Sunday, August 3, 2008

မမ(မဝါဝါခိုင်မင်း)ရဲ့ Blog ​လေး(3)လပြည့် အတွက်


မမနဲ့ တွေ့ကြုံဆုံခဲ့ရတဲ့ အချိန်လေးက တိုတောင်းသေးပေမယ့် အစ်မမရှိတဲ့ ကျမအတွက်တော့ အစ်မအရင်း(1)ယောက်လို့ သဘောထားပါတယ်။အခုလို၊ ရေခြားမြေခြားမှာ ရှိတဲ့ အချိနှ်မှာ
မမလို အရမ်း သဘောကောင်းတဲ့ မမနဲ့ တွေ့ခဲ့တာဟာ အစ်မ (1)ယောက် ရလိုက်ရသလို ခံစားရပါတယ်။မမရဲ့ Blogလေး(3)​လပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် တည်တန့်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။မမရဲ့ Blogလေး(3)​လပြည့်အတွက် အမှတ်တရအနေနဲ့ ကိုရီးယား သွားတုံးက ရိုက်ခဲ့တဲ့ ကိုရီးယားဆင်းတုတော်(ဘွဲ့တော်မသိပါ။)လက်ဆောင်ပေးလိုက်ပါတယ်ရှင်။

အပြည့်အစုံသို့....

