်မှာ တခုပဲ ဟစ်ဟစ်ဟစ်ဟစ်
များပြီ ကိုအိမ်အစုတ်ပလုတ်။
မလာရေးချ မလာပါ။ ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ခရီးသွားမယ် ခရီးထွက်မယ် ဆိုတဲ့ သူတွေ တော်တော်များများတွေ့နေရတယ် .... ကိုယ်ကိုယ်တိုင် ဘယ်မှ မသွားနိုင်တော့ သူများတွေ သွားတာပဲ လိုက် သွားရည်ကျနေရတော့တာပဲ .. အလည်သွားဖြစ်ရင် အမှတ်တရလေးတွေ ပြန်ပြောပြဦးနော် ...
ွGolden week မှာ ပျော်ပါစေ ညီမလေးရေ
Post a Comment