မေတ္တာရပ်ခံခြင်း

wesheme Blogပိုင်ရှင် ရှင့်၊ကျမရဲ့ Postကို အကိုရဲ့ blog link listမှာတင်တာဟာကျမသိတာတင် (2)ခုရှိပါတယ်။တခုက ကျမနှင့် ဂျပန်ရဲ(3) ပါ။
နောက်ခုကတော့ 長野県(NAGANO KEN)သို့ အလည်တခေါက်(4)ပါရှင်။
ကျမက blog linkကို မ Linkပေးလို့ စိတ်ဆိုးတာ မဟုတ်ပါဘူးရှင်။linkလို့လည်း စိတ်ဆိုးတာ မဟုတ်ပါဘူးရှင်။
{အခုလို Share တဲ့ နေရာမှာ အဂတိလိုက်လားဆိုတော့ လိုက်ပါတယ်ဗျာ။ ကျွန်တော် မတင်ချင်တဲ့ဟာဆို ကြိုက်ပေမယ့် မတင်ပါဘူး။}{မောင်တိန်ကတော့ ကျွန်တော့်ကို ဖြုတ်ခိုင်းလို့ ဖြုတ်လိုက်ပေမယ့် ကျွန်တော် လင့်ချင်တာဆို မပြောမဆို လင့်လိုက်တာပါပဲ။}{မောင်တိန်လို ခင်တဲ့သူကတော့ သူ့ဘလောက်ကို မလင့်ပါနဲ့ ပြောထားတာတောင် ကြိုက်လွန်းရင် လင့်လိုက်တာပဲ။ }
အဲဒီလို {ငါ့Blog မှာ ငါဟာငါ ဘာပဲလုပ်လုပ် }Linkချင် Linမယ်၊မ Linkချင်မLinkဘူးဆိုတဲ့ အယူအဆကို ကျမအနေနဲ့ လက်မခံနိုင်တာပါ။
ကျမရဲ့ Blog link (or)Post linkကို အကိုBlog ဆီကနေ လာဖတ်ကြတော့ ကျမတောင် ကျေးဇူးတင်ရအုန်းမှာ။
အရင်တခါလည်း Cboxမှာ ကျမကျေးဇူးတင်စကား လာပြောဖူးပါတယ်။အဲဒီတုန်းက ကျမက Blog linkကို တင်ပေးထားတယ်လို့ထင်ခဲ့တာပါ။
အကိုက{ဒီ Feed Roll က Queue လိုပါပဲ။ အခု ၂၀ - အခု ၃၀ ပဲ ဆန့်ပါတယ်။ နောက်က ပို့စ်တွေ တက်လာရင် အရင် လင့်ထားတဲ့ ပို့စ်တွေက ထွက်ပေးရပါတယ်။
ပြီးတော့ Published Date နဲ့ ကြီးစဉ်ငယ်လိုက် စီထားတဲ့ အတွက် နောက်မှ Published လုပ်တဲ့ Post တွေက အပေါ်ဆုံးမှာ ရှိနေပါတယ်}လို့ ပြောပါတယ်။
ကျမရဲ့ အဲဒီ ကျမနှင့် ဂျပန်ရဲ(3) Post က အကို Blogထဲမှာ (3)ရက်လောက်မပြောင်းပဲရှိနေခဲ့တာပါ။ကျမ New post တင်ပေမယ့်လည်းပေါ့။
အရင်Postကတော့ ကြာသွားပြီဆိုတော့ သေသေချာချာ သက်သေမပြနိုင်တော့ပါဘူး။ဒီတော့၊ (7/31/2008 10:52:00 PM )ကတင်တဲ့長野県(NAGANO KEN)သို့ အလည်တခေါက်(4)ကိုပဲ ဥပမာပေးပါမယ်ရှင်။
(7/31/2008 10:52:00 PM )က (長野県(NAGANO KEN)သို့ အလည်တခေါက်(4) (7/31/2008 10:52:00 PM )မှာတင်ပြီး နောက်Post (ဘယ်သူ့အပြစ်လဲ)
(8/01/2008 02:16:00 AM )ကို တင်ခဲ့ပါတယ်ရှင်။(1)ရက်ကွာပါတယ်။နာရီကတော့ သိပ်မကွာပါဘူးရှင်။အဲဒီတော့ အကိုပြောသလို နောက်မှ Published လုပ်တဲ့ Post တွေက အပေါ်ဆုံးမှာရှိတယ်ဆိုရင်
(ဘယ်သူ့အပြစ်လဲ)Post ကသာအပေါ်ဆုံးမှာ ရှိနေရမှာပါ။(တိုက်ကြည့်နိုင်ပါတယ်ရှင်။)
မနေ့က(2.8.2008) ဂျပန်နာရီည(1:15)နာရီထိ အဲဒီ 長野県(NAGANO KEN)သို့ အလည်တခေါက်(4)ပဲ အကို့Blog list(Feed Roll) မှာ မပြောင်းပဲ ရှိနေတာကတော့ ဘယ်လိုSystemကို သုံးထားပါသလဲရှင်။
အဲ့ဒီအချိန်မှာ (သူက မလင့်ရဘူးဆိုလို မလင့်တော့ပါဘူး)လို့ အကို ရေးပြီးသွားပါပြီရှင်။ကျမလည်း New posts(2)ခုတောင် ရေးပြီးသွားပါပြီရှင်။New postsတင်ပေမယ့် ဒီတိုင်းမပြောင်းပဲ ရှိနေတာဟာPost ကို link ထားတယ်လို့ ပဲ ထင်ပါတယ်။
Post linkကို link ပေးတယ်ဆိုကတည်းက အဲဒီPostအပေါ်မှာ နည်းနည်းတော့ စိတ်ဝင်စားလို့လို့ ကျမက ထင်ပါတယ်။အကိုပြောသလို
ို {တချို့ ပို့စ်တွေက ကိုယ့် ဘလောက်လေး လူစည်အောင် ထားထားတာပါ။
ဥပမာ ဟိုမင်းသားနဲ့ မင်းသမီး ခိုးပြေးတဲ့ အကြောင်းတို့ ဘာတို့ပေါ့။ နောက်ပြီး လူတွေ ဖတ်စေချင်တဲ့ ပို့စ် - ဥပမာ အခု သူ့ရဲ့ ပို့စ်လိုမျိုး }
ကျမရေးထားတဲ့ Postအပေါ်ကို ဖတ်စေချင်တဲ့ အကို့သဘောထားကို ကျေးဇူးတင်ပါတယ်။ဒါပေမယ့် ၊လူစည်ကားအောင် တင်ထားတာဆိုရင်တော့ လက်မခံနိုင်ပါဘူးရှင်။
ကျမPost ရေးတာ ပင်ပင်ပန်းပန်း ရေးထားရတာပါ။တခါတလေဆို အိပ်ချိန်ကိုဖဲ့ပြီး ရေးထားရတာပါ။နောက်ပြီး အလကားရတဲ့ Blogspotမှာ အပြင်းပြေ Postရေးခဲ့တာ မဟုတ်ပါဘူးရှင်။
ကျမရဲ့ အတွေ့အကြုံလေးတွေကို စာဖတ်သူတွေကို မျှဝေခံစားစေချင်တဲ့ အတွက်ပါ။ဂျပန် မရောက်ဖူးသေးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဂျပန်မှာ နေနေရသလိုမျိုး ခံစားနိုင်အောင် ရည်ရွယ်ပါတယ်။
အထူးသဖြင့် ဂျပန်ကိုလာမယ့်လူတွေ အတွက် ဂျပန်အကြောင်းလေးတွေ (နည်းနည်းပါးပါး) သိရင်တောင် ကျေနပ်ပါပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးနေတာပါ။
ကျမ ရဲ့ အဲလို ရည်ရွယ်ချက်ကို မသိတဲ့ အကို့ကို လည်း အပြစ်မပြောချင်တော့ပါဘူး။ဒီတော့၊အကိုဆီမှာ အဲလို{ငါ့Blog မှာ ငါဟာငါ ဘာပဲလုပ်လုပ် }စိတ်ဓာတ်ပဲ ထားနိုင်မယ်ဆိုရင်တော့
ကျမ တောင်းဆိုသလိုပဲ ကျမရဲ့ Blog link ကိုမတင်ပေးပါနဲ့ရှင်။
Blog linkတဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့ Blogger လောကမှာ ကိုယ့်မိတ်ဆွေလေးတွေရဲ့ Blog linkလေးတွေကို
ကိုယ်ရဲ့ Blogလေးမှာ ထည့်ကြတဲ့လူတွေ အများကြီးပါ။သွားလည်တတ်တဲ့နေရာလေးများဆိုပြီးတော့ ကျမလည်း ထည့်ထားပါတယ်။
ကျမ သွားလည်နေကြနေရာလေးတွေမှာ ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ပါသလို မခင်ပေမယ့် ကြိုက်နှစ်သက်လို့ သွားလည်နေတဲ့ နေရာလေးတွေလည်း ပါတာပေါ့။
ကျမလိုပဲ ကျမရဲ့ အိမ်လေးကို linkပေးထားတဲ့ Bloggerများလည်း အများကြီး တွေ့နေရလို့ ပျော်လိုက်ရတာ။
တချို့ဆို New post တင်တိုင်း ဖတ်လို့ရအောင်ဆိုပြီး New posts listတောင်

လုပ်ထားပေးသေးပါတယ်။တကယ့်ကို ကျေးဇူးတင်ပါတယ်
(တကူးတက လုပ်ပေးတဲ့ အတွက်ပါ။ကျမတောင် မလုပ်ဖြစ်သေးပါဘူး။) လို့ (အကြံပေးကြပါအုန်းနော်)Postမှာ ပြောထားပါတယ်ရှင်။

ဒါပေမယ့်၊လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို ကျမရဲ့ Blog linkကို (ကျမကို အသိပေးပေး၊မပေးပေး )ကြိုက်သလောက် Linkနိုင်ပေမယ့် ကျမရဲ့ Postကို ပဲ ရွေးပြီး Link ချင်သောသူများ ရှိလာခဲ့ပါလျှင်(Add a page Element>Blog listကနေလုပ်လို့ရတဲ့ Auto systemကနေ Blog listလုပ်ထားသော သူများကို မဆိုလိုပါ။အထင်မလွဲပဲ နားလည်ပေးစေချင်ပါတယ်။ :P )
ကျမရဲ့ကြိုးစာအားထုတ်မှုကို တန်ဖိုးထားတဲ့အနေနဲ့၊

ကျမရဲ့တောင်းဆိုချက်ကို လေးစားတဲ့အနေနဲ့ တချက်လောက် အကြောင်းကြားကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။
့


Postတွေကို တန်ဖိုးထားစေချင်သော Megumi

အကိုက Blogခေါင်းစဉ်တပ်ပြီး ပြောတဲ့အတွက် ကျမလည်း အကို့ Blog link ကို ထည့်လိုက်ရပါတယ်ရှင်။

ဆက်လက် အငြင်းမပွါးချင်တော့သော Megumi

စာဖတ်သူများကို
မေတ္တာရပ်ခံချင်တာက ကျမရဲ့ Post (2)ခုလုံးကို သေသေချာချာ ဖတ်ပြီးမှ Comment ရေးစေချင်ပါတယ်ရှင်။ကျမရဲ့ Postနဲ့ပတ်သတ်ပြီး လာရောက် ပြောကြားအကြံပေးကြသောသူများကို အထူးကျေးဇူးတင်ပါတယ်ရှင်။

အပြည့်အစုံသို့....

Friday, August 1, 2008

အကြံပေးကြပါအုန်းနော်

Blogger လောကမှာ ကိုယ့်မိတ်ဆွေလေးတွေရဲ့ Blog linkလေးတွေကို ကိုယ်ရဲ့ Blogလေးမှာ ထည့်ကြတဲ့လူတွေ အများကြီးပါ။သွားလည်တတ်တဲ့နေရာလေးများဆိုပြီးတော့ ကျမလည်း ထည့်ထားပါတယ်။ ကျမ သွားလည်နေကြနေရာလေးတွေမှာ ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ပါသလို မခင်ပေမယ့် ကြိုက်နှစ်သက်လို့ သွားလည်နေတဲ့ နေရာလေးတွေလည်း ပါတာပေါ့။
ကျမလိုပဲ ကျမရဲ့ အိမ်လေးကို linkပေးထားတဲ့ Bloggerများလည်း အများကြီး တွေ့နေရလို့ ပျော်လိုက်ရတာ။တချို့ဆို New post တင်တိုင်း ဖတ်လို့ရအောင်ဆိုပြီး New posts listတောင် လုပ်ထားပေးသေးပါတယ်။တကယ့်ကို ကျေးဇူးတင်ပါတယ်(တကူးတက လုပ်ပေးတဲ့ အတွက်ပါ။ကျမတောင် မလုပ်ဖြစ်သေးပါဘူး။)အဲလို New posts linkလေးတွေ ထည့်တယ်ဆိုတာ Add a page Element>Blog listကနေလုပ်လို့ရတဲ့ Auto system တခုပါ။New postရေးလိုက်တဲ့ Blog linkက ထိပ်ဆုံးရောက်နေတာကို အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ဒါပေမယ့်၊အဲလို Blog linkလေးတွေကို ကိုယ်ထည့်ချင်တဲ့ နေ့ကြရင် My blog listမှာထည့်ပြီး မထည့်ချင်တဲ့နေ့ကြရင် My blog listမှာမထည့်ပေးတဲ့ Blogger(1)ယောက်နဲ့ အခု ကျမကြုံတွေ့နေရပါတယ်။
နာမည်ကြီးBlogger(1)ယောက်ဖြစ်ပြီး ကျမနဲ့လည်း မခင်ပါဘူးရှင်။ကျမလည်း မသွားဘူးတဲ့ Blogပါ။
(ကျမက လေ့လာမှုအားနည်းလို့ ထင်ပါတယ်။သွားလည်ကြည့်တော့ တော်တော်ကို နာမည်ကြီးတဲ့ Blogger ဖြစ်ကြောင်း သိလိုက်ရပါတယ်။)ဟိုတခါ၊ကျမနှင့်ဂျပန်ရဲ(3)ဆိုတဲ့Post တင်တုံးက ကျမBlogစီကို သူ့Blogကနေ တဆင့်လာကြလို့ ဘယ်သူပါလည်းဆိုပြီး သွားကြည့်မှ သိခဲ့ရတဲ့Blogပါ။အဲ့ဒီတုန်းကလည်း ကျမ မသိလိုက်ရပါပဲနဲ့ သူ့Blog listမှာ ကျမရဲ့Post link က ဓာတ်ပုံလေးနဲ့တကွ ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။အဲဒါနဲ့ သူ့Blog listမှာ ကျမရဲ့Blog link ကိုထည့်ထားပေးလို့ ကျေးဇူးတင်ပါတယ်လို့တောင် သွားပြောလိုက်သေးတယ်သိလား။(ကျမကBlog linkနဲ့ Post linkကို မှားပြီးတော့ ထင်ခဲ့တာပါ။)အဲ့ဒါနဲ့၊နောက်နေ့တွေ သူ့ Blogကို ရောက်ဖြစ်တော့ ကျမရဲ့ Blog link ကရှိမနေတော့ပါ။New post တင်ထားရက်နဲ့ သူ့Blog listမှာမရှိတော့ တမျိုးပါလားဆိုပြီး ဖြစ်သွားတာပေါ့။နောက်နေ့ သွားလည်လို့ ကျမရဲ့ Blog linkလေးကို ရှာကြည့်တော့လည်း မရှိ၊ထူးဆန်းလိုက်တာဆိုပြီး နေ့တိုင်းတောင် အဲ့ဒီ Blogကို သွားကြည့်ဖြစ်သေးတယ်။နောက်တော့ မိတ်ဆွေတွေကို လိုက်မေးကြည့်တော့မှ
သူက သူထည့်ချင်တဲ့Post လေးတွေကို သူ့Blog listမှာ ထည့်တာပါတဲ့။ပိုင်ရှင်ကိုလည်း အဲဒီ Post link ကိုထည့်လိုက်မယ်လို့ အသိပေးလေ့မရှိပါဘူးတဲ့။သူ့Blog listမှာ သူထည့်ချင်တဲ့ linkထည့်မယ်ဆိုတဲ့ သဘောပေါ့။Blog link မဟုတ်ပါဘူးရှင်။Post ရဲ့ Linkကိုပါ။Blog Linkကို ထည့်တဲ့လူတွေကတော့ Blogလောကမှာ ဒီလိုပဲ ပြောပြီး ထည့်တာလည်းရှိတယ်၊မပြောပဲ ထည့်ထားတာလည်းရှိတော့ အပြစ်ရယ်လို့ မဆိုနိုင်ပါဘူးရှင်။အခုဟာကPost link ပါ။(သူတပါးပင်ပင်ပန်းပန်း )ရေးထားတာလေးကို {ကောင်းလို့ကျွန်တော်Blog linkထဲမှာ Linkထားတယ်ဗျာ }လို့ တင်ပြီးမှ တစ်ခွန်းတလေလေး ပြောရင်တောင် ရပါပြီရှင်။ဘယ်Post ပိုင်ရှင်မဆို ကျေနပ်ကြမှာပါ။ငါ့Blog ကိုကြေငြာပေးတာပဲဆိုပြီး ကျေးဇူးလည်း တင်ကြမှာပါ။ဒါပေမယ့်၊အခုဟာက ရေးထားတဲ့လူရဲ့ ပေးလိုက်ရတဲ့ အချိန်၊စဉ်းစားတွေးတောမှုကနေ​ရလာတဲ့ ကိုယ်ပိုင်ရေး Postလေးကို ဘာတစ်ခုမှ (ချီးမွန်းစကားပဲဖြစ်ဖြစ်၊ကဲ့ရဲ့စကားပဲဖြစ်ဖြစ်)မပြောပဲနဲ့ သူ့Blog listမှာ ထည့်ချင်တဲ့အချိန် ထည့်၊မထည့်ချင်ရင်ပြန်ဖြတ် လုပ်နေတာဟာ {ငါ့Blog မှာ ငါဟာငါ ဘာပဲလုပ်လုပ် }ဆိုတဲ့ သဘောရောက်မနေဘူးလားရှင်။အဲ့လိုမျိုး လုပ်တာဟာ Post ပိုင်ရှင်ကို အလေးမထားရာရောက်မနေဘူးလားရှင်။ဒီလိုပဲ သူလုပ်ချင်တာလုပ်နေတာကို လက်ပိုက်
ကြည့်နေရမှာလားရှင်။အကြံပေးကြပါအုန်းနော်။(သူလို့ နာမ်စားသုံးလို့ ရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါရှင်။)

အပြည့်အစုံသို့....

ဘယ်သူ့အပြစ်လဲ။

ငယ်ရွယ်စဉ်က အမြဲတမ်း အပြစ်ပြောခံရတဲ့ ကလေးဟာ
အရွယ်ရောက်လာတဲ့အခါမှာ သူတပါးကိုအကောင်းမမြင်တတ်တော့တာ ဘယ်သူ့အပြစ်လဲ။
ငယ်ရွယ်စဉ်က အမြဲတမ်း အနိုင်ကျင့်ခံရတဲ့ ကလေးဟာ
အရွယ်ရောက်လာတဲ့အခါမှာ သူတပါးကိုအနိုင်ကျင့်တတ်လာတော့တာ ဘယ်သူ့အပြစ်လဲ။
ငယ်ရွယ်စဉ်က အမြဲတမ်း အချစ်မခံရတဲ့ ကလေးဟာ
အရွယ်ရောက်လာတဲ့အခါမှာ သူတပါးကိုမချစ်တတ်တော့တာ ဘယ်သူ့အပြစ်လဲ။
ငယ်ရွယ်စဉ်က အမြဲတမ်း ဦးစားပေးမခံရတဲ့ ကလေးဟာ
တကိုယ်ကောင်းဆန်လာတတ်တော့တာ ဘယ်သူ့အပြစ်လဲ။

အပြည့်အစုံသို့....

 

Design By:
SkinCorner